ကျွန်ုပ် ဝေဒကဝိ အကျော်အမော် ပညာရှင် ဆြာတေသည် ဝါသနာ အလျှောက် ဗေဒင်ပညာကိုလေ့လာ လိုက်စားထားသော် ငြားလည်း ကံမလိုက်သေး သဖြင့် ဟောတိုင်း မှားနေလေရာထိုပညာဖြင့် ဝမ်းမဝ နိုင်သောကြောင့် တနေ့တနေ့ မဒမ်တေ၏ ဆူပူမှုကိုနားညည်းသည် ထိသည်းခံနေရလေသည်။
ထိုရောအခါဝယ် တတ်သည့်ပညာ မနေသာ ဆိုသည့်အတိုင်း တတ်ထားပြီးသော တခြားပညာရပ် တခုဖြစ်သည့် ဆိုက်ကားနင်းသော အလုပ်ဖြင့် မဒမ်တေနှင့် ဂျူနီယာတေ ၁၊ ဂျူနီယာ တေ ၂ စသည်ဖြင့် ကြီးစဉ်ငယ်လိုက် ရှိကြကုန်သော တေ ၅ ကောင် .. ပေါင်း.. ပါးစပ် ၇ ပေါက်စာကို ဖြည့်တင်း ပေးနေရ လေ၏။
နေနှင့်ဦးဟုဆိုကာ ကြောင်လက်သည်းဝှက်ထားသကဲ့သို့ သိမ်းဆည်းထားသော ကျွန်ုပ်၏ပညာခန်းများသည် ယခုကဲ့သို့သောသင်္ကြန်အခါ သမယအချိန်တွင် “တူးပို့” တေးသံနှင့် အတူမနေနိုင်မထိုင်နိုင် ရွစိတက်လေ့ရှိလေသည်။
ထို့ကြောင့် ကျွန်ုပ်သည်ဆိုက်ကားခေတ္တနားခိုက် အစိုးရထုတ် သင်္ကြန်စာ တစောင်ကိုကျပ် ၅၀၀ ဖြင့် မဒမ်တေမသိအောင် မနှမျောဘဲ ဝယ်ယူဖတ်မိခိုက် “ဟိုက်” ခနဲ အသံထွက်မိအောင် အံ့သြ မင်တက် ဆွံ့အသွားလေတော့၏။
အဘယ်ကြောင့်ဟူမူကား ၎င်းတို့ထုတ်ဝေသော သင်္ကြန်စာမှာ အစိုးရမင်းများ၏ ဆင်ဆာရုံးကိုဖြတ်ပြီးမှ ထွက်ရရှာသောကြောင့်တကြောင်း ..၊ အစိုးရအကြိုက်လိုက်ကာ ဟောကိန်းထုတ် ပေးထားရသောကြောင့် တကြောင်း တို့ကြောင့် ဖြစ်ချင်တိုင်းဖြစ်နေလေ၏။ မဒမ်တေသာ သိလျှင် ဆူလို့ပွမ်လို့ ဆုံးတော့မှာမဟုတ်။ ကံဆိုးလျှင် နားဝင်ပီယံသူ့လက်သံ အစီအစဉ်ပင် နောက်က လိုက်လာနိုင်သေး၏။
“ဟမ် .. တော့်ကိုယ်တော်ဗိုလ်ချုပ်မှူးကြီးမြေး ဖိုးလောက်လန်းလို သူဌေးမှတ်လို့ သင်္ကြန်စာကို ၅၀၀ ပေး ဝယ်ဖတ် တာလား။ အဲဒါတွေက အမှားတွေချည်းပဲ ဆိုတာ မသိဘူးလား။ တော်ဟောတာထက် ၁၀ ဆမှားတယ် သိလား။ ငွေ ၅၀၀ ဆိုတာဆန်တပြည်နီးပါးရှိတယ် တော့။ သွား အဲဒီ ၅၀၀ ပြန်ရှာခဲ့။ မရရင် ပြန်မလာနဲ့” ဆိုသည့် ချိုမြိန်လှသော အိုးကွဲသံကြီးကိုပင် ကြားယောင်ကာ တွန့်ခနဲ ဖြစ်မိသေး၏။
ယခု ကာလကတော့ ဆြာတေ ဆိုသည့်အမည်ကို အဖတ်ဆယ်ရန် အချိန်ကောင်းဖြစ်ပေသည်။ အနည်းဆုံး ကျွန်ုပ်၏ ဆိုက်ကားစီး ဖောက်သည်များ သိလျှင် သူတို့ကတဆင့်တခြားသူများဆီ ပြန့်ပွားသွားနိုင်သည် မဟုတ်လော။ တော်လိုက်သည့် ကျွန်ုပ်ပါတကား။
ပထဦးဆုံးသော ကျွန်ုပ်၏ သားကောင်မှာ တခြား သူမဟုတ် သူ့ကိုယ်သူဒေဝါလီမဂ္ဂဇင်းအယ်ဒီတာဟု မိတ်ဆက်ကာ ဆိုက်ကားကို အမြဲအကြွေး စီးလေ့ရှိသောကိုဂေါ်ကြီးပင်ဖြစ်တော့သည်။
