Wednesday, April 22, 2009

စည်းကမ်းဆိုတာ စာရွက်ပေါ်တင်ဘဲ..ဘဘတို့ လည်း ကြည့်ချင်တယ်လေ..နေပစေ ရတယ်

ဗိုလ်ချုပ်များက မြန်မာ့ယဉ်ကျေးမှုဟုပြောနေသော်လည်း အမျိုးသမီးငယ်များ၏ ရင်သားဖေါ် ပေါင်လည် ပိုင်းထိရောက် ဖက်ရှင်များရန်ကုန် တွင်ခေတ်စားလာ(ဆောင်းပါး)March 4, 2009 · No Comments

Freedom News Group မှတင်ဆက်သည်

မြန်မာအမျိုးသမီးငယ်တို့ ၏ ပြောင်းလဲသွားသော ဖက်ရှင်ရေစီးကြောင်း
ရန်ကုန်မိန်းကလေးငယ်တစ်ဦး၏ဖက်ရှင်ကို ဝေဇယန္တာ ရှေ့ပင်းမောရှေ့ တွင်တွေ့ ရစဉ်

ခေတ်စားလာသည့်ဖက်ရှင်စတိုင်များ
ရာသီဥတု ပူလွန်းသည့် အပြင် လုပ်ကိုင်ရအဆင်ပြေရန်အတွက်ရန်ကုန်မြို့နေ အမျိုးသမီးအများဆုမှ ၂၀၀၈ ခုနှစ်ကုန်ပိုင်းမှစ၍ ခန္ဓာ ကိုယ် အပေါ်ပိုင်းတွင် ရင်သားဖေါ်ဝတ်ဆင်မှုများ အ၀တ်များလာခဲ့ပြီးအောက်ပိုင်းတွင် ပေါင်လည်မရှိတရှိဘောင်းဘီတို သို့ မဟုတ် စကတ် များဝတ်ဆင်မှုပိုမိုများပြားလာခဲ့ကြောင်းသိရသည်။

လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးအများစုမှာ လုပ်ငန်းမှတူညီဝတ်စုံများဝတ်လေ့ရှိကြသော်လည်း အချို့ လွတ်လပ်စွာ ၀တ်ခွင့် ရသည့်ကုမ္ပဏီများတွင် မူ အမျိုးသမီးငယ်များကထိုသို့ သောဝတ်စားဆင်ယင်မှုများကို နေ့ တဓူဝ ၀တ်ဆင်မှုများ ရှိလာသည် ဟုသိရသည်။

၂၀၀၈ ခုနှစ် ဆန်းပိုင်းမှစ၍မြန်မာအမျိုးသမီး ငယ်များ၏ ဖက်ရှင်မှာ၎င်းတို့ကြားတွင် ရေပန်းစားနေသော ဆက်စီ (Sexy) ခေါ် စွဲမက်ဖွယ်ရာခန္ဓာ ကိုယ်အလှကိုဖေါ်၍ ၀တ်စားဆင်ယင်မှုများရှိလာခဲ့သည်။

လွန်ခဲ့ သည့်နှစ်နှစ်က ရန်ကုန်မြို့ လမ်းမများပေါ်တွင် အလွန်ဆုံးဒူးလောက်ရှိသည့် စကတ်များကိုသာဝတ်စာဆင်ယဉ်သည့် အမျိုး သမီးငယ်များကို တွေ့ ရသော်လည်း ၂၀၀၈ခုနှစ်မှစ၍ ပေါင်လည်လောက်ရောက်သောဘောင်းဘီတို စကတ်တိုများဝတ်ဆင်ထား သောအမျိုး သမီးငယ်များကိုတွေ့ လာရသည်။

ထို သို့ မြင်သာသောဖက်ရှင်အပြောင်းအလဲ နှင့်ပတ်သက်၍ နာမည်ကျော်ဟာသစာရေးဆရာတစ်ဦးက “အရင်က ဒီလိုဖက်ရှင်တွေကို ညကလပ်တွေမှာပဲတွေ့ ရတာလေ အခုတော့ စမ်းချောင်း တို့ ကျောက်မြောင်းတို့ဘက်မှာမမြင်ချင်မှအဆုံးပဲ ”ဟု သူက Freedom News Groupသို့ ပြောသည်။

၂၀၀၆ ခုနှစ်လောက်က အမျိုးသမီးအ၀တ်အထည်များရောင်းချသောဖက်ရှင်ဆိုင်များတွင်ဘောင်းဘီရှည် နှင့် ဒူးဖုံးစကတ် အများစု သာ ရောင်းချရသော်လည်း ၂၀၀၈ ခုနှစ်မှစ၍ မိန်းကလေးအများစုမှာ ရှစ်လက်မခန့် လောက်သာရှိသည့်ဘောင်းဘီတို များနှင့် ရင်သား ပေါ်ဖက်ရှင်အများစုကို ပိုမို ၀ယ်ယူလာခဲ့သည်ဟု ရန်ကုန်မြို့ ယောက်လမ်းတွင် ဖွင့်လှစ်ထားသည့်အမျိုး သမီး ၀တ် ဖက်ရှင်ဆိုင် တစ်ခုမှ ပြောသည်။

