ကင်ဆာဖြစ်စေသည့် ဂျွန်ဆင် "ကလေး ခေါင်းလျှော်ရည်" စူပါမားကက်အချို့တွင်ရောင်းချမှုရပ်ဆိုင်း
ကင်ဆာဖြစ်စေသော ဓာတုပစ္စည်းပါဝင်သည့် ဂျွန်ဆင်ကလေးခေါင်းလျှော်ရည်ကို စူပါမားကက်အချို့တွင် ရောင်းချမှု ရပ်ဆိုင်းထားကြောင်း စုံစမ်းသိရသည်။ ကင်ဆာရောဂါဖြစ်ပွားစေသော ဖော်မယ်ဒီဟိုက် (Form-
aldehyde) နှင့် 1,4 ဒိုင်းအောက်ဇင်း (1,4 Dioxane)တို့မှာကလေးများအတွက် ထုတ်လုပ်သော ရေချိုးကုန်ပစ္စည်းများတွင် ပါဝင်နေကြောင်းစစ်ဆေးတွေ့ရှိ၍ ဥရောပနိုင်ငံများ၌ ၂၀၀၇ခုနှစ်စက်တင်ဘာ ၂၂ ရက်မှစတင်ကာ တားမြစ်ပိတ်ပင်ထားပြီး အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် ကင်ဆာ ရောဂါဖြစ်စေ နိုင်သည်ဟု သတိပေးကြေညာထားကြောင်းသိရသည်။
မြန်မာနိုင်ငံဈေးကွက်အတွင်း ရောက်ရှိနေပြီး လူသုံးအများဆုံးဖြစ်သော ဂျွန်ဆင်ကလေးခေါင်းလျှော်ရည် တွင် အဆိုပါ ဓာတုပစ္စည်းနှစ်မျိုးပါဝင်နေကြောင်း (အယ်လ်အောရယ်) ကလေးဂျင်တယ် 2 in1 ခေါင်း လျှော် ရည်နှင့် ပါပါကင်ဒို အမြှုပ်ထဆပ်ပြာတို့တွင်လည်းတွေ့ရသည်။`သတင်းစာမှာ ပါတဲ့နေ့ကစပြီးဂျွန်ဆင်ခေါင်း လျှော် ရည်နဲ့ ဆပ်ပြာကိုမရောင်းတော့ဘူး၊ ဂျွန်ဆင်တံဆိပ် ပေါင်ဒါ၊ လိုးရှင်းနဲ့တခြား ပစ္စည်းတွေကို ရောင်း
တယ်၊ ကျန်းမာရေးဝန်ကြီးဌာနကတော့ မတားသေးဘူး။ ကျွန်မတို့မှာ အတွေ့အကြုံရှိနေပြီ၊ လက်ဖက်သိမ်းပြီးတာမကြာသေးဘူး။ နို့မှုန့်နဲ့ ရေသန့်မှာလဲ ကြုံခဲ့ပြီးပြီ၊ အန္တရာယ်ရှိတယ် ဆိုရင်မရောင်းဘဲ သိမ်းလိုက်တာပိုကောင်းမယ်ထင်လို့ပါ။ ကလေးသုံးပစ္စည်း ထဲမှာ ဂျွန်ဆင်ကရောင်းအကောင်းဆုံး၊ လူကြိုက် အများဆုံးပါ´ ဟု စူပါမားကက်မှ ဈေးကွက် မန်နေဂျာက ပြောသည်။ နိုင်ငံပိုင် သတင်းစာများတွင် မတ် ၁၈ ရက်က ရေးသား ဖော်ပြခဲ့သော သတင်းအရ မြန်မာ့ဈေးကွက်တွင် ရောက်ရှိနေသော ဂျွန်ဆင် အမှတ်တံဆိပ် ကလေးခေါင်းလျှော်ရည်လည်း ပါဝင်ခြင်းကြောင့် ရောင်းချမှုကိုရပ်ထားသည်ဟုသိရသည်။ ကလေးသုံးရေချိုးကုန်ပစ္စည်း ၂၈မျိုးကို စစ်ဆေးရာ ၂၃မျိုးတွင်လူသေအလောင်းများ မပုပ်ရန် ဆေးစီရင်သည့် အခါ အသုံးပြုသည့် ဖော်မယ်ဒီဟိုက်ဓာတုပစ္စည်းပါဝင်၍ ဦးနှောက်ကင်ဆာ၊ နှာခေါင်းလေပြွန်ကင်ဆာနှင့် သွေးကင်ဆာဖြစ်နိုင်ကြောင်း၊ ကင်ဆာရောဂါ ဖြစ်စေသည့် အမြှုပ်ထစေသော 1,4 ဒိုင်အောက်ဇင်းကို ပစ္စည်း အမျိုးအစား ၄၈မျိုး တွင် ၆၇ရာခိုင်နှုန်းပါဝင်နေကြောင်း တွေ့ရသည်ဟု နိုင်ငံပိုင်သတင်းစာ၏ ဘာသာပြန်သတင်းတွင် ဖော်ပြထားကြောင်း၂၀၀၉ခုနှစ် မတ်လ၃၁ရက်နေ့ ထုတ် Flower News ဂျာနယ် တွင် ဖော်ပြထားပါသည်။
http://www.yeyintnge.com/

No comments:
Post a Comment