မင်းဟန်
(၆)
၁၉၅ဝ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကရင်အမျိုးသား ကွန်ကရက်ကို ဖာပွန်တွင် ကျင်းပ၏။ စောဘဦးကြီးကိုယ်တိုင် ကွန်ကရက်ကို ဦးဆောင်၏။ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ သထုံခရိုင်၊ မော်လမြိုင်ခရိုင်၊ မြိတ်-ထားဝယ်ခရိုင်နှင့် မြစ်ဝကျွန်းပေါ်တိုင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ စောဘဦးကြီးက သဘာပတိ အဖွင့်မိန့်ခွန်း ချွေသည်။
``ကရင့်တော်လှန်ရေးသမားများအားလုံး ရန်ကုန်သို့ ဆင်းပြီး၊ လည်စင်းမခံသရွေ့ တော်လှန်ရေးဟာ မကျဆုံးဘူး …. ကရင်ပြည် ရဖို့အတွက်က နည်းလမ်း ၃ ခု ရှိတယ်။
တစ်က … ရသင့်ရထိုက်တာကို အုပ်စိုးသူက ရိုးရိုးသားသားနဲ့ ပေးလို့ရတာ ဖြစ်တယ်။ ဒါကလည်း ဘယ်တော့မှ အုပ်စိုးသူဟာ ပေးမှာမဟုတ်ဘူး။
နှစ်က …. တိုက်ယူလို့ ရတာဖြစ်တယ်။
သုံးက … ပတ်ဝန်းကျင်အခြေအနေကြောင့် ရတာဖြစ်တယ်။
ဒီအတွက် ကျနော်တို့က တမျိုးသားလုံးက ဒီမူ ၄ ချက်ကို လိုက်နာကြဖို့ လိုမယ်``
``လက်နက်ချစကား မပြောရ``
``ကရင်ပြည်ကြီး ပြည့်စုံရမည်``
``ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမည်``
``ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့် ရှိရမည်``
(၇)
၁၉၅ဝ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် စောဘဦးကြီးနှင့် ဗိုလ်ချုပ်စိုင်းကေတို့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြ၏။ စောဘဦးကြီး ကျဆုံးပြီးနောက် ကရင့်တော်လှန်ရေးအတွင်း ခေါင်းဆောင်အခက်အခဲ ရှိလာ၏။ မန်းဘဇံနှင့် စောဟံတာသာမွှေးတို့က မြစ်ဝကျွန်းပေါ်တွင် ကရင့်တော်လှန်ရေးကို ဦးဆောင်နေကြရပြီး အရှေ့တိုင်းသို့ မလာနိုင်ကြသေး….။ ထို့အတွက် … အရှေ့တိုင်းတွင် Kaw Thoo Lei Government Body (K.G.B) ဖွဲ့ပြီး ဦးဆောင်မှု တည်ဆောက်ရ၏။
၁၉၅၄ ခုနှစ်တွင် အရှေ့တိုင်းသို့ မြစ်ဝကျွန်းပေါ်တိုင်းမှ စောဟန်တာသာမွှေး ရောက်ရှိလာပြီး (KGB) ကို ဖျက်သိမ်းခဲ့သည်။ ထို့နောက် …. ကရင့်တော်လှန်ရေးကောင်စီ (KRC) ဖွဲ့၏။ (KRC) တွင် ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်၏။ ကရင့်လက်နက်ကိုင် တပ်ဖွဲ့ (KAF) ကို ဖျက်သိမ်းပြီး၊ ကရင့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA) နှင့် ကရင့် ပြည်သူ့ပြောက်ကျား တပ်ဖွဲ့ (KPGF) တို့ကို ဖွဲ့စည်းပြန်သည်။
