Sunday, March 1, 2009

ဧရာဝတီ၊ ယူဒီပီနှင့် လူလိမ်ဦးကျော်မြင့်

အီးမေးလ်ဖြင့်ပေးပို့သူ - မြင့်ဇော်ထွန်း

မှတ်ချက် ။ ။ ကျွန်တော်သည် ဧရာဝတီမဂ္ဂဇင်းနှင့်သော်လည်းကောင်း၊ ကိုတင်မောင်ထူး(ကနေဒါ) နှင့် သော်လည်းကောင်း၊ အခြားနိုင်ငံရေးအဖွဲ့ အစည်းများ၊ စာစောင်များနှင့်သော်လည်းကောင်း လုံးဝပတ်သက် ခြင်းမရှိပါ။ ၈၈ကျောင်းသားဟောင်းတဦးဖြစ်ပြီး မြန်မာနိုင်ငံရေးကိစ္စများကို အစဉ်တစိုက်လေ့လာခဲ့သူတဦး ဖြစ်သည်။ ကျွန်တော်သည် မနေ့တနေ့ကမှ ဤ ၈၈ ရာဟူးအုပ်စုတွင် မိတ်ဆွေတဦး၏ နာမည်ကို အလွဲသုံးစား ပြုလုပ်ကာ အများထင်ယောင်ထင်မှားဖြစ်စေရန် စာရေးသားဖြန့်ဝေနေခြင်းကို ၀င်ရောက်ကာကွယ်ပြောဆို ရန် ရောက်လာခြင်းဖြစ်သည်။ ကျွန်တော်၏ မိတ်ဆွေသည် အော်တိုဝါမြန်မာသံရုံးတွင် ၂၀၀၀ ပြည့်အစောပိုင်း ကာလများအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ နေပြည်တော်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသူဖြစ် သည်။

အဆိုပါနာမည်ဝှက်များနှင့် စာရေးသားသူသည် ၄င်းနှင့်ရင်းနှီးသော သို့တည်းမဟုတ် ၄င်းမုန်းတီးသော နာ မည်ထင်ရှားသည့် လူ ၄ ယောက်ခန့်၏အမည်ကို အသုံးပြုကာ ဧရာဝတီမဂ္ဂဇင်းကို တိုက်ခိုက်ခြင်း၊ ယူဒီပီပါတီ (ကျုံယွမ်ကျော်မြင့်)ကို ချီးမွမ်းထောပနာပြုထားသော ၀ါဒဖြန့်စာပေများ၊ ဗိုလ်မှူးအောင်လင်းထွတ်ကို ပုဂ္ဂိုလ် ရေးအရ တိုက်ခိုက်ထားသော စာများဖြန့်ချိခြင်းကို အစဉ်တစိုက်ပြုလုပ်ခဲ့သည်။ အဆိုပါ ပုဂ္ဂိလ်သည် အင်္ဂလိပ် စာတွင် ချာတူးလန်ရုံသာမဟုတ်၊ မြန်မာစာကိုလည်း ကောင်းမွန်ကြေညက်အောင် ရေးသားနိုင်ခြင်းမရှိပါ၊ ဦး နှောက်ဉာဏ်နည်းလေစွတကား။ ယူဒီပီ ကောင်းကြောင်းကို ဖြန့်ချိသူသည် မည်သူဖြစ်မည်နည်း။ ဦးကျော်မြင့် ကို ကာကွယ်သူသည် မည်သူဖြစ်မည်နည်း။ လူတိုင်းသိပါသည်။ အဘယ်ကြောင့်ဆိုသော် ယူဒီပီမှာ ဦးကျော် မြင့်အပါအ၀င် လူသုံးယောက်သာ ကျန်တော့၍ဖြစ်သည်။ ကျန်အရန်ပါတီဝင်များမှာ နိုင်ငံခြားမှာ အနေကြာ သော မြန်မာများ၊ ဦးကျော်မြင့်အကြောင်း တလုံးတပါဒမျှ မရိပ်မိမသိရှိသောသူများ ဖြစ်ကြသည်။