သူ့ကို ကျွန်ုပ်၏ ဟောစာတမ်းအသစ်များ ပြောပြလိုက်လျှင် ကံကောင်းပါကသူ့မဂ္ဂဇင်းကတဆင့် နိုင်ငံကျော်သွားနိုင်သည်။ အနည်းဆုံးတော့ ကျွန်ုပ်၏ပညာခန်းကိုရှိန်ကာ ဆိုက်ကားအကြွေး စီးတာ တန့်သွားနိုင်သည် (တခြားဆိုက်ကားပြောင်းစီး ချင် စီးပေါ့လေ) အဲသလို နိုင်ငံကျော် သွားရင်တော့ မဒမ်တေကလည်းဆူပူတော့မှာမဟုတ်။ မျှော်တုန်းမျှော်ခိုက် သူလည်း ရောက်လာ ဆိုသလို ကိုဂေါ်ကြီးတယောက် ငိုက်ဆိုက်၊ ငိုက်ဆိုက်နှင့် ဆိုက်ကားဂိတ်ကို ရောက်လာချေပြီတကား။
ကိုင်း လာလေရော့ ကိုဂေါ်ကြီးရေ … ။
“ကိုတာတေ ဘယ်လိုလဲဗျ။ ဒီနေ့ နင်းကောင်းရဲ့လား”
“ဘယ်ကောင်းမလဲဗျာ။ ကမ္ဘာ့စီးပွားပျက်ကပ်က ကျုပ်တို့ ဆိုက်ကားသမားတွေ ကိုပါလာထိတာ။ ခုကျုပ် ကိုဂေါ်ကြီးကို စောင့်နေတာဗျ”
“ဟုတ်လား .. အကြွေးတောင်းဖို့လားဗျ။ အဲဒါဆိုရင်တော့ နေဦးဗျာ။ ကမ္ဘာ့စီးပွားပျက်ကပ်က ကျုပ်အိတ်ကပ်ကိုပါ လာရိုက်နေသေးတယ်။ ဒီနေ့တော့ အကြွေးပဲ စီးပါရစေဦး”
“ဟဲဟဲ ခင်ဗျားကလည်း အကြွေးမတောင်းသေးပါဘူးဗျာ။ ခင်ဗျားကို သင်္ကြန်စာ အသစ်တခုပြောပြမလို့။ ခင်ဗျားတော့ ကျုပ်နဲ့တွေ့တာ ကံကောင်းပြီသာမှတ်”
“ဘာ သင်္ကြန်စာအသစ် ဟုတ်လား”
သင်္ကြန်စာအသစ်ဟူသော ကျွန်ုပ်အသံကို ကြားလိုက်သည်နှင့် တပြိုင်နက်တည်း..ကိုဂေါ်ကြီး၏ မျက်နှာကြီး မှာ မဟူရာတုံးကြီးကို ဆီသုတ်ထားသည့်အလား ဝင်းခနဲ လက် ..ပြိုးကနဲ ပြက် သွားလေတော့၏။
“သင်္ကြန်စာထဲမှာ ထိန်ချန်ထားတာတွေ .. ဆင်ဆာ ထိထားတာတွေကို ပြောပြချင်လို့ပါ၊နောက်ပြီး ကျုပ်ရဲ့ သင်္ကြန်စာက တားဂက်တက် (Targeted) သင်္ကြန်စာ”
“ဗျာ၊ တားရော့ ဗေဒင် ကိုပြောတာလား .. ကျုပ်တော့ တားဂက်တက် ဆန်ရှင်ဆိုတာပဲကြားဖူးပါတယ်ဗျာ”
“ခု ကြားဖူးမယ်ဗျာ၊ ခင်ဗျားပြောတဲ့ တားဂက်တက်ဆန်ရှင်လိုပဲ .. ခုဟာက တားဂက်တက်သင်္ကြန်စာလို့ခေါ်တယ်..ကျုပ်ထွင်ထားတာပေါ့ ဗျာ”
ထို့နောက်တွင်ကား ကျွန်ုပ်က ဆိုက်ကားကို မိန့်မိန့်ကြီးနင်းလျှက် ပြောပြသမျှကို.. ကိုဂေါ်ကြီးက ဘေးခုံတွင် ကုတ်ကုတ်ကလေး ထိုင်စီးရင်း တအံ့တသြ မိန်းမောတွေဝေကာလိုက်ပါလာ လေတော့သည် …။
“ကိုဂေါ်ကြီးရေ ဒီနှစ် သိကြားမင်းဘာကြောင့် မဆင်းဘူးလဲ သိလား”
“ဘယ်သိမလဲဗျာ။ ခင်ဗျားက ပြောပြမှပေါ့”
“သိကြားမင်းမှာ အလုပ်မရှိလို့ဗျ”
“ဟာ သိကြားမင်းလည်း အလုပ်လက်မဲ့ဖြစ်သွားပလား။ ကမ္ဘာ့စီးပွားပျက်ကပ်က နတ်ပြည် ၆ထပ်ထိ ရောက်တယ် ထင်တယ်”
“ဟာ အဲလိုမဟုတ်ဘူးလေ။ သူလုပ်စရာမရှိတာကို ပြောတာ။ သူ့ရဲ့ ခွေးရေ ပုရပိုဒ်မှာမှတ်ရမယ့် လူဆိုးစာရင်းက မနှစ်ကအတိုင်း တပ်ချုပ်ကြီးတို့ အုပ်စုပဲ .. တခြားဘာမှသိပ်ပြီး အပ်ဒိတ်လုပ်စရာ မလိုဘူးဆိုတော့ သူ့ရဲ့ မဒမ်သိကြားတွေက လူ့ပြည်ကိုမလွှတ် တော့ဘူး”
“သိကြားမင်းလည်း မိန်းမကြောက်ရတာပဲလား”