သူသည် စောဟန်တာသာမွှေး အသစ်ဖွဲ့စည်းလိုက်သည့် (KPLA) တပ်ရင်း (၁) တွင် တပ်ရင်းမှူးအဖြစ် တာဝန်ပေးအပ်ခြင်း ခံရ၏။ ကရင့်လက်နက်ကိုင် တပ်များ၏ ဦးစီးချုပ်မှာ ဗိုလ်ချုပ်မင်းမောင် ဖြစ်သည်။
(၈)
တပ်မဟာ (၆) ကြာအင်းဆိပ်ကြီးဘက်တွင် တာဝန်ကျသည့် တပ်ရင်းမှူး ထွန်းငြိမ်း ရန်သူ့ထံသို့ လက်နက်ချ ဝင်ရောက်သွား၏။ ဖားအံဘက်မှလည်း Light Brigade မှ တပ်ရင်းမှူး စံဘော် လက်နက်ချပြန်သည်။ အခြား တပ်ရင်းများမှလည်း ၁ဝ ယောက် ….အယောက် ၂ဝ စသည်ဖြင့် လက်နက်ချကြ၏။ ထိုအချိန်၌ … သူ၏ တပ်ရင်းသည် ဖားအံခရိုင် ပိုင်ကျုံဘက်တွင် အခြေပြုလှုပ်ရှားလျက် ရှိသည်။ ရန်သူတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ယဉ်အေးသည် သူ့ထံသို့ စာရေး၏။
``အခု ကရင်ပြည်နယ်ကို ပေးလိုက်ပြီဖြစ်တယ်။ ဒါပေမဲ့ ပြည်နယ်ကို စောင့်ရှောက်မယ့်တပ် မရှိပါ။ ဒါကြောင့် ခင်ဗျားတို့ ကျုပ်တို့ဆီ ပြန်လာပြီး ပူးပေါင်းလိုက်ပါ။ ပြည်နယ်လုံခြုံရေးတာဝန်ကို ခင်ဗျားတို့လက်ထဲ အပ်မယ်။ ဒါပြီးရင် ကျနော်တို့ ဗမာတပ်တွေဟာ ရန်ကုန်မှာပဲ ပြန်နေမယ်။ ခင်ဗျားတို့က ဗမာတပ်ကို တွေ့ချင်ရင် ရန်ကုန်ကို သွားမှ တွေ့ရလိမ့်မယ်``
ယဉ်အေး၏ စာကို ရလျှင် သူနှင့် သူ့တပ်မှူးများ တိုင်ပင်ကြသည်။ နောက်ဆုံး …. ရန်သူ၏ ပြောကြားချက် ဟုတ်၊ မဟုတ်… ။ မှန်၊ မမှန် … သိစေရန်အတွက် လက်တွေ့စမ်းသပ်ရန် ဆုံးဖြတ်လိုက်ကြ၏။
ရန်သူကမ်းလှမ်းသကဲ့သို့ သူတို့ သွားကြမည်။ အခြေအနေ မမှန်ပါက ပြန်၍ ရန်သူကို ဆက်တိုက်မည်။ သို့နှင့် ….. သူ အစီအစဉ် ဆွဲ၏။ သူ့တပ်မှ အိမ်ထောင်သည် မိသားစုများကို စု၍ ``ကျော့ကေခို``ရွာတွင် ထား၏။ အိမ်ထောင်သည် မိသားစုများကို စောင့်ရှောက်ရန် ဗိုလ်ကြီး ကွယ်လားကို တာဝန်ပေး၏။ တိုက်ရေခိုက်ရေ ပြည့်ဝသည့် တပ်သား ၄ဝ ရွေးထုတ်ပြီး လက်နက်အပြည့်အစုံနှင့် ``ပိတခ``ရွာတွင် နေရစ်စေ၏။ ပြီးလျှင် …. သူနှင့် ရဲဘော် ၁၅ဝ တို့သည် ရန်သူ၏ ကမ်းလှမ်းချက်အတိုင်း ရန်သူဗိုလ်မှူးနှင့် တွေ့ရန် ``မောကို``ရွာသို့ ထွက်ခဲ့ကြ၏။ ``မောကို`` ရွာတွင် ရန်သူတပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးယဉ်အေးနှင့် တွေ့၏။
