Friday, April 24, 2009

ဂြိုဟ်တုစလောင်းများကို ပိတ်ပင်သင့်ကြောင်း မြန်မာသတင်းစာ ပြော

ကိုကြီးဆိုတဲ့ကောင်ရေ မဟုတ်မမှန်သတင်းလွှင်နေရင် တရားစွဲလို့ရတယ်လေ ဒီလောက်တောင် ဗဟုသုတ နည်းရလား။ ဒါနဲ့များ ဆောင်းပါးရေးနေသေးတယ်။ ဧရာဝတီ သတင်းဌာနကို ဦးကျော်မြင့် တရားစွဲတာ သက်သေဘဲ ဘာမှ မဆိုင်တဲ့ စလောင်း ပိတ်သင့်တယ်လို့ ပထွေးတွေကို ဖားပြီးရေးမနေနဲ့။

alt

ဂြိုဟ်တုစလောင်းကို တပ်ဆင် ချိန်တွယ်နေသည့် ရန်ကုန်သား တဦး © Lup Keen Ng

ဧပြီလ (၂၄) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် မြန်မာ စစ် အစိုးရ အနေ နှင့် ပြည်သူလူထု အသုံးပြု နေသော ဂြိုဟ်တု စလောင်းများ ကို တားမြစ် ပိတ်ပင်သင့် သည်ဟု ရေးသား ထားခဲ့ကြောင်း သိရှိရသည်။

ထို စလောင်းများဖြင့် ပြည်သူလူထု အတွက် နိုင်ငံတကာ သတင်းများ နှင့် ဖျော်ဖြေရေး အစီအစဉ်များ ကြည့်ရှု နိုင်မည် ဖြစ်သော်လည်း ကိုကြီး ဟု ကလောင် အမည်ခံ ထားသော စာရေးဆရာ က ဆောင်းပါး တပုဒ် ရေးသားပြီး ဂြိုဟ်တု စလောင်းများ အား တားမြစ် သင့်ကြောင်း ရေးသား ခဲ့သည်။ ၎င်း၏ အဆိုအရ မြန်မာပြည်သူများ အနေနှင့် ဂြိုဟ်တု စလောင်းများကို ကြည့်ရှုကာ မြန်မာ စစ် အစိုးရအား အတိုက်အခံပြု နေသည့် နိုင်ငံခြား သတင်းဌာနများ ၏ လွှမ်းမိုးမှု နှင့် ကြုံတွေ့ရနိုင်သည် ဟု ပါရှိ နေခဲ့သည်။ ၎င်းက နိုင်ငံကြီးများ သည် မြန်မာ ပြည်သူများ အား အစိုးရ နှင့် နားလည်မှု လွဲမှားစေရန် ဂြိုဟ်တု စလောင်းများ ကို မီဒီယာ လက်နက်အဖြစ် အသုံးချ နေသည်ဟု စွပ်စွဲ ခဲ့သည်။

မြန်မာ စစ်အစိုးရ သည် ပြည်သူများ အသိဥာဏ် ဖွံ့ဖြိုးတိုးတက်စေမည့် ဂြိုဟ်တု စလောင်းများ ကို ဖယ်ရှား ပစ်ရန် ယမန်နှစ် ကလည်း ကြိုးစားခဲ့ပြီး စလောင်းများ ၏ တစ်နှစ် လိုင်စင်ကြေးကို ကျပ် (၆၀၀၀) မှ သာမန် လူလတ်တန်းစား မိသားစုများ တတ်နိုင်ဖွယ် မရှိသည့် ကျပ်(၁၀) သိန်းသို့ တိုးမြှင့် ခဲ့ကြောင်း သတင်း ရရှိသည်။


http://www.peoplemediavoice.com/inside-burma/myanmar-junta-threatened-by-satellite-tv.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်