ယူဒီပီကျော်မြင့် ခေါ် ကျုံယွမ်းကျော်မြင့်သည် မနေ့တနေ့ကပင် Irrawaddy magazine ကို တရားစွဲမည်ဖြစ် ကြောင်း ဗွီအိုအေမှ အသံကောင်းဟစ်ခဲ့သည်။ ၄င်းအနေဖြင့် Irrawaddy ကို တရားစွဲမည့်အစား Janes Intelligence Agency; Vancouver Sun သတင်းစာမှ David Baines နှင့် CIA တို့ကို အရင်တရားအရင်စွဲ သင့်ကြောင်း အကြံပေးလိုသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့မှ ဦးကျော်မြင့်နှင့် ပတ်သက်၍ ဖြန့်ချိထုတ် ဝေထားသော စာရွက်စာတမ်းများ ယနေ့တိုင် အင်တာနက်စာမျက်နှာများတွင် ဖတ်ရှုနိုင်သေး၍ ဖြစ်သည်။

ဦးကျော်မြင့်ကို ရန်ကုန်ပြန်ရန် စဉ်းစားသည့်အတွက် အလွန်အံ့သြမိပါသည်။ သူလုပ်ခဲ့သောပြစ်မှုမှာ များပြား လွန်းသဖြင့် သူ့ကို အစိုးရက မည်သို့ပြန်လည်လက်ခံမည်ကို စဉ်းစား၍မရနိုင်အောင်ရှိသည်။ ရန်ကုန်လူလတ် တန်းစားများ၊ အစိုးရအရာရှိများ၊ စီးပွားရေးသမားများ၊ ဥပဒေအကျိုးဆောင်များ၊ တရားသူကြီးများက ဦး ကျော်မြင့်၏ တခုတ်တရ ငွေလိမ်လည်မှုဇာတ်လမ်းကို မေ့မရနိုင်အောင်ရှိနေပါသေးသည်။ အစိုးရက ၂၀၁၀ ရွေးကောက်ပွဲအတွက် ကောင်းကောင်းမွန်မွန် ပြန်လည်လက်ခံလိုသည်မှာ နိုင်ငံရေးသမားများကိုသာဖြစ် သည်။ သူတို့လက်ခံလိုသည်မှာ ပြည်သူ့ငွေကို လိမ်လည်ထွက်ပြေးသွားသော ရာဇ၀တ်သား မဟုတ်ရပါ။ ထို စဉ်က ငွေကြေးဆုံးရှုံးခဲ့သူများကို ဦးကျော်မြင့်အနေနှင့် မေမပစ်သင့်ပါ။

ဦိးကျော်မြင့်သည် လိမ်လည်ခြင်းကို တဖက်ကမ်းခပ်အောင် တတ်မြောက်ပြီး အရှက်အကြောက်တရား ငါးပြား ဖိုးမျှမရှိသူဖြစ်ကြောင်း ဗွီအိုအေအင်တာဗျူးကို နားထောင်ရုံနှင့်ပင် သိနိုင်သည် ။ ထိုသူသည် အရှက်အ ကြောက်တရားမရှိရုံသာမက ပညာဉာဏ်နည်းပါးလှကြောင်း၊ ကျောင်းပညာ ကောင်းကောင်းမတတ်ကြောင်း၊ သူပြောသောစကားများနှင့် သူ၏လုပ်ရပ်များကို ကြည့်ရုံနှင့်သိနိုင်ပါသည်။ Janes Intelligence Agency ၏ စ ကားကို ငှား၍သုံးရမည်ဆိုလျှင် ဦးကျော်မြင့်သည် ယခုအချိန်အထိ Jungle Boots style အဆင့်သာရှိပါသေး သည်။

