Thursday, April 23, 2009

ဆရာလူထုစိန်ဝင်း၏ `နန္ဒောပနန္ဒ နဂါး ချွတ်တော်မူပုံ´ ဆောင်းပါး

ဟိန်းမြတ်ဇော်နှင့် ဌေးအောင် စီစဉ်သည့် (၂၀၀၉၊ မတ်လ၊ ပထမအကြိမ်၊ ချိုတေးသံစာပေတိုက်ထုတ်) `မေတ္တာ၊ ကရုဏာ၊ မုဒိတာ´ ရသခံစားမှု ဆောင်းပါးများ စုစည်းမှု စာအုပ်တွင် စာအုပ်မိတ်ဆက်အမှာ အနေဖြင့် ဖော်ပြထားသော ဆရာလူထုစိန်ဝင်း၏ `နန္ဒောပနန္ဒ နဂါး ချွတ်တော်မူပုံ´ ဆောင်းပါးကို ဖော်ပြပေးလိုက်ပါသည်။

`နဂါးနိုင်လက်နက်သုံးဖို့လို´

ဗုဒ္ဓဘုရားရှင်ဆိုတာ မေတ္တာအရှင်၊ ကရုဏာသခင် ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်း ဘုရားရှင်ရဲ့ တရားကို ဦးထိပ်ပန်ဆင်ပြီး မေတ္တာတရားကို လက်ကိုင်ထားပွားများကြပါတယ်။ ဒါပေမယ်လို့ မေတ္တာတရားကို နားမလည်တဲ့ နန္ဒောပနန္ဒနဂါးမင်းလို အရိုင်းအစိုင်းကို ရင်ဆိုင်တဲ့အခါကျတော့ ဗုဒ္ဓဘုရားသခင်ပင်လျှင် နဂါးနားလည်တဲ့ ဘာသာစကားဖြစ်တဲ့ တန်ခိုးစွမ်းအားကို သူ့ထက်အဆပေါင်းများစွာ သာလွန်ကြောင်း ပြသမာန်စွယ်ကျိုးစေပြီးမှ တရားပြ ချွတ်တော်မူခဲ့တာ ဖြစ်ပါတယ်။

လူထုစိန်ဝင်း

(စစ်အဆိုးရလွှမ်းမိုးမှု ပြုတ်ကျရေး တော်လှန်ရေးအတွက် အကြံဥာဏ်ကောင်းရရှိတဲ့အတွက် ဆရာလူထုစိန်ဝင်းအား အထူးအလေးပြုအပ်ပါသည်။)
Loving-kindness, Sympathy, Pleasure in the richness of others
Loving-kindness, Sympathy, Pleasure in the richness of others bigbbrown LuDu Sein Win's article


http://bigbbrown.blogspot.com/ မှ မျှဝေတာပါ. ကျေးဇူးပါ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်