“ဒါပေါ့ဗျာ။ ကမ္ဘာပေါ်မှာ မိန်းမကြောက်တဲ့သူတွေသာ နာမည်ကြီးရိုးထုံးစံရှိတာလေ။
ကျုပ်တို့ တပ်ချုပ်ကြီး ကြည့်ပါလား။ ရွှေရေ ငါးပိ ဆိုတာနဲ့ ဖုတ်ပြီးဆီပါဆမ်းပြီးသားပါကြိုင် ဆိုတာမျိုး ဆိုတော့ နာမည်လွှတ်ကြီး တော့တာကိုး”
“ကဲကဲ ခင်ဗျားက သင်္ကြန်စာအသစ်တွေ ပြောမယ်လည်း ဆိုသေးတယ် စကားက ချော်တောငေါ့ပြီးခင်ဗျားဘကြီး မိန်းမကြောက်တဲ့ အကြောင်းတွေလာပြောနေတယ်။ လုပ်ဦး”
ကိုဂေါ်ကြီးမှာ ကျွန်ုပ်ဆြာတေ၏ လေကျောတွင် မိနေလေပြီ။ ယခုအချိန်မှစတင်၍ကျွန်ုပ်၏ တွေ့ရှိချက် အသစ်များကို မချွင်းမချန်ဘဲ ကိုဂေါ်ကြီးကိုပြောပြခဲ့သည့်အတိုင်း စာစကားဖြင့် အတိအကျ ဖော်ပြပါမည်။
၁၃၇၀ ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၅ - ရက်၊ ခရစ်နှစ်၊ ၂၀၀၉ ခု၊ ဧပြီလ
၁၄ ရက်၊ အင်္ဂါနေ့၊ မြန်မာစံတော်ချိန် နံနက်၊ စက် ၃ နာရီ ၁၅ မိနစ် ၃၆ စက္ကန့် …..။
“ဗမာပြည်” အမည်ရှိသော ဗြဟ္မာမင်းဦးခေါင်းကို ကိုင်ထားသည့် သောကြာသားသည်အစိမ်းရောင် အဝတ်ကို ဝတ်ဆင်လျှက် အင်္ဂါသမီး ထံ လွှဲအပ်ရမည့်အစား “ပေးဘူး၊ ပေးဘူး”
ဟု အတင်း ကာရော ငြင်းဆန်ကာ ဆက်လက် ကိုင်ဆောင် ထားဦးမည် ဖြစ်သောကြောင့်မိုးတွင်းတွင် မိုးရွာလတ္တံ့၊ မိုးတဖြိုက် နှစ်ဖြိုက်ရွာရုံမျှဖြင့် ရန်ကုန်တွင်ရေကြီးအံ့၊ ထီပေါက်သူများ ပိုက်ဆံ ဝင်လတ္တံ့၊ လျှပ်စစ် မီးကြောင့်ဖြစ်သော ဓာတ်လိုက်ခြင်း အန္တရာယ် ကင်းဝေးလတ္တံ့၊ ကိုရီးယားကား လူကြိုက်များလတ္တံ့၊
အင်တာနက် ဆက်သွယ် ရေး နှေးအံ့၊ တိုင်းသူပြည်သားများမှာ ဆန်အစား ဆန်ကွဲကိုစားရသောကြောင့် အစာကြေလွယ်အံ့၊ ညဘက်မီးမှန်မှန် ပျက်သောကြောင့်စောစောအိပ်ရာဝင်ရ လတ္တံ့၊ ခြင်အစရှိသော အတောင်ပါသော သတ္တဝါများ ပေါများသောကြောင့်
ခြင်ထောင်မရှိသူများ ဂေါ်ဇီလာဖြင့် အိပ်ရအံ့။
သင်္ကြန်အခါရှောင်ကျဉ်ရန်အမှုများကား နိုင်ငံရေးတံဆိပ်များပါသည့်တီရှပ်ဝတ်ဆင်ခြင်းဖြစ်ပေသည်။ ဤကား စစ်အစိုးရအလိုတည်း။
သင်္ကြန်အကျအလိုမူကား ကြောင်းလျားစုံစေ့ သင်္ကြန်နေ့၌ အင်းလျားလမ်းတွင် မဏ္ဍပ်ဝင်က၊ကညာနှမ မြင်သမျှမှာ လှချင်တိုင်းလှ၊ ဗိုက်ပေါ်ခါးပေါ် ပေါ်ချင်သလို ပေါ်၍တွေ့မရှောင်ငမ်း .. ကြမ်းရမ်းဂီတ ဖွင့်ကုန်ကြရင်း မျောက်လိုကကာ သောက်ထုတ်သေရက်
ဤတချက်ကို လူ့ပြည်လူ့ခွင် လူကိုစင်ထား မြင့်မိုရ်ဖျားဝယ် သိကြားသော်မှခွက်ပုန်းချရ၏ .. သို့သော်မြန်ပြေ (ပြည်) ဆန်းသည့်မြေ၌ အရက်စတုဒီသာ ပေးနေပါ၍ သိကြားထက် ထူးသည့် ကုသိုလ်တည်း။ စတုဒီသာ ကုန်သွားပါက စပွန်ဆာရှာ၍ သောက်ပါလေ။
