Tuesday, April 7, 2009

ပြောပါအုံး တရုတ်အားကိုးတဲ့ကောင်တွေ တရုတ်က နှပ်တောင်ညစ်မပေးဘူး

အမေရိကန်အစိုးရက နာဂစ်လေဘေးသင့်ပြည်သူများအတွက် ကန်ဒေါ်လာ ၁၆သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၆၀၀၀ကျော် လှူဒါန်း

အမေရိကန်အစိုးရက နာဂစ်လေဘေးသင့်ပြည်သူများအတွက် ကန်ဒေါ်လာ ၁၆သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၆၀၀၀ကျော် လှူဒါန်း
ရန်ကုန်၊ အမေရိကန်ပြည်ထောင်စု က နာဂစ်ဆိုင်ကလုန်းလေဘေးသင့်ပြည် သူများအတွက် ခန့်မှန်းခြေတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆သန်းခန့်ရှိ ဆန် မက်ထရစ်တန် ၁၆၆၂၀ကို မကြာသေးမီက ပေးပို့လှူဒါန်းခဲ့သည်။
အဆိုပါဆန်များ မြန်မာနိုင်ငံသို့ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလအတွင်းကရောက် ရှိခဲ့ပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က စား နပ်ရိက္ခာ အလိုအပ်ဆုံးသော လေဘေးသင့် နေရာများတွင် ၂၀၀၉ခုနှစ် ဧပြီ ၁ရက်က ဖြန့်ဖြူးပေးနိုင်ခဲ့သည်။
အမေရိကန်သံရုံးယာယီတာဝန် ခံ Larry Dinger နှင့် သံရုံးဝန်ထမ်းများသည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် Country Director Chris Kaye နှင့်အတူ မြစ်ဝကျွန်း ပေါ်သို့သွားရောက်၍ ကျေးရွာများတွင် လှူ ဒါန်းဆန်များ ဖြန့်ဝေနေသည်ကို ဧပြီ ၁ရက် က ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး ဒေသခံများနှင့် ပြန်လည်ထူထောင်ရေး ဦးစားပေးလိုအပ် ချက်များကို ဆွေးနွေးခဲ့သည်။
ယခုဆန်အလှူအပါအ၀င် အမေ ရိကန်ပြည်ထောင်စုသည် စုစုပေါင်း အမေ ရိကန်ဒေါ်လာ ၁၆သန်းတန်ဖိုးရှိ စားနပ်ရိက္ခာ များကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှတစ် ဆင့် ထောက်ပံ့ပေးခဲ့သည်။ ယင်းအထောက် အပံ့တွင် စားသုံးဆီတန်ချိန် ၃၂၀၀၊ ပဲတန် ချိန် ၃၆၀၀နှင့် ပြောင်းနှင့်ပဲပုပ် အရောတန် ချိန် ၃၀၀တို့လည်း အပါအ၀င်ဖြစ်သည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က လှူဒါန်းဆန်များကို ပြည်သူ ၃၅၀၀၀၀သို့ ဖြန့်ဖြူးပေးနိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲ လုပ်ဆောင်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအကူအညီဖြင့် လမ်းများ၊ ရေနုတ်မြောင်းများနှင့် ရေကန်များ ပြန်လည် တည်ဆောက်ရာတွင် အထောက်အကူဖြစ် စေရန် အချို့ဆန်ကို အလုပ်ရိက္ခာ (food-for-work)အစီအစဉ်ဖြင့် ဖြန့်ဝေပေးခြင်းဖြစ် သည်။
မြန်မာပြည်သူတို့ဖွံ့ဖြိုးတိုးတက် ရေးအတွက် အမေရိကန်ပြည်ထောင်စု၏ ပံ့ပိုးကူညီမှုတစ်စိတ်တစ်ပိုင်းအဖြစ် အမေ ရိကန်ပြည်ထောင်စုအစိုးရက လူသားချင်း စာနာထောက်ထားသော အကူအညီစုစု ပေါင်း ကန်ဒေါ်လာ ၇၄သန်းဖိုးကို ပေးပို့လှူ ဒါန်းခဲ့ပြီးဖြစ်သည်။ ၎င်းင်းအကူအညီများသည် လေဘေးသင့်ပြည်သူများဘ၀ ဆက်လက် ရှင်သန်ရပ်တည်ရေးအတွက် အထောက် အပံ့ဖြစ်စေခဲ့သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်