Wednesday, April 22, 2009

သူတို့ပြောတာအမှန်တွေ မယုံနဲ့ ငါလိမ်ပြောတာကြယုံ

ပြည်ပအသံလွှင်ဌာနတွေကို နားမထောင်ဖို့ တပ်တွင်း ညွှန်ကြားချက်ထုတ်

RFA

စစ်အစိုးရရဲ့ စီးပွားရေး နိုင်ငံရေး အကြောင်းတွေကို ဝေဖန်နေတဲ့ ပြည်ပ အခြေစိုက် အလွှင့်ဌာနတွေကို နားမထောင်ကြဖို့ မြန်မာစစ်တပ်အတွင်း ပြီးခဲ့တဲ့ ဧပြီလ ၂ဝ ရက်နေ့ကစပြီး ညွှန်ကြားချက်ထုပ်ပြန်ထားတယ်လို့သိရပါတယ်။
မြန်မာဘာသာနဲ့ ထုတ်လွှင့်နေတဲ့ ပြည်ပ အသံလွင့် သတင်းဌာနတွေအနေနဲ့ တပ်မတော်အစိုးရအပေါ် စီးပွားရေး၊ နိုင်ငံရေး၊

လူမှု့ရေး စတဲ့ အကြောင်းတွေကို ဝေဖန်ပြောဆို ထုတ်လွင့်နေကြောင်း၊ ဒါကြောင်း သက်ဆိုင်ရာတပ်ရင်း တပ်ဖွဲ့တွေအားလုံးနဲ့ မိသားစုဝင်တွေအားလုံး ပြည်ပ အသံလွှင့်အစီအစဉ်တွေကို လုံးဝ နားထောင်ခြင်းမပြုဖို့ ညွှန်ကြားထားပါတယ်။
အခုလို နိုင်ငံတကာ အခြေစိုက် မြန်မာအသံလွှင့် အသံလွှင့် ဌာနတွေကို ပိတ်ပင်တာနဲ့ပါတ်သက်ပြီးးစစ်ရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်ဇော က အုလိုမှတ်ချက်ပေးပါတယ်။
ဦးအောင်ကျော်ဇော။ ။ အကြောက်ဆုံးအရာကတော့ သူ့တို့ရဲ့ တပ်ထု ပြိုမှာကို ကြောက်တာဘဲ။ ဒါကြောင့်မို့ တပ်ကို အမျိုးမျိုး လည့်ပါတ်ပြီးတပ်လုပ်ငန်းတွေကို လုပ်ခဲ့တာ ဒါပေမဲ့သူမနိုင်ဘူးလေ။ ဒီလောက်များတဲ့ တပ်ကြီးလုပ်ထားတဲ့တပ်မှာ အောက်က တပ်ကလဲးလုံးဝကို မစားနိုင်ဘူး။ တပ်အောက်ခြေတော်တော်များများက ငတ်ကြတယ်။ မကျေနပ်တဲ့လူတွေကတော့ အနည်းနဲကအများတော့ ရှိတယ်။ အဲ့ဒီအချိန်မှာ သူတို့ဒီဟာတွေကို ကြားတဲ့အခါမှာလဲ ပိုပြီလှုပ်လှုပ်ရှားရှားဖြစ်လာတယ်။ ဒါကြောင့်မို့ တချို့ပွင့်ပွင့် လင်းလင်းပြောလာတယ်။ အဓိက ကတော့ အဲ့ဒီဂရက် က ကြီးတယ်ဆိုတာအမှန်ဘဲ။
မြန်မာစစ်အစိုးရ အခုလိုညွှန်ကြားထားတဲ့အချက်မှာ အခုလို ပိတ်ပင်တာကို အောက်ခြေ အဆင့်အဆင့် လိုက်နာအောင် တာဝန်ရှိသူတွေက ကြပ်မတ်လုပ်ဆောင်ဖို့ ညွှန်ကြားထားပြီး ပြည်ပ အသံလွင့်ဌာနတွေရဲ့ ထုတ်လွင့်ချက်တွေဟာ မမှန်ကန်တဲ့အကြောင်း တာဝန်ရှိသူတွေက အမြဲမပြတ်ရှင်းလင်း ပြောပြဖို့လဲ ညွန်ကြားထားပါတယ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်