တနင်္ဂနွေသားသမီး (အေး) သည် - အနေအထိုင်မတတ်ပါက ရာထူးကျကိန်းရှိပြီး ကံဆိုးပါက ရာထူးမှ ဖယ်ရှားခံရကိန်းရှိသည်။ ယတြာအနေဖြင့် သောကြာသား၏ အနားမှ တဖဝါးမှမခွာဘဲ ဝတ်ကြီးဝတ်ငယ် ပြုစုကာ .. ကြာသပတေးနာမ်နှင့်ဆိုင်သော ကိစ္စများ ဆောင်ရွက်ပါလေ
(ဥပမာ - ဖားခြင်း၊ ပေါင်းခြင်း၊ ပေါတောတော နေကာ ရူးချင်ယောင်ဆောင်ခြင်း)
တနင်္လာ သားသမီး (ကြိုင်) သည် - သောကြာသားသမီးကို ညွှန်ကြားနိုင်သော အရည်အချင်းရှိပေသည်။ သူများ မသထာ ရေစာများ စားနေသောကြောင့် ထမင်းစားလျှင် မကြာခဏနင်ကိန်းရှိသည်။ ယတြာမှာ အုန်းသီးတလုံးကို အခွံမနွှာဘဲ အာမထိလျှာမထိမြိုပါ။
အညံ့များ အားလုံး ကင်းစင်မည်။
အင်္ဂါ သားသမီး (စု) သည် - အရူးတသိုက်၏ ချုပ်နှောင်ထားခြင်း ခံရကိန်းရှိသည်။ ရူးနေသူများ ဖြစ်သောကြောင့် လွှတ်ပေးပြီးလျှင် လည်း ပြန်ဖမ်းကောင်း ဖမ်းနိုင်သည်။
ကြာသပတေးနာမ်ဖြင့် စသော နိုင်ငံရပ်ခြားမှ အကူအညီ ရချင်ရနိုင်သော်လည်းသောကြားသား အဖျက်ရှိသည်။ ယတြာမှာ “လုပ်ချင်တာသာ လုပ်ကြတော့ဟေ့” ဟုသုံးကြိမ်အော်၍ ဘာမှမလုပ်ဘဲ ငုတ်တုတ်ထိုင်စောင့်ပါလေ။
ဗုဒ္ဓဟူးသားသမီး (ရွှေ) သည် - စိတ်မမှန်သော အထက်လူကြီးက မကြာခဏ ဟိန်းဟောက်ကာမကြာခဏ ဆုလာဘ် ချပေးသောကြောင့် မကြာခဏ ကြောင်တောင်တောင် ဖြစ်တတ်သည်။ သားဖြစ်သူတနင်္ဂနွေ သား၏ စီးပွားရေးလုပ်ငန်းမှာ အထက်လူကြီး၏ မိုးလေဝသ အခြေအနေ ပေါ်တွင်သော် လည်းကောင်း အင်္ဂါနာမ် တခု ပေါ်တွင် လည်းကောင်း မူတည်နေသည်။ ယတြာမှာ ကုန်း၍
“ဆန်ရှင်မြန်မြန် ရုပ်မှပါပဲ” ဟု လိပ်ခေါင်း မထွက်မချင်း အော်ပါ။
ကြာသပတေး သားသမီး (မင်း) သည် - အရူးများ၏ နှိပ်စက်ခြင်းမှ မကင်းလွတ်နိုင်သေးပေ။ အညံ့ကာလ ဖြစ်နေသည်။ ယတြာမှာ အနောက်အရပ်ကို မျှော်ရင်း “သောကြာသား နင်သေမှအေးမဟဲ့” ဟု သုံးကြိမ် အော်ပါ။
သောကြာသားသမီး (သန်း၊ သိန်း) သည် - ဘုရင်ရူးရူးနေသောကြောင့် ပလ္လင်ပေါ်မှဒလိန့်ကောက်ကွေး ကျကိန်း ရှိသည်။ ပေါင်းလျှင် ၃ ရသောနှစ်၌ ထူးထူးခြားခြားမဟုတ်တရုတ်လုပ်လိမ့်မည်။ လူအများ ပို့သသော မေတ္တာကြောင့် ကျန်းမာရေးအထူးကောင်းနေသေး သော်လည်း မကြာခင် ငေါက်ခနဲ သေကိန်းရှိသည်။ ယတြာမှာ တနင်္လာသမီး၏ ထဘီစကိုဆွဲ၍ ဆူးကြီးကြီး ဒူးရင်းသီတလုံးကို ပုံစံမပျက် မြိုပါ။
စနေသားသမီး (တေ) သည် - ပွဲလန့်တုန်းဖျာခင်းတတ်သော အရည်အချင်းကြောင့် ကြီးပွားကိန်းရှိသည်။ ကြာသပတေးနာမ်နှင့် ဆိုင် သော အလုပ်များ (ဥပမာ - ဖားခြင်း) အထူးကျွမ်းကျင်ပြီး အင်္ဂါနာမ် (ဆန်ရှင်) ကြောင့် လတ်တလောဘာလုပ်ရမှန်း မသိဖြစ် နေသည်။ ဗုဒ္ဓဟူးနာမ် အကြိုးပေးမည် (ဥပမာ - ပိုင်ဆိုင်သောလေယာဉ်တစီးစီး ရပ်နေရင်း ခါးမှ ထက်ပိုင်းပြတ်ကြိုးသွားခြင်း) ယတြာမှာ “အနောက်ကဆန်ရှင်ရင် အောက်က သစ်ခိုး ထုတ်မယ်” ဟူ၍ သက်တမ်းရင့် ကျွန်းပင်ကြီးတပင်ကိုဖက်ရင်း လည်ချောင်းကွဲ သည်ထိ အော်ပါ။