ပထမ …. ဗိုလ်ယဉ်အေးသည် သူတို့ကို မောကိုတွင် တညအိပ်စေပြီးမှ ဖားအံသို့သွားရန် ဖြစ်သည်။ သို့သော် သူတို့တပ်အင်အားကို ကြည့်ပြီး စိုးရိမ်လာသည်နှင့် တူ၏။ မောကိုတွင် ညမအိပ်တော့ဘဲ ….. ဖားအံသို့ ညတွင်းချင်းသွားရန် စီစဉ်တော့သည်။ ဖားအံသို့ သူတို့အဖွဲ့ ည ၈ နာရီခန့်တွင် ရောက်၏။ သူတို့ကို …. ရေတပ်မှ စစ်သင်္ဘောတစီးနှင့်အပြည့် ရန်သူ့ စစ်သားတို့က ဝိုင်းထားလိုက်ကြသည်။
နောက်တနေ့ နံနက်မှာပင် ဒု-ဗိုလ်မှူးကြီးယဉ်အေး၏ ကိုယ်ရေးအရာရှိ စစ်ဗိုလ်တယောက် သူနှင့် လာတွေ့၏။ သူတို့ကို လက်နက်ချရန် လာပြောခြင်း ဖြစ်သည်။ သူက …… ``ခင်ဗျားတို့ စာရေးတုန်းကတော့ တမျိုး၊ လာပူးပေါင်းရင် ကရင်ပြည်နယ် ပြန်အပ်မယ်ဆို။ အခုတော့ လက်နက်ချခိုင်းနေတယ်။ ဒါ …. ဘာသဘောလဲ``
ရန်သူ့စစ်ဗိုလ်က …. ``မပူပါနဲ့၊ ခဏလေးပါ။ လူထုအမြင်ကောင်းအောင် လက်နက်ချပြီး ဓာတ်ပုံရိုက်မယ်။ ပြီးရင် လက်နက်တွေ ပြန်ပေးမယ်`` ဟု ပြော၏။ ဤသို့နှင့် …. သူတို့၏ လက်နက်ချပွဲ အခမ်းအနားကို ဖားအံတွင် ပြုလုပ်၏။ အခမ်းအနားတွင် သူ့ကို မိန့်ခွန်းပြောစေသည်။
``ကျနော်တို့ဟာ အစိုးရကို တော်လှန်ခဲ့တာ ဖြစ်တယ်။ အခု ကျနော် ဒီကိုရောက်လာတော့ ဗမာ့တပ်မတော် တပ်မှူးကြီးတွေက ကျနော်တို့ကို တကယ့် ညီအကိုရင်းလို ဆက်ဆံတာကို တွေ့ရလို့ များစွာ ကျေနပ်အားရမိတယ်။ ကျနော်တို့ အခု ဖြစ်ပွားနေတဲ့ ပြဿနာဟာ ပြည်တွင်းရေးပြဿနာပဲ ဖြစ်တယ်။ ဒီပြဿနာကို ညီအကိုအချင်းချင်း တွေ့ဆုံဖြေရှင်းရင် ရပါတယ်။ တွေ့ဆုံဖြေရှင်းကြဖို့ပဲ။ ဒါပေမဲ့ ကျနော်တို့ခေါင်းဆောင်တွေဟာ ဒီလိုမလုပ်ဘဲ တရုတ်ဖြူတွေကို ခေါ်လာတယ်။ ဒါကို ကျနော်တို့ သဘောမတူနိုင်ပါ။ တိုင်းရင်းသားအချင်းချင်း ဖြစ်တဲ့ပြဿနာဟာ အချင်းချင်းပဲ ဖြေရှင်းသင့်ပါတယ်။ ဒါကြောင့် ကျနော်တို့ အခုလို ဒီကိုရောက်လာတာ ဖြစ်တယ်။ ကျနော် ကော်သူးလေနဲ့အတူ နေခဲ့တုန်းက ကျရောက်တဲ့ တာဝန်ကို တိတိကျကျ လုပ်ဆောင်ခဲ့တယ်။ အစိုးရတပ်ကို ရဲရဲပဲ တိုက်ခဲ့တယ်။ အခုတော့ အစိုးဘက်ကို ရောက်လာခဲ့ပြီး အစိုးရကို ပြန်ပြီး အကျိုးပြုသွားမှာပဲ။ ကျရောက်တဲ့ တာဝန်ကို အကောင်းဆုံး လုပ်သွားပါ့မယ်``
သူ၏ မိန့်ခွန်းထဲတွင် ဤသို့ ထည့်ပြောလိုက်သဖြင့် ရန်သူစစ်ဗိုလ်သည် သဘောကျ၏။ လက်နက်ချပွဲ အခမ်းအနားပြီးပြီ။ သူတို့၏ လက်နက်များကိုမူ ရန်သူက ပြန်မပေးသေး….။ ပြဿနာတော့ ရှိလာပြီ။ သူက …. တပ်ရင်းမှူး ဗိုလ်ယဉ်အေးနှင့် တွေ့ပြီး သူ၏ လက်နက်များ ပြန်တောင်း၏။
