Tuesday, April 21, 2009

နေပြည်တော် ကြပ်ပြေးကြက်ခြင်းထဲက ကြက်ဘယ်အတက်နဲ့ ခွပ်ပြီး ဘယ်ရက်မှတွန်ကြမှာလဲ။

(နေပြည်တော်ဆောင်ပါး)
ဧပြီလ(၂၀) ရက်၊ ၂၀၀၉

လွန်ခဲ့တဲ့ (၇) နှစ်လောက်က ကြပ်ပြေးဒေသက ကြံစိုက်ပျိုးခဲ့တဲ့ ဧက (၁) ထောင်ဆိုတဲ့ နေရာဒေသရဲ့ ပတ်ပတ်လည်မှာ ၀န်ထမ်းအဆောင်တွေ စဆောက်လုပ်ခဲ့တာကို ထိုစဉ်က အများပြည်သူတွေ သိပ်မသိခဲ့ကြသလို အောက်ခြေက ထားရာနေစေရာသွားရတဲ့ ကျန်ဝန်ထမ်းတွေကလည်း ဂဃနဏ မသိခဲ့ကြ။

ဒီနေရာတွေကို ကျုပ်တို့ သွားရတော့မယ်ဆိုတဲ့ သတင်းသဲ့သဲ့ လေးကြားခဲ့ပြီး ပိာုပြော ဒီပြောနဲ့ ကြားခဲ့ရတဲ့ ကောလာပာလတွေ နဲ့ပဲ အချိန်ကုန်ရင်း ၂၀၀၅ ခုနှစ်အတွင်း ချဉ်းနင်းဝင် ရောက်လာ တော့ ကျုပ်တို့ ၀န်ထမ်းတွေအားလုံး တယောက်မကျန်

စစ်ထောက်ချုပ်ရုံးက မော်တော်ယာဉ်တန်းနဲ့ အကြောင်းမရှာဘဲ နောက်ဆုံးပြောင်းလာခဲ့ကြရတာ၂၀၀၇ ခုနှစ်လယ်အထိပဲ။ မူလလစာ သုံးလေးထောင်ကနေ သုံးလေးသောင်းကျော် တိုးထားတာကလည်း မကြာသေးတော့ ဒင်းတို့ရဲ့ အဓမ္မအကြံနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့ကြရတယ်။

အဲဒီနောက်မှာတော့ ကျုပ်တို့ဝန်ထမ်းတွေ အများစုရဲ့ဘ၀က သူတို့လက်ခုပ်ထဲက ရေလိုဖြစ်အောင် ဌာနတွေအလိုက် ၀န်မင်းကြီးအမျိုးစုံစုံက နည်းလမ်းအဖုံဖုံသုံးပြီး ခြိမ်းခြောက်အုပ်ချုပ်နည်းတသွယ်၊ အလုပ်မပာုတ်တဲ့ အလုပ်တွေ နေ့မီးညမီး ထိန်ထိန်ညီးနဲ့ ဒင်းတို့ နားလည်အောင်ရှင်းပြဖို့ လုပ်ရတဲ့ အလုပ်တွေနဲ့ ရှုပ်အောင်လုပ်ထားတာကတမျိုး၊ ၀န်ပိပြီးအနားမရအောင် တမင်ဖန်တီးခိုင်းထားတဲ့ အလုပ်တွေနဲ့ မအိပ်ရ၊ မနားရ၊ မအားရအောင် ခိုင်းထားတဲ့နည်းနဲ့တဖုံ၊ စတဲ့ညစ်နည်းမျိုးစုံသုံးထားလို့ ဒီကြပ်ပြေးအကျဉ်းထောင်လို အထားခံရတဲ့ ရုံးဝန်ထမ်းတွေရဲ့ဘ၀။