ထောင်မှထွက်ပြေးပြီး အမေရိကသို့ရောက်ခဲ့သော၊ သူ့ကိုယ်သူ ဟားဗတ်တက္ကသိုလ်သို့ တနှစ်တက်ခဲ့သည်ဟု ပြောသော၊ မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခံရသည်ဟုပြောသော ဦး ကျော်မြင့်၏လူနေမှုဘ၀ပုံစံသည် အလွန်အငြင်းပွားစရာကိစ္စဖြစ်သည်။ သူသည် ချမ်းသာကြွယ်ဝ၍ စီးပွားလုပ် ရပိုမိုလွယ်ကူသော အမေရိကန်သို့ရောက်ရှိပြီးကာမှ ကနေဒါသို့ရောက်ရှိလာကာ ကနေဒါနိုင်ငံအတွင်းမှာပင် တမြို့ပြီးတမြို့ပြောင်း၍နေရသည်မှာ စဉ်းစားစရာဖြစ်သည်။ ယခုလည်း ဗန်ကူးဗားမှထွက်ပြေးပြီး မြန်မာပြည် တွင် နိုင်ငံရေး၊ စီးပွားရေး၊ ပြည်သူအများတိုးတက်ရေးကိုလုပ်ချင်သည်ဟု လေသံကောင်းဟစ်ပြန်သည်။ သူ လို စီးပွားရေး နကန်းတလုံးမျှနားမလည်သော၊ ကတုံးပေါ်ထိပ်ကွက် ငွေလျှောက်လိမ်ဖို့ကိုသာ စဉ်းစားတတ် သောသူသည် မြန်မာပြည်တွင် မည်ကဲ့သို့သော စီးပွားရေးကိုလုပ်မည်နည်း၊ ဗန်ကူးဗားတွင်နေသော မြန်မာ မိတ်ဆွေများအနေဖြင့် ဦးကျော်မြင့် မည်ကဲ့သို့သော စီးပွားရေးလုပ်သည်ကို လေ့လာစုံစမ်းသင့်ပါသည်။ ဘာ စီးပွားမျှ သူ့မှာမရှိပါ။ သူ၏ရုံးတွင် ရှယ်ယာရောင်းသလိုလို ငွေချေးသလိုလို တရုတ်ပြည်တွင် လုပ်ငန်းကြီးများ ပိုင်ဆိုင်သလိုလို လိုလိုများနှင့်သာပြည့်နေသည်။ သူ၏ အေးဂျင့်များမှရောင်းချသော ရှယ်ယာများအကြောင်း ကိုလည်း မိတ်ဆွေများ အလျဉ်းသင့်သလို လေ့လာကြည့်နိုင်ပါသည်။ သူရောင်းသောရှယ်ယာကို ၀ယ်မိလျှင် နောက်ဆုံးတွင် ငါးပြားတစေ့မျှ ပြန်၍မရနိုင်သော ကျုံယွမ်းအလားတူဇာတ်လမ်းမျိုးနှင့် တည့်တည့်တိုးရမည် သာဖြစ်သည်။

ဦးကျော်မြင့်သည် လူချမ်းသာဟန်ဆောင်နိုင်ရန်၊ ထင်ပေါ်ကျော်ကြားသော၊ ရာထူးရှိသောသူများ အကြားတိုး ၀င်နိုင်ရန်အတွက် နည်းမျိုးစုံသုံးကာ စားရိတ်ပွန်းနေသူတဦးဖြစ်သည်။ သူသည် ထိုဓာတ်ပုံများကို လူတကာ လျှောက်ပြကာ၊ အင်တာနက်စာမျက်နှာများတွင်ကြော်ငြာကာ မျောက်ပြဆန်တောင်းနေသူတဦးသာဖြစ်သည်။ ဥပမာအားဖြင့်ဆိုလျှင် လူအထင်ကြီးစေရန် သံရုံးအရာရှိများဖိတ်ကြား၍ ညစာကျွေးခြင်း၊ ထင်ရှားသော နိုင်ငံ ရေးသမားများကို ငွေနှင့်မျှား၍ ခေါ်ယူခြင်းတို့ကို အစဉ်တစိုက်ပြုလုပ်လျှက်ရှိသည်။

အင်တာနက်စာမျက်နှာများတွင်တွေ့ ရသော သို့လောသို့လော ငွေကြေးထောက်ပံ့မှုများ ဟုတ်မဟုတ်သိလို လျှင် ပါတီဝင်ဟုယူဆရသူများကို မေးမြန်းကြည့်စေလိုသည်။ ထိုသူတို့က အမှန်တရားကို ပြောပြနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ငါးမျှားချိတ်တွင်တွေ့ရသော ငါးစာမှာ တီကောင်ဖြစ်နိုင်သလို ပလပ်စတိတ်အရုပ် လည်း ဖြစ်နိုင်သောကြောင့်ပင်။ ကျွန်တော့်အထင် ထိုပါတီဝင်ဆိုသူများသည် ဦးကျော်မြင့်နှင့် ရေရှည်နှစ်ပါး သွားနိုင်မည်မထင်ပါ။ ရေရှည်တွင်ကား ဘီလူးခေါင်းကျွတ်ကျလာမည်မှာ မလွဲမသွေဖြစ်သည်။

အချိန်က မိတ်ဆွေတို့ကို ပြောပြပါလိမ့်မည်။ အကျန်ရှိသော ဇာတ်လမ်းကို ဆက်လက်စောင့်ကြည့်ကြရမည်ဖြစ် သည်။
ဒေါက်တာလွဏ်းဆွေမှကူးယူသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်