ဗိုလ်ယဉ်အေးက …. ``ကျနော်တို့ ဋ္ဌာနချုပ်မှာ အမိန့်ရှိထားတယ်။ လက်နက်ချတွေကို အော်တိုမတ်တစ် သေနတ်တွေ ပြန်မပေးရဘူး။ ရိုင်ဖယ်သေနတ်ပဲ တပ်ဆင်ရမယ်`` ဟူ၍ ရှင်းပြ၏။
သူက …. ``အခု ကော်သူးလေတွေဟာ လက်နက်ကောင်းတယ်။ ကျနော်တို့ကတော့ အစိုးရကို ကောင်းကောင်း အကျိုးပြုချင်တာပဲ။ ဒီလိုအကျိုးပြုနိုင်ဖို့ ခင်ဗျားတို့က သဘောမတူဘူး။ အားမပေးဘူးဆိုရင်လည်း လက်နက်ကို ပြန်မပေးပါနဲ့။ ကျနော်တို့လည်း စစ်သားမလုပ်ဘူး။ အရပ်သားရိုးရိုးပဲ လုပ်တာကောင်းပါတယ်``
သူ့စကားကြောင့် ရန်သူ့စစ်ဗိုလ်သည် အကျပ်တွေ့သွား၏။ သူ မဖြေရှင်းနိုင်။ ဋ္ဌာနချုပ်သို့ မေးမြန်းပြီး အကြောင်းပြန်ပါမည်ဟူ၍ သူ့ကို စကားပြန်၏။ ၂ ရက်ခန့် ကြာသည့်အခါ၌ ရန်သူတပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ယဉ်အေးသည် သူ့ထံသို့ လာပြီး၊ ဋ္ဌာနချုပ်မှ အကြောင်းပြန်ကြားချက်ကို ပြောပြ၏။
``ဌာနချုပ်က ခင်ဗျားကို လက်နက်အားလုံး ပြန်ပေးဖို့ အမိန့်ရပြီ။ ဌာနချုပ်က ပြောပါသေးတယ်၊ ဘိုမြဟာ အရှေ့တိုင်းက ကရင်ဖြစ်တယ်၊ ရိုးသားတယ်။ အရှေ့တိုင်းကို ပျက်စီးအောင်လာလုပ်တာက မြစ်ဝကျွန်းပေါ်က ကရင်တွေ ဖြစ်တယ်``
ရန်သူသည် သူတို့အပေါ် ယုံကြည်မှုရှိလာသည်ဟု ထင်၏။ ပိုမို ယုံကြည်မှု ရှိလာစေရန် သူက သူနှင့် သူ့ရဲဘော်များ မော်လမြိုင်သို့ သွားရောက်လည်ပတ် ကြည့်ရှုလိုကြောင်း ပြောသည်။ ရန်သူသည် သူတို့ကို နောက်နေ့တွင်ပင် မော်လမြိုင်သို့ ပို့ပေး၏။ မော်လမြိုင်တွင် အထူးဧည့်သည်အဖြစ် ထား၏။ သူတို့၏ စက်ယန္တရားများကို လိုက်ပြ၏။ စစ်သင်္ဘောများ၊ သံချပ်ကာကားများနှင့် လက်နက်ကြီးအမျိုးမျိုး ပြ၏။ မသိမသာ ခြိမ်းခြောက်ခြင်း ဖြစ်သည်။ မော်လမြိုင်မှာ သူတို့ ရှိနေစဉ်မှာပင် … ရန်သူ ဗဟိုစစ်ဋ္ဌာနချုပ်မှ မော်လမြိုင်ရှိ ရန်သူတပ်မဟာမှူးထံသို့ ကြေးနန်းဝင်လာ၏။
``ဘိုမြအား နေရပ်သို့ အမြန်ပြန်ပို့ရန် ``
``ဘိုမြ မရှိခိုက် ယင်းဒေသတွင် ဓားပြများ သောင်းကျန်းနေသည်``
ရန်သူ့တပ်မဟာမှူးက သူတို့ကို ရေတပ်သင်္ဘောနှင့်ပင် ``ကရှုတူး`` သို့ လိုက်ပို့၏။ ``ကရှုတူး``မှ ``မြပတဲ``သို့ ခြေလျင်ခရီး ဆက်၏။ ရန်သူ့တပ်မဟာမှူးက သူနှင့် ခွဲခါနီးတွင် ….