အတိတ်က ဇာတ်လမ်းကို ပြန်ပြောင်းပြီး မှန်ပြောင်းထိုးကြည့်ရင် မြင်ရမှာက ၁၉၇၄ အလုပ်သမား အရေးအခင်း ကာလ၊ ဒီအရေးအခင်း ဘာကြောင့် ဖြစ်ခဲ့ရသလဲဆိုတဲ့အမေးကို အဖြေရှာတဲ့အခါ ထိုစဉ်က စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာအရ၊ အရပ်ဘက်မှာ အုပ်ချုပ်ရေးအားနည်းညံ့ဖျင်းလို့ အရေးအခင်း ဒီလိုဖြစ်ရတာဆိုတဲ့ အချက်နဲ့ မင်းတို့ကို စိတ်မချတော့ဘူး။ ငါတို့ကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်နိုင်တဲ့ မြှောက်ထိုးပင့်ကော်တွေ လို့ စွပ်စွဲရှာဖွေဖော်ထုတ် အလုပ်တွေဖြုတ်ခဲ့၊ ထောင်ချခဲ့။ အာဏာစက်ပြင်းပြင်း ချက်ချင်းသက်ရောက်အောင် အစီအမံတွေနဲ့ ဒလစပ်ချမှတ်ခဲ့တာ။

ဤအကြောင်းအချက်များကြောင့်၊ နယ်ဘက်ရုံးဌာနတွေ၊ စက်ရုံအလုပ်ရုံတွေရဲ့ အုပ်ချုပ်ရေးဘက်တွေကို ဒင်းတို့ လက်နက်ကိုင်အဖွဲ့အစည်းကနေ ဘာညာမဆိုင် ကင်ပေတိုင်လို အုပ်ချုပ်ဖို့ တပ်ထဲမှာ အနေကြာလို့ မေဂျာဆိုတဲ့သူ (၄၀) ကျော်ကို အရပ်ဘက်ပြောင်း၊ လက်ခမောင်း စခတ်ပြီး အုပ်ချုပ်ခဲ့ပေမယ့် (၈၈) မှာ ကျုပ်တို့က လက်မခံတော့ ဘူးဆိုတာ ကမ္ဘာမှာသက်သေထူပြခဲ့ပြီးပြီ။ (၈၈) မှာလို ၀န်ထမ်းတွေပါတဲ့ ဇာတ်လမ်း၊ နောက်ထပ်တစခန်း မထစေရဘူးလို့ သွားလေသူ ပထမဆုံး အက်စ်ဝမ်းဆိုတဲ့လူက ကျုပ်တို့ကို အတိအလင်းကြေညာသွားတာ ခံရဖူးတယ်။

(၈၈) မှာ ၀န်ထမ်းတွေက စက်ရုံတွေ၊ ရုံးဌာနတွေ၊ လမ်းတွေပိတ်၊ ရပ်ဆိုင်းသွားစေခဲ့ပေမယ့် ရုံးပြန်မတက်ရင် အလုပ်ဖြုတ်မယ်ဆိုတဲ့ ရာဇသံကြောင့် ၀န်ထမ်းတွေ အလုပ်ပြန်ဆင်းခဲ့လို့ ဒင်းတို့ရဲ့ အုပ်ချုပ်ရေး ယန္တရား ပြန်လည်ပတ်ခဲ့တယ်ဆိုတာ ဒင်းတို့ ကောင်းကောင်းမှတ်ယူခဲ့တာ အခုထိပါပဲ။

