Tuesday, April 7, 2009

မြောက်ကိုရီးယားအား အရေးယူရန် အိုဘားမား တိုက်တွန်းပြီ


alt

အမေရိကန် သမတ ဘာရက်အိုဘားမား နှင့် တောင်ကိုရီးယား သမတ လိမွန်ဘခ့် တို့ G20 summit တွင် တွေ့ဆုံစဉ် © AP

မြောက်ကိုရီးယား အပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အရေးယူမှု ပြုလုပ် သွားသင့်ကြောင်း အမေရိကန် သမတ ဘာရက် အိုဘားမားက တိုက်တွန်း လိုက်သည်။

ဧပြီလ (၅)ရက်နေ့က နိုင်ငံတကာ ကန့်ကွက်မှုများ ပြင်းထန်နေသည့် ကြားမှ မြောက်ကိုရီးယားက ဂျပန် ပင်လယ်ကို ဖြတ်သန်းပြီး တာဝေးပစ် ဒုံးပျံတစင်း ပစ်လွှတ် လိုက်သည်။

Kwangmyongsong-2 အမည်ရှိ ဂြိုဟ်တုကို တင်ဆောင်သွားသော ဒုံးပျံအား အောင်မြင်စွာ ပစ်လွှတ်လိုက်ပြီ ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနက ပစ်လွှတ်ပြီး (၄)နာရီ အကြာတွင် သတင်းထုတ်ပြန်သည်။

အစပိုင်းတွင် အမေရိကန်က ကမ္ဘာပတ်လမ်း အတွင်း ဒုံးပျံ ၀င်ရောက်လာခြင်း မရှိဟု ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် မြောက်ကိုရီးယားက ဒုံးပျံ လွှတ်တင်လိုက်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။ ပရက်ဂ်မြို့သို့ ရောက်ရှိနေသည့် အိုဘားမားက ထိုကိစ္စ အတွက် မြောက်ကိုရီးယားအား ရှုတ်ချလိုက်ပြီး လုံခြုံရေးကောင်စီအား အရေးယူမှု ဆောင်ရွက်ရန် တောင်းဆိုလိုက်သည်။

လူ(၂၀၀၀၀)ကျော် တက်ရောက်သော အိုဘားမား၏ မိန့်ခွန်းပြောဆိုမှု အတွင်း မြောက်ကိုရီးယားသည် အနုမြူ ထိပ်ဖူးတပ် ဒုံးကျည်များကို ပြုံယမ်းမှ အမေရိကန်နိုင်ငံ၊ အလာစကား ကျွန်းဆွယ်ထိ ပစ်လွှတ်နိုင်ရန် ယခုထိန်းချုပ်ရေး ဂြိုဟ်တုအား လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း အိုဘားမားက စွပ်စွဲပြောဆို သွားသည်။

မြောက်ကိုရီးယား အစိုးရကမူ ၎င်းတို့သည် ဆက်သွယ်ရေး နည်းပညာ အတွက်သာ ယခုဂြိုဟ်တုကို လွှတ်တင်ခြင်း ဖြစ်ကြောင်း တင်ကြို ပြောကြားထားခဲ့သည်။




Summary

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်