``ခင်ဗျားဟာ သူပုန်ဖြစ်ပေမယ့် သမိုင်းကောင်းတယ်။ ကျနော်တို့ ခင်ဗျားနဲ့ပတ်သတ်ပြီး ထောက်လှမ်းရေး သတင်းတွေ ရတယ်။ ပုလိပ်ရုံးမှာလည်း ကောင်းတဲ့မှတ်တမ်း ရှိတယ်`` ဟူ၍ ပြောသွားခဲ့သေး၏။
နောက်နေ့တွင်ပင် သူသည် KPLA တပ်မှူး ဗိုလ်မှူးချုပ် ``တာကပေါ်`` ထံသို့ ပြန်သွားခဲ့၏။ သူပုန်တပ်သား ပြန်ဖြစ်သွား၏။ စုစုပေါင်း ၁၅ ရက်ကြာ လက်နက်ချခဲ့ခြင်း….။
ကိုးကား…
- စောဘိုမြ၏ ကျနော် တင်ပြလိုသည့် ကျနော့ဖြတ်သန်းမှု အစစ်အမှန်
- ကရင်သမိုင်း သုတေသနအဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံသစ်စာစောင် (အမှတ် ၁ မှ ၇ အထိ)
- ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး
- ဆရာကြီး ဖူးစကောလယ်တော၏ ကရင်တော်လှန်ရေး သမိုင်းမှတ်စုများ
- အောင်စောဦး၏ ပြည်တွင်းစစ် နှစ် (၅ဝ)
- ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်
- သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (အတွဲ - ၅)
- BLC သင်တန်းကျောင်းတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်မြ၏ မိန့်ခွန်း စီဒီချပ်
- သနူထူး ဂျာနယ်များ
- ကရင့်သတင်းစဉ်
Friday, April 10, 2009
ကရင့်အမျိုးသား လွတ်မြောက်ရေး ခရီးနှင့် … စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ်နှင့် နိုင်ငံရေး လုပ်သူ အပိုင်း (၂)
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
April
(446)
- NLD ပြည်နယ်နှင့်တိုင်းအစည်းအဝေး သဘာပတိမိန့်ခွန်း၊ ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၁)လ ပြည့် ၀မ်း...
- ၀မ်းနည်းကြေကွဲခြင်း
- ဗ.က.သ ကဂုဏ်ပြုတဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုရှင် ကိုမ...
- တ၇ားမရှိတဲ့ ရှေ့ နေချုပ် ဇီဝိန်တော့ချုပ်တော့မယ်..
- ကိုညီညီထွေး ၏ အင်တာဗျူး
- ဧပြီ ၂၉ ၂၀၀၉ သတင်းများ
- မကောင်းဆိုးဝါးတွေကို ကမ္မဝါနဲ့ နှင်ရအောက်
- မင်း ကိုနိုင် မဲ့ မင်းကိုနိုင်
- NLD အစည်းအဝေး ၏ သဘာပတိ မိန့် ခွန်း
- အသက်ရှူတာခြင်းကွဲသေးတယ်..ရှက်ဖွယ်
- NLD LA သြစတေးသျှ ၏ သတင်းထုတ်ပြန်ချက် - ဧပြီလ ၂၉ -၂၀၀၉
- တရုတ်တွင် တတိယမြောက်မျိုးဆက် ရေအားသုံးအဏုမြူဓာတ်ပေ...