ဒီလိုမှတ်ယူခဲ့တာမို့ လှိုဏ်ခေါင်းတွေထဲက တာလီဘန်တွေ ပြေးစရာမြေမရှိတော့တဲ့ ဇာတ်လမ်း၊ ကမ္ဘာဇာတ်ခုံပေါ် မှာ မြင်တွေ့လာရတော့ ဒင်းတို့ ကြပ်ပြေးကိုကြိုပြေးခဲ့ပြီ။ သည့်နောက်မှာ ဒင်းတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားလည်ပတ် ဖို့နဲ့ ရန်ကုန်ကလူထုနဲ့ ခွဲအုပ်ချုပ်ဖို့ ကျုပ်တို့ကို ရန်ကုန်ကနေ ကြပ်ပြေးကို အပါခေါ်ခဲ့တာမှန်း ကျုပ်တို့အားလုံး သိခဲ့ကြပေမယ့် အခုအခါမှာတော့ ကျုပ်တို့ဘ၀ ကြပ်ပြေးကြက်ခြင်းထဲက ကြက်တွေလိုဖြစ်နေပြီလို့ ပြောရင် ကျုပ်တို့က လက်ခံရမှာပါ။

ကြည့်ပါလား၊ ဒီကားကိုပဲစီး၊ ဒီလမ်းအတိုင်းသွား၊ ဒီရုံးကိုတက်၊ ဒီအချိန်မှ ရုံးဆင်း၊ ဒီအဆောင်ကိုပြန်၊ ဒီနေ့မှာ ချီတက်ရမယ်။ ပိာုနေ့မှာထောက်ခံပွဲလာကြ၊ ဒီနေ့ကျ အလေးလာပြုနဲ့ ပြုသမျှနုနေခဲ့ကြရတာ။ ဒါတင်မက ဒီကာလမှာ စောစောထလမ်းလျှောက်ကြ၊ လက်မြှောက်ကြ၊ ထိုင်ကြထကြရ။ ဒီရက်တွေမှာတော့ ပိာုဘုရားပွဲကြီးကို မလာမနေရ၊ ဒီရက်ကျတော့ ဆန္ဒမဲတွေ ကြိုပေးလေကွာ၊ မပေးတဲ့သူစာရင်း ၀န်မင်းကြီးဆီတင်လိုက်မယ်။ မနားတမ်း၊ အားစမ်းခံခဲ့ရတဲ့ ကျုပ်တို့ရဲ့ကျွန်ဘ၀တွေ ကုန်လွန်ခဲ့တာ (၃) နှစ်ကာလထဲပဲ ရောက်ခဲ့ပြီ။

ရန်ကုန်ကနေ အပါခေါ်လာခဲ့တဲ့ ၀န်ထမ်းများ၊ အခုကြပ်ပြေးမှာ၊ ငါတို့ ခိုင်းတာလုပ်ကြစမ်း၊ ငါတို့ရဲ့အစီအမံက ဒီလို မင်းတို့သိအောင်ပြောမယ်။ မင်းတို့နိုင်ငံရေးအမြင်မရှိရင်၊ မဖွယ်မရာလုပ်ရင် စည်းရုံးရေးပျက်နိုင်တယ်၊ အခုအချိန် ပာာ ငါတို့အတွက် အရေးအကြီးဆုံးအချိန်၊ မင်းတို့က ငါတို့အစိုးရနဲ့ ပြည်သူအကြား ပေါင်းကူးတံတားကွ။ မင်းတို့ရဲ့ လုပ်ဆောင်မှု အမှားအမှန်၊ အကောင်းအဆိုး၊ တရားမျှတမှု ရှိမရှိ ဆိုတာတွေက ငါတို့ အစိုးရကို ရောင်ပြန်ပာပ်လို့ မင်းတို့ရဲ့ မမှန်မကန် ပြုကျင့်မှု၊ ပြည်သူတွေအပေါ် နိုင်ထက်ကလူနှိပ်စက်မှု၊ မောက်မောက်မာမာဆက်ဆံမှု၊ ဒီလောက် လစာတွေ တိုးပေးပြီ အခွင့်အရေးတွေ ပေးထားပါလျက် လာဘ်ပေးလာဘ်ယူမှုတွေကြောင့် ငါတို့အစိုးရအပေါ် ပြည်သူတွေက မုန်းတီးငြိုငြင်နိုင်တယ်ဆိုတာ နားမလည်ဘူးလား။ ငါတို့အစိုးရက clean government ကွ။ ပြည်သူအားလုံး အားကိုးယုံကြည် ချစ်ခင်လေးစားတဲ့ အစိုးရကွလို့ ၂၀၀၉ ခုနှစ် မတ်လအတွင်း ဒင်းတို့ရဲ့ ကက်ဘိနက်က ထွက်လာတဲ့စကားတွေကြောင့် သူခိုးကလူပာစ်၊ သူညစ်ပတ်တွေက အောင်လံထူပြ နေပါလားဆိုတာ အခြားမရှိ အများသိပဲလေ။