သင်္ကြန်အတာ တက်အံ့သောအခါကား .. အမူးလွန်၍ အန်ဖတ်ဆို့သေကြသူများ၊ ရေနစ်၊ ရန်ဖြစ်ယာဉ်မတော် တဆဖြစ်၍ မာလက ဈာန်ကြွကြသူများ၊ ဆေးရုံရောက်သူများ၊ အကဲလွန်သောကြောင့် ဗိုက်ထွက် ကြသူများ စာရင်း ထွက်ပေါ်ချိန်တည်း။
အတာဆန်းထူး နှစ်ဟောင်းကျူး၍ တန်ခူးလည်သည် နှစ်အမည်ကား ဇေယျနှစ်တည်း .. နှစ်ကို၁ နှင့် ၃ ရှိထားပြီးဖြစ်သော ဖဲသမား စောင့်၏၊ လ ကို မီးပျက်သည့် ညတိုင်းစောင့်၏၊ ရက်ကို နှလုံးထီသမား စောင့်၏၊ မြေကို မြေပိုင်ရှင်စောင့်၏၊ ရေကို
ရေစည်လှည်းတွန်းသူ စောင့်၏၊ မိုးကို တနွေလုံး ရေမချိုးရ သူများစောင့်၏၊
လူတို့၏အဓိပတိကား အရူး၊
ငှက်တို့၏ အဓိပတိကား လင်းတ၊
ငါးတို့၏ အဓိပတိကား ငါးရွှေ၊
အပင်တို့၏ အဓိပတိကား ကြက်ဆူပင်။
နက္ခတ် ၃ လုံး ငုတ်၏၊ ၄ လုံးပေါ်၏ ၃ နှင့် ၄ ကို တနှစ်လုံးမွေးထိုးက မနှေးအမြန် မွဲကိန်းမြင်၏။ မိုးရွာလျှင် ရေရအံ့၊ ခြင်ပေါအံ့၊ မြောင်းပုပ်နံ့ နံအံ့၊ ဝဲပေါက်အံ့၊ လူတို့ အနာအဖျား များသည့်အခါ အစိုးရမင်းများ၏ စေတနာကြောင့် ကိုယ့်ပိုက်ဆံနှင့်ကိုယ် ဆေးကုရအံ့၊ မကုနိုင်သူများ သေအံ့၊ ပြည်ရွာ မီးလောင်လျှင် မီးသတ်တွင်ရေမရှိသောကြောင့် ပြာဖြစ်အံ့၊ မြန်မာ့ လောင်းကစား
ကမ္ဘာကိုလွှမ်းအံ့၊ ဂျီအက်စ်အမ်ဖုန်းများ ဆက်သွယ်ရေးခက်ခဲအံ့၊ ထိုနှစ်ဖွားသော သားကား ကံဆိုးသောကြောင့် မြန်မာပြည်တွင်လူဖြစ်အံ့။
ဤသို့ဤသို့ တောက်လျှောက်ရွတ်သွားသူ ကျွန်ုပ်ကို ငေးမောကာ နားထောင်နေသော ကိုဂေါ်ကြီး မှာ အထူးပင် အထင်ကြီး လေးစားနေပုံရသည်။ ယခုနှစ်အတွက်မော်ဒန်သင်္ကြန်စာကို သူကလွဲ၍ မည်သူ တဦးယောက်မျှ မကြားဖူးသေးသည့်အတွက်
သူ့ကိုယ်သူ အလွန်ကုသိုလ်ထူးသူ တဦး အဖြစ် ဘဝင်လေဟပ်နေပုံလည်းရသည်။
ကျွန်ုပ်၏ ဆင်ဆာမဖြတ်ရသေးသော မှန်ကန်လှသည့် ဤသင်္ကြန်စာတော်ကြီးကို လိုချင်လှချည့်ဟု ပူဆာသောကြောင့် ကျွန်ုပ်က နဝင်းကျေ ငွေကျပ် ၉ ထောင်ဖြင့်အကြွေးရောင်းလိုက်ပြီဖြစ်သည် (ပိုက်ဆံ ရ၊ မရ မသေချာ)
ကျွန်ုပ်၏ ချင်ခြင်းက ပြေလေပြီ။ ပြောချင်ရာပြောကာ ဟောချင်ရာ ဟောလိုက်ရသောကြောင့် ကုန်းတက်ပင် ဖြင့်လင့်ကစား ဆိုက်ကားကို လွင့်ခနဲလွင့်ခနဲနေအောင် နင်းနိုင်နေလေသည်။ ကိုဂေါ်ကြီးဆီက အကြွေး မရလည်း ပြဿနာမရှိတော့။
မဒမ်တေ ဆူတာကိုလည်း ခံလိုက် တော့မည်။ အဓိကက ကျလိကျလိ ဖြစ်နေသည့် စိတ်အဆာပြေဖို့သာ လိုရင်းမဟုတ်လော။ သို့သော် ဤမျှနှင့် ကိစ္စမပြီး ကိုဂေါ်ကြီးကား ကျွန်ုပ်၏ တားဂက်တက် သင်္ကြန်စာကို ခပ်တည်တည်နှင့် ဖြန့်ချိ လေတော့သည်။