- ဟောင်ကောင်နှင့် ကနေဒါသုတေသနပညာရှင်တို့က H5N1 တုပ်ေ...
- ဒီမိုကရေစီ မဆန်တဲ့ အချက်တွေကို ပြုပြင်ပေးလျင် NLD ...
- အန်အယ်ဒီ၏ ရွှေဂုံတိုင် ကြေညာစာတမ်း
- ၀က်တုပ်ကွေးကြောင့် အမေရိကန်မှာ ကလေးငယ် တဦးသေဆုံး
- နေပြည်တော်တွင် လေဆိပ်အသစ်တဲ့
- တွံတေးတွင် ဝက်များ အစုလိုက် သေဆုံးနေ
- နာဂိုယာ(ဂျပန်)ဒီမိုကရေစီလှုပ်ရှားမှု
- နာဂစ်သင့်ဒေသများ ကန်ရေသုံးမရ သောက်သုံးရေ အခက်အခဲဖြ...
- ကုစားရာမဲ့ စိတ်ဒဏ်ရာ ခံစားနေရသူများ
- ဆန်ဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာ
- Postcard from Beijing ဆိုပြီး attachment file နဲ့ ...
- မြန်မာပြည်မှာခွေးတုတ်ကွေးဖြစ်နေတယ်
- NLD News
- ဧပြီ ၂၈ ၂၀၀၉ သတင်း
- ဧပြီ ၂ရ ရက် ၂၀၀၉ သတင်းများ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ပထမနေ့ အစည်းအေ...
- အချက်သုံးချက်ကို လိုက်လျောရင် NLD ရွေးကောက်ပွဲဝင်မည်
- မြန်မာပြည်သူများအတွက် BDC ၏ ဝန်ဆောင်မှုအသစ်
- ဝက်တုတ်ကွေူး ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အထူးအစည်းအဝေးမှ သဘာ...
- စစ်သားများကို ပြည်သုံးလုံး အစီအစဉ်ဖြင့် ပြောင်းရွှေ...
- ဗိုလ်တစ်ထောင်၂လောင်းပြိုင်လူသတ်မှု ဖမ်းမိပြီ။ ၅လော...
- မြန်မာစစ်တပ်(ဘုရားစူးမြန်မာပြည်သူ့ တပ်မဟုတ်ရပါ)ကေ...
- ကြပ်ပြေးကအဘအိုတို့  ရေ....သိပ်လည်းမကြောက်ကြပါနဲ့ဗျ...
- အန်အယ်ဒီ အစည်းအဝေးသို့ လုံခြုံရေးများ စောင့်ကြည့်
- စုံညီအစည်းအဝေးအတွက် အန်အယ်လ်ဒီပါတီဝင်များ အနှောင့်...
- ကေအန်ယူကို ဒီကေဘီအေ ထိုင်းမြေအတွင်းမှ ၀င်တိုက် ထို...
- ၀က်တုပ်ကွေးကူးစက်မှု သတိပေးအဆင့် WHO တိုးမြှင့်
- နာဂစ်ဒေသတွင် သောက်ရေ ရှားဦးမည်
- ငွေမပေးနိုင်ခြင်းကြောင့် မြန်မာအလုပ်သမားတချို့ DKB...
- DKBA ဧ၊် သက်သက်လွတ်စားရန်အမိန့်ကိုမကျေနပ်သည် ဗုဒ္ဓဘ...
- ကျောက်ထုလုပ်သား အင်္ဂါကို မီးရှို့၍ စစ်ဆေး
- ရူးချင်ယောင်ဆောင်မနေနဲ့ ....မာယာတွေပေါ်မှာ ချီးပန်း...
- KNUကို DKBAထိုင်းနယ်မြေအတွင်းမှဝင်တိုက်၊ ထိုင်းစစ...