အခုလည်း ရွေးကောက်ပွဲကြီး ၂၀၁၀ မှာ မြည်းကြည့်လိုက်မယ်။ ဆားငန်ရင်ရေရောမယ်၊ ဆားပေါ့ရင် ထပ်ခပ်မယ်၊ စားကောင်းရင် လွေးမယ်၊ စားမကောင်းရင် သွန်ပစ်မယ်။

ဒီလိုသဘောကို ကျုပ်တို့က ဘာလို့ကြိုသိနေသလဲ မေးရင် ဒင်းတို့ ဝန်မင်းကြီးတွေ၊ ကြပ်ပြေးမှာသွားတာ၊ လာတာ၊ ပြောတာ၊ ဆိုတာတွေကို ကြားနာကြည့်ရင် သိမြင်နိုင်တာပဲ။ ၀န်မင်းကြီးတို့က တပတ် (၇) ရက်မှာ (၃) ရက်တည်း ကြပ်ပြေးနေပြည်တော်မှာ နန်းထိုင်ကြတာ။

အဲဒီ (၃) ရက်မှာ ပထမရက်က နိုင်ငံတော် လုံခြုံရေးအစည်းအဝေး၊ ဒုတိယရက်က ကြံ့ဖွံ့အမှုဆောင်တွေ၊ အတွင်းရေးမှူးတွေ၊ နာယကတွေရဲ့ အစည်းအဝေး၊ ဒါက နိုင်ငံရေးအစည်းအဝေးလို့ ခေါ်ရင်ရတယ်။ နောက်တရက်ကျတော့ နိုင်ငံအရေး၊ ဌာနအရေး ဆွေးနွေး၊ ဝေးလေးလေးကက်ဘိနက် အဲဒီကက်ဘိနက်ပြီးရင် ၀န်မင်းကြီးဌာနတွေမှာ အီးစီလို့ ခေါ်တဲ့ ကက်ဘိနက်ရဲ့ အစည်းအဝေး အတိမ်အနက်ဆုံးဖြတ်တဲ့အချက်ပေါ် မူတည်ပြီး လုပ်တဲ့အစည်းအဝေး။

ဒီအစည်းအဝေးအပြီး ဒင်းတိုက ကက (ကြည်း) ရုံးကို ခရီးစဉ်တွေတင်ပြီး နိုင်ငံရေး၊ စည်းရုံးရေး၊ ရွေးကောက်ပွဲ စည်းရုံးရေးခရီးတွေ ကွင်းဆင်းကြပြီ။ တောင်ဘက်အရပ်သွားတဲ့ ၀န်မင်းကြီး၊ မြောက်ဘက်အရပ်သွားတဲ့ ၀န်မင်းကြီး၊ အောက်ပြည်ဆင်းတဲ့ ၀န်မင်းကြီး၊ အညာအရပ် တက်တဲ့ ခပ်ကဲကဲနာမည်ကျော်ဝန်မင်းကြီး၊ အသီးသီးအလျှိုလျှို သွားကြလာကြတဲ့ ခရီးစဉ်တွေဖော်ပြတဲ့အခါ ၀န်မင်းကြီးကတော်တို့ စံပျော်ရာ ရန်ကုန်မပာာကို ပြန်ကြတဲ့ခရီးကိုတော့ အမြဲမြှုပ်ချန်ထားခဲ့ကြတဲ့ တကယ့်အာဂကောင်တွေ။