နောက်ပိုင်းသတင်းကိုကား အထူးပြောစရာမလိုလှချေ …။ သက်ဆိုင်ရာက ကျွန်ုပ်ကို ခဏဟုဆိုကာ လာရောက်ခေါ်ဆောင်လေတော့၏။ ကျွန်ုပ် ဆြာတေသည် ငြိမ်ငြိမ်မနေနိုင်သောအမှုမှ ပွားအပ်သော စစ်အစိုးရ ခေါင်းစဉ်တပ်သည့် တရားမဝင်စာရွက်စာတမ်းများ ပုံနှိပ်ဖြန့်ချိမှုဖြင့် နှစ် ၂၀၊ အစိုးရက ထုတ်ဝေ ခွင့်ပိတ်ပင်ထားသော ဒေဝါလီမဂ္ဂဇင်းအယ်ဒီတာ ကိုဂေါ်ကြီးနှင့် ဆက်သွယ်မှုက နှစ် ၂၀၊
ပါးစပ်မငြိမ်မနေနိုင် သောကြောင့် အာချောင်မှုက ၁၀ နှစ်၊ ကျွန်ုပ်၏ ဆိုက်ကားတွင် ညမီးလင်းရန်တပ်ထားသည့် ဒိုင်နမိုကို တွေ့သွားသဖြင့် အီလက်ထရောနစ်ပုဒ်မ ၁၅ နှစ်ဟူ၍ ဖောခြင်း သောခြင်း ထောင်ဒဏ် နှစ် ၆၅ နှစ် နှင့် ဆိုက်ကားသမားဘဝမှ
အနားရ သွားလေတော့သည်။
ဤမှတ်တမ်းမှတဆင့် ကျွန်ုပ်၏ အစွမ်းကို ဂျူနီယာ တေ တို့အပါအဝင်နောင်လာနောက်သားများ သိရှိရန်အလို့ငှာ ရေးသား ဝေမျှလိုက်ရပါသည်။
*မင်္ဂလာနှစ်သစ်မှာ လန်းကြပါစေ …
ပုံ - ဆြာတေ (ခေတ္တ အင်းစိန်ထောင်၊ အမြဲတမ်းအတွက် ထောင်မသိရသေး)*
Saturday, April 11, 2009
ရှယ်သင်္ကြန်စာ
Labels:
မျှဝေခြင်း
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
April
(446)
- NLD ပြည်နယ်နှင့်တိုင်းအစည်းအဝေး သဘာပတိမိန့်ခွန်း၊ ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၁)လ ပြည့် ၀မ်း...
- ၀မ်းနည်းကြေကွဲခြင်း
- ဗ.က.သ ကဂုဏ်ပြုတဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုရှင် ကိုမ...
- တ၇ားမရှိတဲ့ ရှေ့ နေချုပ် ဇီဝိန်တော့ချုပ်တော့မယ်..
- ကိုညီညီထွေး ၏ အင်တာဗျူး
- ဧပြီ ၂၉ ၂၀၀၉ သတင်းများ
- မကောင်းဆိုးဝါးတွေကို ကမ္မဝါနဲ့ နှင်ရအောက်
- မင်း ကိုနိုင် မဲ့ မင်းကိုနိုင်
- NLD အစည်းအဝေး ၏ သဘာပတိ မိန့် ခွန်း
- အသက်ရှူတာခြင်းကွဲသေးတယ်..ရှက်ဖွယ်
- NLD LA သြစတေးသျှ ၏ သတင်းထုတ်ပြန်ချက် - ဧပြီလ ၂၉ -၂၀၀၉
- တရုတ်တွင် တတိယမြောက်မျိုးဆက် ရေအားသုံးအဏုမြူဓာတ်ပေ...
- ဟောင်ကောင်နှင့် ကနေဒါသုတေသနပညာရှင်တို့က H5N1 တုပ်ေ...
- ဒီမိုကရေစီ မဆန်တဲ့ အချက်တွေကို ပြုပြင်ပေးလျင် NLD ...
- အန်အယ်ဒီ၏ ရွှေဂုံတိုင် ကြေညာစာတမ်း
- ၀က်တုပ်ကွေးကြောင့် အမေရိကန်မှာ ကလေးငယ် တဦးသေဆုံး
- နေပြည်တော်တွင် လေဆိပ်အသစ်တဲ့
- တွံတေးတွင် ဝက်များ အစုလိုက် သေဆုံးနေ
- နာဂိုယာ(ဂျပန်)ဒီမိုကရေစီလှုပ်ရှားမှု
- နာဂစ်သင့်ဒေသများ ကန်ရေသုံးမရ သောက်သုံးရေ အခက်အခဲဖြ...
- ကုစားရာမဲ့ စိတ်ဒဏ်ရာ ခံစားနေရသူများ
- ဆန်ဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာ
- Postcard from Beijing ဆိုပြီး attachment file နဲ့ ...