- “NLD၊ KNU တို့ ကို အမျိုသားရေးအတွက် အကာအကွယ်ပေးကြပါ”
- Invitation letter of Nargis (1) Year Anniversary P...
- ဟွန်း ဆင်းရဲရင်ဆင်းကြည့် ကြိုင်ကြိုင်တဲ့ လေးလောင်း...
- အလှူငွေ စာရင်း..!
- သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြေ...
- April 25 2009 သတင်းများ.
- Karen National Union Statement on 2010 Elections
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှထုတ်ဝေသော ဧပြီလထု...
- မြေသြဇာအဖွဲ့ဝင်တဦး အဖမ်းခံရ
- ကြောက်စရာ ၀က်တုပ်ကွေးရောဂါ သတင်း နှင့် ကာကွယ်ရန်အခ...
- IC LIVE TOUR IN Japan အောင်မြင်စွာပြီစီးခြင်း
- North Korean Artist Sun Mu ၏ပုံရိပ်များ
- ဒို့ ကျောင်းသား
- GWကိုစောမောင် ကျန်းမာရေးမကောင်း
- ANTI-SANCTIONS ဘာလဲ၊ ဘယ်လဲ
- ရာဇဝတ်ကောင်
- ပြောခြင်တာပြော
- မိုးသီးရွာချမှုကြောင့် လက်ဖက်တောင်သူများ အခက်အခဲကြုံနေ
- မလေးရှားမှ မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်၌ သေဆုံး
- ဂြိုဟ်တုစလောင်းများကို ပိတ်ပင်သင့်ကြောင်း မြန်မာသတ...
- ရှားရှားပါးပါး ၁၉၅၄ ခုနှစ်က ဟောလိဝုဒ်ရုပ်ရှင်ပိတ်...
- မြန်မာကို အမေရိကန် ဆက်ပိတ်ဆို့ရေး ပညာရှင်တချို့ တိ...
- ကိုမင်းကိုနိုင် ဆုရပြန်ပြီ
- နအဖ စစ်တပ် ယုတ်ကန်းမှု့များ
- ၂ဝ၁ဝ ကိုမေ့ပြီး ကုလားဆီ အာရုံပြောင်းအောင်လုပ်နေတာ
- I AM KILLER
- DJ 2010
- သေပြည်တော်မှာ သေရင်..လင်းတစာဘဲကြွေးရမယ်တဲ့
- ဆရာလူထုစိန်ဝင်း၏ `နန္ဒောပနန္ဒ နဂါး ချွတ်တော်မူပုံ´ေ...
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၂)
- အချင်းချင်း ဖြောင်တာမို့ ..မင်းတို့ ပါးစပ်တွေ ပိတ်...
- မီးတော့ မပေးဖူး။ မီးစက်နဲ့  ၀ယ်လုပ်..အခွန်အတုတ်မှ...
- ဧပြီ ၂၂ ၂၀၀၉ သတင်းများ
- နယ်ချဲ့ ဆိုတာ.တိုင်းတပါးမှ မဟုတ်ဖူး
- ဇာဂနာ ထောင်တွင်း၌ သတိလစ်သွား အသည်းရောင်အသားဝါကြောင...
- လူသေလို့ မီးရှို့မရရင် သန်းရွှေ အိမ်ရှေ့မှာသွားပုံထား
- နောင်တ မရကြစေချင်ပါ
- သိကြားမင်း စီရင်ချက် ယမမင်း အခက်
- သူတို့ပြောတာအမှန်တွေ မယုံနဲ့ ငါလိမ်ပြောတာကြယုံ
- ထေရ၀ါဒဘုန်းကြီးကျောင်းသစ်ဖွင့်လှစ်ပွဲအခမ်းအနား
- ဂူးဂဲလ်၊ ဂျီတော့ခ် (ဂျီမေးလ်) အကြောင်း တစေ့တစောင်း
- လုပ်ချလိုက်ပြန်ပြီ..သာသနာညှိုးနွမ်းစေမှုတဲ့
- မြောက်ဥက္ကလာနှင့် မန္တလေးတွင် ဝမ်းရောဂါ ဖြစ်ပွားနေ
- ဘဘတို့ အတွက် ကြိတ်ဝိုင်း
- ဦးထိန်မောင် ကို ဘာသာပြန် ပေးတဲ့ ငတတ်ကြီး တိမသေ ဇာ...
