ရုရှားနိုင်ငံတွင် အဆုတ်ကင်ဆာ လူနာတစ်ဦးအား ခွဲစိတ်ကုသရာတွင် အဆိုပါလူနာ၏ အဆုတ်အတွင်း ထင်းရှုးပင်ငယ်တစ်ပင် ပေါက်နေသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရကြောင်း သိရသည်။ အသက်(၂၈)နှစ်အရွယ် အတ်ယွမ်ဆီဒေါ်ကင်ဆိုသည့် အမျိုးသားတစ်ဦးသည် ဝမ်းဗိုက်ပိုင်းတွင် နာကျင်မှုဝေဒနာ ဆိုးရွားစွာခံစားရသဖြင့် ဆရာဝန်ထံ သွားရောက်ကုသမှု ခံယူခဲ့သည်။ သက်ဆိုင်ရာ ဆရာဝန်များက ဓာတ်မှန်ရိုက် စစ်ဆေးပြီးနောက် အဆုတ်တွင် ကင်ဆာကြိတ်ဖြစ်နေသည်ဟု ကောက်ချက်ချခဲ့ကြသည်။
(ဆီဒေါ်ကင်နှင့် ၎င်း၏အဆုတ်တွင်းရှိ ထင်းရှုးပင်)
ထို့နောက် လူနာအားခွဲစိတ်၍ အသားစနမူနာယူရန် ပြင်ဆင်ရာမှ အကြိတ်တစ်ခု မဟုတ်ဘဲ ထင်းရှုးပင်ဖြစ်နေကြောင်း ထိတ်လန့်တကြား မြင်တွေ့ခဲ့ကြသည်။ အဆိုပါ ထင်းရှုးပင်ငယ်မှာ အဆုတ်ထဲတွင် (၅)စင်တီမီတာအထိ ကြီးထွားနေပြီဟု ဆိုသည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ဆရာဝန်များက ဆီဒေါ်ကင်သည် ထင်းရှုးစေ့ကို အမှတ်မထင် မြိုချမိရာမှ အသက်ရှုလမ်းကြောင်းမှတဆင့် အဆုတ်တွင်း ရောက်ရှိသွားကာ ယခုကဲ့သို့ အပင်ပေါက်လာခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။ ဆီဒေါ်ကင်၏ အဆုတ်မှ အစိတ်အပိုင်းများကို ခွဲစိတ်ဖယ်ရှားပြီးနောက် ၎င်းမှာ ကျန်းမာရေးကောင်းမွန်ကြောင်း ဆရာဝန်များက ပြောကြားသည်ဟု သိရသည်။
http://www.planet.com.mm/news/read.cfm/id/12310
Rest of your post
No comments:
Post a Comment