ထို သို့  အမျိုးသမီးငယ်များ၏၀တ်စားဆင်ယင်မှုပုံစံပြောင်းခြင်းသည် နိုင်ငံတကာဖက်ရှင်စတိုင်များကို လိုက်လံ အတုယူခြင်းလည်း ဖြစ်သလို နိင်ငံခြာတိုင်းပြည်များတွင် သွားရောက်အလုပ်လုပ်ကိုင်နေသောမိန်ကလေးများရန်ကုန်သို့ ပြန်အလာတွင် ၎င်းတို့ ဝတ်ဆင် သောဖက်ရှင်စတိုင်များကို လိုက်လံအတုခိုးရာမှ လည်းထိုသို့ ဖက်ရှင်ရေစီးကြောင်းကပြောင်းလဲသွားခြင်းဖြစ်သည်ဟုသုံးသပ်ကြသည်။

ခန္တာကိုယ်အလှကိုဖော်ကျူးသော ဖက်ရှင်စတိုင်များကိုဝတ်လာခြင်းကြောင့်အန္တရာယ်ကိုဖိတ်ခေါ်နေသလိုဖြစ်မနေဘူးလားဟု ထိုဖက်ရှင် စတိုင်ကိုနှစ်ကြိုက်သောအမျိုးသမီးငယ်လေးတဦးအားမေးကြည့်ရာ “မဖြစ်ပါဘူး။လုံလုံခြုံခြုံဝတ်လဲ တဏှာထတဲ့ လူကထတာပါဘဲ။ ကား ပေါ်တွေမှာကြည့်ပါလား။မမြင်ရလေ သူတို့ကပိုကြည့်ချင်လေဘဲ။ခပ်ရိုင်းရိုင်းပြောရရင် ထမီကမှ အလွယ်တကူဆွဲချွတ်ရင်ကျွတ်သေး တယ်။ဘောင်းဘီတိုတွေကပေါင်လုံးကလွဲလို့ဘာမှပိုမမြင်ပါဘူး။အလွယ်တကူလဲချွတ်လို့မရဘူးလေ။အရှက်လုံရင်ပြီးတာဘဲ။တချို့မိန်းကလေး တွေကြုံဖူးတယ်။ကားပေါ်အတက်မှာ ထမီစတက်နင်းမိလို့ ကွင်းလုံးကျွတ်ကျတာ၊ အဲဒါကမှပိုဆိုးတယ်”ဟု သူမကပြောသည်။

နာမည်ကျော်လူငယ်စာရေးဆရာမတဦးကလည်း အမျိုးသမီးငယ်တို့၏ ဖက်ရှင်ရေစီးကြောင်းပြောင်းလဲမှုနှင့်ပက်သက်၍ သူ့ အမြင် ကို “ကျမတို့ခောတ်တုန်းကလည်း ထမီအရှည်ခေတ်ကနေ အတိုခေတ်၊ ထမီခေတ်ကနေ စကတ်ခေတ်၊စကတ်ကနေ ဘောင်းဘီခေတ်၊ စကတ်ထမီခေတ်အပြောင်းမှာလဲ ဒီလိုဘဲတချို့ကပြောကြတယ်။ ရိုင်းတယ်ပေါ့အ၀တ်အစားဝတ်တာ၊မြှူဆွယ်နေတာနဲ့ တူတယ်။ လျှပ်ပေါ်လော်လီတယ်လို့အစုံကိုပြောကြတာ။ဒါပေမယ့်နောက်ပိုင်းကျတော့ ဒါတွေကလဲ အခုဆိုသမိုင်းထဲမှာကျန်ခဲ့တာပဲ” ဟုပြောသည်။

ရန်ကုန်မြို့ရှိ ဒဂုန်စင်တာ၊ ဘလေဇွန် စသည့် အမျိုးသမီးငယ်များ လာရောက်ကြသောရှော့ပင်းစင်တာများတွင် ရင်သားပေါ်နှင့် ပေါင်တို ဖက်ရှင်များကို မမြင်ချင်မှအဆုံးတွေ့ ရလေ့ရှိသည်။

မိန်းကလေးငယ်များ၏ ထိုသို့ဝတ်စားဆင်ယင်မှုများမှာ ထိုင်းနိုင်ငံမှတင်သွင်းသောအမျိုးသမီးအ၀တ်အစားများကို လူကြိုက်များ လာခြင်း ကြောင့်လည်းဖြစ်သည်။ ရန်ကုန်မြို့နေလူတန်းစားများမှာထိုသို့ဝတ်စားဆင်ယင်မှုကို အထူးအဆန်းအနေဖြင့်မရှုမြင်ကြသော်လည်း နယ်မှရောက်လာသူအချို့ကမူ အထူးအဆန်းသဖွယ်ဖြစ်နေကြသည်။

မြန်မာစစ်ဗိုလ်ချုပ်များက မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုနှင့်ပက်သက်၍တဆာဆာကြွေးကြော်နေကြသော်လည်း ထိုဖက်ရှင်များမှာ ပိုက်ဆံချမ်းသာသောကြေးရတက်ဗိုလ်ချုပ်သားသမီးများကသာဦးဆောင်၍စတင်ဝတ်ဆင်ကြခြင်းဖြစ်သည်။

ယနေ့ဖက်ရှင်ရေစီးကြောင်းနှင့်ပက်သက်၍ရန်ကုန်အခြေစိုက်အလှအပရေးရာမဂ္ဂဇင်းတခုမှ အမျိုးသမီးအယ်ဒီတာတဦးက“ နိုင်ငံရေး ရေစီးကြောင်းသာမပြောင်းတာလေ။ဖက်ရှင်ရေစီးကြောင်းကတော့ပြောင်းသွားပြီ”ဟုသုံးသပ်ပြောဆိုခဲ့သည်။
http://longwalktofreedom.wordpress.com မှ/

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်