- လက်ဖက်ရည်ဆိုင် လှုပ်ရှားမှု စတင်စို့ 
- အတတ်ဆန်းတိုင်း ကောင်းတာမဟုတ်..
- စည်းကမ်းဆိုတာ စာရွက်ပေါ်တင်ဘဲ..ဘဘတို့ လည်း ကြည့်ခ...
- အိုးမည်း ပေနေတဲ့ ကြက်တစ်ကောင်
- မြန်မာတပြည်လုံး ထောင်ထဲမှာ..
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၁)
- အနှစ် ၂၀ ကြာ..တိုင်းပြည်လုယက်ထားသူကို မမြင်..ဘေးက ...
- အန်အယ်လ်ဒီ အထူးအစည်းအဝေး ကျင်းပမည်။
- ချိန်တန်ပြီ
- ဧပြီ ၂၁ ၂၀၀၉ သတင်း
- ဝတပ်မတော်ကြီးရဲ့ စစ်ရေးပြပွဲ
- Voice of Burma April 19 2009
- ဇိုယာဖန်ရေးသားတဲ့ သူ့ ဘဝအကြောင်း
- နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး တောင်းဆိုတဲ့ လက်...
- လူပျောက်ကြော်ငြာ
- ရုရှားနိုင်ငံသားတစ်ဦး၏ အဆုတ်တွင် ထင်းရှုးပင်ပေါက်ေ...
- ဘိုကလေးတွင် ဝမ်းရောဂါဖြစ်ပွားမှု အဆမတန်များပြားနေ
- ဇနီးကို မထီမဲ့မြင် လုပ်သည်ဟုဆိုကာ အရာရှိမှ ရွာသားက...
- ဒေါ်အောင်ဆန်းစုကြည်နှင့် နိင်ငံရေးအကျဉ်းသား များအမြ...
- စစ်အစိုးရကို ပိုဖိအားပေးရေး အမေရိကန် လွှတ်တော်အမတ်ေ...
- ဂျပန်သတင်းထောက် အသတ်ခံရသည့် ပူလီဇာဆုရ ဓါတ်ပုံ သတင်...
- အဝေးရောက်သားတွေ ပြန်ဆုံနိင်ကြပါစေ
- အဖေ မရှိတော့ ပထွေးရှာမိတာပါ
- ငါ့ကို ကော်မရှင်သာပေးလေ..မင်းဘဲလုပ်ကိုင်စားစေ.
- လယ်ယာ သိမ်းပိုက်ခံနေရကြောင်း တိုင်းရင်းသား လူငယ်မျ...
- သမိုင်းကို ကိုယ်ကျိုး အတွက် အရောင်မဆိုးသင့်
- ပိုက်ဆံရရင် အကုန်လုပ်တယ်..ချောင်းရိုက်ပေးရမလား..အမ...
- ကောင်းကင်ခရီး ကြွချီနေတဲ့ ရဟန်းတော် တစ်ပါးပုံတော်ဖ...
- တက္ကသိုလ်ကျောင်းသားသမဂ္ဂ
- ကျော်သူရဲ့ ဆုတံဆိပ်
- Mr Creater ရဲ့ ထိုးနက်ချက်
- ဧပြီ ၂၀ ၂၀၀၉ သတင်း
- NDF က UWSP နဲ့ လက်တွဲသွားမည်ဟု ဆို
- နေပြည်တော် ကြပ်ပြေးကြက်ခြင်းထဲက ကြက်ဘယ်အတက်နဲ့ ခွပ...
- ကျွန်တော်လေးစားမြတ်နိုးအပ်တဲ့ ဆရာစိုင်းခမ်းလိတ် အခ...
- မုံရွာထောင်ထဲက တက္ကသိုလ်ကျောင်းသူ
-
▼
April
(446)
No comments:
Post a Comment