Saturday, April 11, 2009

အကျိုးနည်း...ကြီးလိုက်တဲ့ မျောက်မဏ္ဍပ်..



အင်းလျှားလမ်းရှိ ဖိုးလပြည့် မဏ္ဍပ်ဆောက်လုပ်နေမှု ကိုဗီဒီယိုဖြင့် မှတ်တမ်းတင်ထားစဉ်
ရိုက်ကူးသူ….ဒါရိုက်တာစနေငချွတ်
၂၀၀၉ ခုနှစ် မတ်လ ၁၀ ရက်နေ့ က ရန်ကုန်မြို့ အင်းလျှား လမ်းရှိ ဖိုးလပြည့်၏ သင်္ကြန် မဏ္ဍပ် ဆောက်လုပ် နေမှုကို ဗီဒီယိုဖြင့်မှတ်တမ်း တင်ထားစဉ်။အခြားမဏ္ဍပ်များနှင့်ယှဉ်လျှင်သူ့ မဏ္ဍပ်မှာအကြီးဆုံးဖြစ်နေသည်ကိုတွေ့ ရမည်။
စစ်တပ်မှ လွှင့်ထုတ်သော မြ၀တီ ရုပ်သံလွှင့်ထုတ်မှုတွင် ပါရန် အတွက် သင်္ကြန်ယိမ်းအဖွဲ့ များမှာ လာဘ်ထိုးမှ ထုတ်လွှင့်ပေးသည် ဟုသိရသည်။ထိုသို့ လာဘ်ပေးမှ လွှင့်ထုတ်မှုတွင် တစ်ဦးချင်းနှင့်ပုဂ္ဂလိက၊ကုမ္ပဏီ အဖွဲ့ အစည်းများသာမက ၀န်ကြီးဌာန များက ပါလာဘ်ပေးရသည် ဟုသိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မှ သင်္ကြန်ယိမ်းအဖွဲ့ တစ်ခု၏ခေါင်းဆောင် ဖြစ်သူက“ကျွန်မတို့ ယိမ်းသွားက ပြီးတော့ စတူဒီယို က ဘာပြော သလဲ ဆိုတော့ အချိန်ကောင်းပါခြင်ရင် တစ်သိန်းပေးရမယ်လို့ တောင်းတယ် ။ဒါတောင် အစိုးရဌာန မို့ လို့ တဲ့ကျန်တဲ့ ဌာနတွေ ဆိုမရဘူးလို့ ပြောတယ်”ဟုFreedom News Group သို့ ပြောသည်။
တခြားကုမ္ပဏီ နှင့် ငွေကြေးတတ် နိုင်သူ ၏ သားသမီးများမှ အဆိုတော် နှင့် အနုပညာရှင်များကို သီဆို ခိုင်း၍ ကကြသည့်တစ်ပုဒ်စာထုတ်လွှင့် ချိန်အတွက်ဆိုလျှင် ကျပ်ငွေ ဆယ်သိန်းမှ ဆယ့်ငါးသိန်းထိယူကြောင်းသိရသည်။
မြ၀တီ ရုပ်သံဌာန မှ စစ်တပ်အရာရှိ များနှင့် ရင်းနှီးသော ဘီယာစတေရှင်များမှ အဆိုတော်များကမူ အလကားသီဆို ခွင့်ရသည်။
မြ၀တီ ရုပ်သံသည် ပြီးခဲ့သည့် အပတ်က ၁၄ နှစ်ပြည့် ပြီဟု ကြေငြာခဲ့သည်။မြ၀တီ ရုပ်သံသည် ပြည်တွင်းရုပ်သံလိုင်းများတွင် ကြော်ငြာခ ဈေးအကြီးဆုံးဖြစ်ပြီး မြန်မာ့ရုပ်မြင်သံကြားထက် အခွင့်အရေးပို ရသည်။
http://www.yeyintnge.com/ မှပါ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်