- မြန်မာပြည်မှာခွေးတုတ်ကွေးဖြစ်နေတယ်
- NLD News
- ဧပြီ ၂၈ ၂၀၀၉ သတင်း
- ဧပြီ ၂ရ ရက် ၂၀၀၉ သတင်းများ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ပထမနေ့ အစည်းအေ...
- အချက်သုံးချက်ကို လိုက်လျောရင် NLD ရွေးကောက်ပွဲဝင်မည်
- မြန်မာပြည်သူများအတွက် BDC ၏ ဝန်ဆောင်မှုအသစ်
- ဝက်တုတ်ကွေူး ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အထူးအစည်းအဝေးမှ သဘာ...
- စစ်သားများကို ပြည်သုံးလုံး အစီအစဉ်ဖြင့် ပြောင်းရွှေ...
- ဗိုလ်တစ်ထောင်၂လောင်းပြိုင်လူသတ်မှု ဖမ်းမိပြီ။ ၅လော...
- မြန်မာစစ်တပ်(ဘုရားစူးမြန်မာပြည်သူ့ တပ်မဟုတ်ရပါ)ကေ...
- ကြပ်ပြေးကအဘအိုတို့  ရေ....သိပ်လည်းမကြောက်ကြပါနဲ့ဗျ...
- အန်အယ်ဒီ အစည်းအဝေးသို့ လုံခြုံရေးများ စောင့်ကြည့်
- စုံညီအစည်းအဝေးအတွက် အန်အယ်လ်ဒီပါတီဝင်များ အနှောင့်...
- ကေအန်ယူကို ဒီကေဘီအေ ထိုင်းမြေအတွင်းမှ ၀င်တိုက် ထို...
- ၀က်တုပ်ကွေးကူးစက်မှု သတိပေးအဆင့် WHO တိုးမြှင့်
- နာဂစ်ဒေသတွင် သောက်ရေ ရှားဦးမည်
- ငွေမပေးနိုင်ခြင်းကြောင့် မြန်မာအလုပ်သမားတချို့ DKB...
- DKBA ဧ၊် သက်သက်လွတ်စားရန်အမိန့်ကိုမကျေနပ်သည် ဗုဒ္ဓဘ...
- ကျောက်ထုလုပ်သား အင်္ဂါကို မီးရှို့၍ စစ်ဆေး
- ရူးချင်ယောင်ဆောင်မနေနဲ့ ....မာယာတွေပေါ်မှာ ချီးပန်း...
- KNUကို DKBAထိုင်းနယ်မြေအတွင်းမှဝင်တိုက်၊ ထိုင်းစစ...
- “NLD၊ KNU တို့ ကို အမျိုသားရေးအတွက် အကာအကွယ်ပေးကြပါ”
- Invitation letter of Nargis (1) Year Anniversary P...
- ဟွန်း ဆင်းရဲရင်ဆင်းကြည့် ကြိုင်ကြိုင်တဲ့ လေးလောင်း...
- အလှူငွေ စာရင်း..!
- သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြေ...
- April 25 2009 သတင်းများ.
- Karen National Union Statement on 2010 Elections
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှထုတ်ဝေသော ဧပြီလထု...
- မြေသြဇာအဖွဲ့ဝင်တဦး အဖမ်းခံရ
- ကြောက်စရာ ၀က်တုပ်ကွေးရောဂါ သတင်း နှင့် ကာကွယ်ရန်အခ...
- IC LIVE TOUR IN Japan အောင်မြင်စွာပြီစီးခြင်း
- North Korean Artist Sun Mu ၏ပုံရိပ်များ
- ဒို့ ကျောင်းသား
- GWကိုစောမောင် ကျန်းမာရေးမကောင်း
- ANTI-SANCTIONS ဘာလဲ၊ ဘယ်လဲ
- ရာဇဝတ်ကောင်
- ပြောခြင်တာပြော
- မိုးသီးရွာချမှုကြောင့် လက်ဖက်တောင်သူများ အခက်အခဲကြုံနေ
- မလေးရှားမှ မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်၌ သေဆုံး
- ဂြိုဟ်တုစလောင်းများကို ပိတ်ပင်သင့်ကြောင်း မြန်မာသတ...
- ရှားရှားပါးပါး ၁၉၅၄ ခုနှစ်က ဟောလိဝုဒ်ရုပ်ရှင်ပိတ်...
- မြန်မာကို အမေရိကန် ဆက်ပိတ်ဆို့ရေး ပညာရှင်တချို့ တိ...
- ကိုမင်းကိုနိုင် ဆုရပြန်ပြီ
- နအဖ စစ်တပ် ယုတ်ကန်းမှု့များ
- ၂ဝ၁ဝ ကိုမေ့ပြီး ကုလားဆီ အာရုံပြောင်းအောင်လုပ်နေတာ
- I AM KILLER
- DJ 2010
- သေပြည်တော်မှာ သေရင်..လင်းတစာဘဲကြွေးရမယ်တဲ့
- ဆရာလူထုစိန်ဝင်း၏ `နန္ဒောပနန္ဒ နဂါး ချွတ်တော်မူပုံ´ေ...
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၂)
- အချင်းချင်း ဖြောင်တာမို့ ..မင်းတို့ ပါးစပ်တွေ ပိတ်...
- မီးတော့ မပေးဖူး။ မီးစက်နဲ့  ၀ယ်လုပ်..အခွန်အတုတ်မှ...
