Thursday, March 12, 2009

ရေပါ ရင်လား ၀င်ခဲ့..FEC နဲ့ ဖြတ်စားဖို့  အဆင်သင့်ဘဲ..

ကုလအကူအညီ ရိုဟင်ဂျာထံပေးရေး စစ်အစိုးရ သဘောတူ
13 March 2009


မြန်မာပြည်က လှေစီးပြီး ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာမွတ်ဆလင်များနေထိုင်ရာ ရခိုင်ပြည်နယ်မှာ ကူညီထောက်ပံ့ပေးလုပ်ငန်းများ လုပ်ဆောင်သွားမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) က ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အဲဒီလိုလုပ်ဆောင်ဖို့ စစ်အစိုးရက ကြာသပတေးနေ့မှာ သဘောတူ ခွင့်ပြုခဲ့ကြောင်း၊ ကျန်းမာရေး၊ ပညာ ရေး၊ ရေနဲ့မိလ္လာ သန့်ရှင်းရေး၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အဦ စတဲ့လုပ်ငန်းတွေကို လုပ်ဆောင်သွားဖို့ စီစဉ်ထား ကြောင်း ဖြင့် UNHCR မင်းကြီး အန်တိုနီယို ဂူတာရပ်စ် (Antonio Guterres) ကပြောဆိုပါတယ်။

ကြာသပတေးနေ့မှာကုန်ဆုံးတဲ့ မြန်မာနိုင်ငံသို့ ၆ ရက်ကြာခရီးအတွင်း UNHCR မင်းကြီး ဂူတာရပ်စ်ဟာ မြန်မာစစ်အစိုးရခေါင်းဆောင်များ နဲ့ ဆွေးနွေးခဲ့ပြီးရခိုင်ပြည်နယ်မြို့တော် စစ်တွေကို သွားရောက်ခဲ့တဲ့အပြင် နိုင်ငံတောင်ပိုင်း ဘိတ်မြို့ကိုလည်း ရောက်ရှိ သွားခဲ့ပါတယ်။

မကြာသေးခင်လများအတွင်းက ထောင်ဂဏန်းများနဲ့ချီရှိတဲ့ ရိုဟင်ဂျာများဟာ မြန်မာပြည်ကနေ လှေများစီးပြီး ထိုင်းနဲ့ အိမ်နီးချင်း နိုင်ငံများ ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်