Thursday, April 2, 2009

ဈေးကွက် အတွင်းရှိ အကြော်ခံ ဆီများ ကျန်းမာရေးကို များစွာ ထိခိုက်စေ

Wednesday, April 01, 2009 7:00 AM
ဈေးကွက်အတွင်း အတွေ့များရသော အကြော်ခံဆီများမှာ သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် အဝလွန်"ရောဂါများ ဖြစ်ပွားတတ်သောကြောင့်ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်စေနိုင်ကြောင်းကျန်းမာရေးဝန်ကြီးဌာန၊ဗဟို"ကျန်းမာ
ရေးပညာဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်လွင်ကသတိပေးပြောကြားသည်။ “အကြော်ခံ ဆီဆို"တာက များသော အားဖြင့် စားအုန်းဆီ၊ ဓါတုပစ္စည်းတွေနဲ့ ဖန်တီးထားတဲ့ အကြော်ခံဆီနဲ့ ကြော်ပြီး သားကျန် တဲ့ဆီ"ဆိုးတွေလို့ ပြောလို့ရတယ်။ အဲဒီဆီတွေကို ဆီမခန်းလွယ်အောင် ဆီ မပြန်လွယ် အောင် ပြုလုပ်ထားတာ။အဲဒီဆီ"တွေကို စားသုံးရင် သွေးကြောကျဉ်းတာ၊ သွေးကြောပိတ်တာ၊ အဝလွန်တာ၊ ဆီးချို ရောဂါတွေ ဖြစ်ပွားမှု နှုန်းများ"တယ်” ဟုဒေါက်တာခင်မောင်လွင်ကပြောသည်။ မြန်မာနိုင်ငံတွင် ဆီကြောင့် ဖြစ်လာ နိုင်သော အန္တရာယ်များအတွက် ပညာပေး လုပ်ဆောင်လာသည်မှာ ဆယ်နှစ်ကျော် ရှိလာပြီဖြစ်သော်လည်းနှလုံးရောဂါ၊ သွေးတိုး ရောဂါနှင့်"အဝလွန်ရောဂါဖြစ်ပွားမှုတိုးလာသည်ကို တွေ့ရကြောင်း၊ ယင်းမှာဆီစားသုံးမှုများခြင်းတစ်ခုတည်းကြောင့်မဟုတ်"ဘဲ ဆီဆိုးနှင့် အကြော်ခံဆီများကိုစားသုံးကြ သောကြောင့်ဖြစ် ကြောင်း၊ နိုင်ငံတကာတွင် ဆီဆိုးများကို မသုံးစွဲ"အောင်နှိုးဆော်လာကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း သတိပေးနှိုးဆော်သင့်ကြောင်း ၄င်းကဆိုသည်။ ပြည့်ဝဆီ"ဆိုသည်မှာ များသောအားဖြင့် အေးလျင်ခဲသွားတတ်သောဆီမျိုးဖြစ်ပြီး စားအုန်းဆီက ၅၀/၅၀ ဖြစ်၍ ကျန်းမာရေ"ကိုထိခိုက်နိုင်ကြောင်း၊ ယင်းထက် ဆီဆိုး (အကြော်ကျန်ဆီ) များကပို၍ဆိုးကျိုးရှိကြောင်း ဆီဆိုးစားသုံးခြင်းဖြင့်"ဝက်ဆီကို စားသုံး၍ ရသည့် ဆိုးကျိုးထက် ၂ဆပို ရရှိနိုင်ကြောင်း၊ ပြည်သူများအနေဖြင့်ပဲဆီ၊နှမ်းဆီ၊ပဲပုပ်ဆီ၊ပြောင်း"ဖူးဆီ ဖွဲနုဆီ အများစုမှာ အိမ်နီးချင်းနိုင်ငံများမှတင်သွင်းလာသော ဆီများဖြစ်ပြီး ဆီဆိုး (အကြော်ကျန်ဆီ) များမှာမူ"နိုင်ငံ တွင်း ရှိ ဟိုတယ်တချို့နှင့် စားသောက်ဆိုကြီးတချို့မှ လာသည်ဟု ယူဆရကြောင်း၊ နိုင်ငံတကာ အဆင့် မီ"ဟိုတယ်ကြီးများမှာ အကြော်ကျန်ဆီများကို ပြန်လည်အသုံးပြုခြင်းရောင်းချခြင်းမျိုး ပြုလုပ်ခွင့် မရှိကြောင်း ၂၀၀၉"ခုနှစ် ဧပြီလ ၂ရက်နေ့ထုတ် 7 day news ဂျာနယ်တွင်ဖော်ပြထားပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်