- ဧပြီ ၂၂ ၂၀၀၉ သတင်းများ
- နယ်ချဲ့ ဆိုတာ.တိုင်းတပါးမှ မဟုတ်ဖူး
- ဇာဂနာ ထောင်တွင်း၌ သတိလစ်သွား အသည်းရောင်အသားဝါကြောင...
- လူသေလို့ မီးရှို့မရရင် သန်းရွှေ အိမ်ရှေ့မှာသွားပုံထား
- နောင်တ မရကြစေချင်ပါ
- သိကြားမင်း စီရင်ချက် ယမမင်း အခက်
- သူတို့ပြောတာအမှန်တွေ မယုံနဲ့ ငါလိမ်ပြောတာကြယုံ
- ထေရ၀ါဒဘုန်းကြီးကျောင်းသစ်ဖွင့်လှစ်ပွဲအခမ်းအနား
- ဂူးဂဲလ်၊ ဂျီတော့ခ် (ဂျီမေးလ်) အကြောင်း တစေ့တစောင်း
- လုပ်ချလိုက်ပြန်ပြီ..သာသနာညှိုးနွမ်းစေမှုတဲ့
- မြောက်ဥက္ကလာနှင့် မန္တလေးတွင် ဝမ်းရောဂါ ဖြစ်ပွားနေ
- ဘဘတို့ အတွက် ကြိတ်ဝိုင်း
- ဦးထိန်မောင် ကို ဘာသာပြန် ပေးတဲ့ ငတတ်ကြီး တိမသေ ဇာ...
- လက်ဖက်ရည်ဆိုင် လှုပ်ရှားမှု စတင်စို့ 
- အတတ်ဆန်းတိုင်း ကောင်းတာမဟုတ်..
- စည်းကမ်းဆိုတာ စာရွက်ပေါ်တင်ဘဲ..ဘဘတို့ လည်း ကြည့်ခ...
- အိုးမည်း ပေနေတဲ့ ကြက်တစ်ကောင်
- မြန်မာတပြည်လုံး ထောင်ထဲမှာ..
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၁)
- အနှစ် ၂၀ ကြာ..တိုင်းပြည်လုယက်ထားသူကို မမြင်..ဘေးက ...
- အန်အယ်လ်ဒီ အထူးအစည်းအဝေး ကျင်းပမည်။
- ချိန်တန်ပြီ
- ဧပြီ ၂၁ ၂၀၀၉ သတင်း
- ဝတပ်မတော်ကြီးရဲ့ စစ်ရေးပြပွဲ
- Voice of Burma April 19 2009
- ဇိုယာဖန်ရေးသားတဲ့ သူ့ ဘဝအကြောင်း
- နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး တောင်းဆိုတဲ့ လက်...
- လူပျောက်ကြော်ငြာ
- ရုရှားနိုင်ငံသားတစ်ဦး၏ အဆုတ်တွင် ထင်းရှုးပင်ပေါက်ေ...
- ဘိုကလေးတွင် ဝမ်းရောဂါဖြစ်ပွားမှု အဆမတန်များပြားနေ
- ဇနီးကို မထီမဲ့မြင် လုပ်သည်ဟုဆိုကာ အရာရှိမှ ရွာသားက...
- ဒေါ်အောင်ဆန်းစုကြည်နှင့် နိင်ငံရေးအကျဉ်းသား များအမြ...
- စစ်အစိုးရကို ပိုဖိအားပေးရေး အမေရိကန် လွှတ်တော်အမတ်ေ...
- ဂျပန်သတင်းထောက် အသတ်ခံရသည့် ပူလီဇာဆုရ ဓါတ်ပုံ သတင်...
- အဝေးရောက်သားတွေ ပြန်ဆုံနိင်ကြပါစေ
- အဖေ မရှိတော့ ပထွေးရှာမိတာပါ
- ငါ့ကို ကော်မရှင်သာပေးလေ..မင်းဘဲလုပ်ကိုင်စားစေ.
- လယ်ယာ သိမ်းပိုက်ခံနေရကြောင်း တိုင်းရင်းသား လူငယ်မျ...
- သမိုင်းကို ကိုယ်ကျိုး အတွက် အရောင်မဆိုးသင့်
- ပိုက်ဆံရရင် အကုန်လုပ်တယ်..ချောင်းရိုက်ပေးရမလား..အမ...
- ကောင်းကင်ခရီး ကြွချီနေတဲ့ ရဟန်းတော် တစ်ပါးပုံတော်ဖ...
- တက္ကသိုလ်ကျောင်းသားသမဂ္ဂ
- ကျော်သူရဲ့ ဆုတံဆိပ်
- Mr Creater ရဲ့ ထိုးနက်ချက်
- ဧပြီ ၂၀ ၂၀၀၉ သတင်း
- NDF က UWSP နဲ့ လက်တွဲသွားမည်ဟု ဆို
- နေပြည်တော် ကြပ်ပြေးကြက်ခြင်းထဲက ကြက်ဘယ်အတက်နဲ့ ခွပ...
- ကျွန်တော်လေးစားမြတ်နိုးအပ်တဲ့ ဆရာစိုင်းခမ်းလိတ် အခ...
- မုံရွာထောင်ထဲက တက္ကသိုလ်ကျောင်းသူ
-
▼
April
(446)
No comments:
Post a Comment