Friday, March 6, 2009

အိန္ဒိယသမုဒ္ဒရာထဲရှိ ကျွန်းနိုင်ငံလေးဖြစ်သော မော်ဒိုက်က မြန်မာအတိုက်အခံဂျာနယ်လစ်များကိုလက်ခံမည်

March 6, 2009 ·

မော်ဒိုက်သမ္မတနှင့်ကုလအထူးသံ ဓာတ်ပုံ-www.miadhu.com

မော်ဒိုက်သမ္မတနှင့်ကုလအထူးသံ ဓာတ်ပုံ-www.miadhu.com

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်သည့်ပြင်စာရေးဆရာတစ်ဦးလည်းဖြစ်သော
မော်ဒိုက်သမ္မတ နာရှစ်က မြန်မာအပါအ၀င် နိုင်ငံတကာမှ လူ့ အခွင့် အရေး ဒီမိုကရေစီရေးတို့ အတွက်တိုက်ပွဲ ၀င်နေသည့် ဂျာနယ်လစ်များအတွက် မော်ဒိုက်နိုင်ငံသည် ၎င်းတို့ ၏ချမ်းမြေ့ ရိပ်မြုံ
ဖြစ်စေရမည်ဖြစ်ကြောင်းယနေ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် အထူးသံတမန်တစ်ဦးဖြစ်သူ
ဖရန့် လာရူးနှင့်တွေ့ ဆုံအပြီးထိုသို့ ကြေငြာချက်ထုတ်ပြန်လိုက်ခြင်းကို လွတ်လပ်သောမော်ဒိုက်
သတင်းဧဂျင်စီ မီနီဗန် နယူးနှင့် မီယာဒူသတင်းစာတို့ တွင်ဖေါ်ပြထားသည်။

လွန်ခဲ့သည့် လက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး
အတွက်တောင်းဆိုခဲ့သည့် သမ္မတ နာရှစ် က ဖရန့် လာရူးနှင့်တွေ့ ဆုံချိန်တွင် မြန်မာနိုင်ငံမှခက်ခဲ
ကြမ်းတမ်းလှသည့် ဂျာနယ်လစ်များ၏ဘ၀ကို နားလည်စာနာမိသည့်အတွက် မိမိအနေဖြင့် သူတို့ 
အတွက် ချမ်းမြေ့ ရိပ်မြုံတစ်ခုတည်ဆောက်ပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲများအပြီး မကြာမြင့်သောအချိန်ကာလမှာပင် လူ့ အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများကိုတိုးတက်အောင်လုပ်နိုင်သည့် မော်ဒိုက်နိုင်ငံ မှာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့်
၎င်း၏ နိုင်ငံ ရေထဲမြုပ်သွားမည်ကို စိုးကြောက်ရသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

မော်ဒီဗီးယန်း ဒီမိုကရက်တစ်ပါတီကိုထူထောင်ခဲ့သည့် လက်ရှိသမ္မတ မိုဟာမက်နာရှစ်မှာ ၁၉၉၂ ခုနှစ် ၁၉၉၄ ခုနှစ် နှင့် ၁၉၉၅ , ၁၉၉၆ ခုနှစ်များတွင်နိုင်ငံရေးစာပေများရေးသားမှုကြောင့်
မကြာခဏဖမ်းဆီးထိန်းသိမ်းခံရပြီးထောင်ဒဏ်လညိးအပြစ်ပေးခံရသည်။

အိန္ဒိယသမုဒ္ဒရာထဲရှိ ကျွန်းနိုင်ငံလေးဖြစ်သော မော်ဒိုက်က မြန်မာအတိုက်အခံဂျာနယ်လစ်များကိုလက်ခံမည်။

http://longwalktofreedom.wordpress.com/2009/03/06/%E1%80%A1%E1%80%AD%E1%82%8F%E1%80%AD%E1%81%B5%E1%80%9A%E1%80%9E%E1%80%99%E1%80%AF%E1%80%92%E1%81%B5%E1%80%9B%E1%80%AC%E1%80%91%E1%80%B2%E1%80%9B%E1%80%BD%E1%80%AD-%E1%80%80%E1%81%BD%E1%80%BC%E1%80%94/#more-1814


Summary

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်