ယာဉ်တန်းနဲ့ အမြန်လမ်းကတမျိုး၊ ကြပ်ပြေးလေဆိပ်ကနေ ရွှေဖိတ် အရောင်ယူနီဖောင်းဝတ်သွားတာကတဖုံနဲ့ သူတို့အခေါ် အဘဆိုသူတွေက အမျိုးမျိုးအဖုံဖုံ ဇာတိမြေတွေအရောက် အတင့်ရဲရဲ ရွေးကောက်ပွဲ စည်းရုံးရေးဆင်း တာကို သတင်းထဲမှာကတော့ ဌာနလုပ်ငန်းတွေ၊ စီမံကိန်းတွေ၊ စက်ရုံတွေ စစ်ဆေးတာလို့ ဖော်ပြတာ မရှက်တာက ဒင်းတို့။ ဒါကလည်း အပတ်စဉ်လုပ်နေကျလုပ်ငန်း။

ကျုပ်တို့အလုပ်သမားတွေ ၀န်ထမ်းတွေရဲ့ အခြေခံအခွင့်အရေး၊ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းလက်စွဲဥပဒေတွေ၊ စက်ရုံအလုပ်သမားတွေရဲ့ ဖန်ဒယ်မင်တယ်လ်ရူးလ်စ်တွေ ဖက်ထရီ အက်ဆိုတာတွေလည်း ပျက်ခဲ့တာကြာခဲ့ပြီမို့ စာအုပ်၊ စာရွက် ဖိုင်တွေထဲမှာ မှိုတက်ခြကိုက်ခဲ့ပြီ။

အောက်ခြေ၀န်ထမ်းတွေအတွက် ဘယ်သူကလာပြီး ဘယ်သူက လမ်းပြနိုင်တာ မရှိခဲ့တာလည်း ကြာပြီပဲ။ ကင်ပေတိုင်လို အုပ်ချုပ်သူတွေရဲ့ ပြုသမျှနုခဲ့ကြရတဲ့ ကြောက်ဒူးတုန် ဒီဝန်ထမ်းအများစု စိတ်ထဲမှာ ကြိတ်ခဲပြီး ခံနေခဲ့တဲ့ ကာလရှည်ကြာလာတော့ ခံရမှန်းတောင် မသိတော့တဲ့၊ ကျွန်ဘ၀ ရောက်တာဘာဆန်းသလဲ။ ဌာနတွေမှာ ဒင်းတို့ လုပ်သမျှ၊ အုပ်ချုပ်သမျှ အမြဲကြောက်ဒူးတုန်ကြ၊ ပြောသမျှဆိုသမျှ ပာုတ်ကဲ့ခင်ဗျ၊ စားကြွင်းစားကျန်ချန်ပေးတဲ့ မ၀ရေစာက ဒါမှ အာပာာရလို့ထင်တဲ့ သူကများမှများ။

ခဏခဏ အဘအဘလို့ ခေါ်တဲ့ ငတတွေကလည်း ပေါများတော့ ဒင်းတို့ ရဲ့ စိတ်ထဲမှာက ကျုပ်တို့ကို ကြက်ခြင်းထဲက ကြက်တွေလိုသဘောထား။ ဘယ်အချိန်ရိုက်စားစား ရတယ်မပာုတ်လားလို့ ထင်နေတာလည်း ဘာထပ်ပြီးဆန်းဦးမှာလဲ။ ဒီအင်အားတွေအခြေခံပြီး ဒင်းတို့က၂၀၁၀ ရွေးကောက်ပွဲမှာ ဆန္ဒခံယူပွဲတုန်းကလို နွှဲကြဦးမယ်ဆိုတော့……

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်