Monday, March 9, 2009

စာမေးပွဲသပိတ်မှောက်မယ်ကြားတော့ ဖြေတဲ့သူ ကို အအောင်ပေးမယ်တဲ့ ဘာစောက်သုံးကျတော့မှာလဲ

မီးမလာရင် ရဝတ ရုံးမှာ စာလာကျက်ပါတဲ့ ဒီလောက် အမှု့အမျိုးမျိုးနဲ့ ညတိုင်း စောက်ပြသနာ တွေ လာဖြေရှင်းနေတာ ဘယ်လိုစာကျက်လို့ ရမှာလဲ။ ပြီးတော့ တရပ်ကွက်လုံးက ရှိသမျှ ဆယ်တန်းကျောင်းသားတွေ စာလာကျက်မယ်ဆို ဘယ်လို စာကျက်လို့ရမလဲ ငလဘိန်းတုံး ရဝတ ဥက္ကဌရဲ့

ရ၀တ ရုံးများက ဆယ်တန်းစာမေးပွဲဖြေရန်အသံချက်စက်ဖြင့်နှိုးဆော်
March 9, 2009

၉ မတ် ရန်ကုန် FNG
ပညာရေးဝန်ကြီးက ဆယ်တန်းစာမေးပွဲအတွက်အရေးပေါ်အစည်းအဝေးကိုယနေ့ အစည ရုံးတွင်ကျင်းပ

ဆယ်တန်းစာမေးပွဲဖြေဆိုကြမည့်ကျောင်းသားများအနေဖြင့် မတ်လ၁၁ရက်နေ့ တွင်ကျင်းပမည့်
ဆယ်တန်းစာမေးပွဲ အားစိတ်အားထက်သန်စွာဖြင့်ဖြေဆိုကြရန် မြို့ နယ် ရ၀တ ရုံးများမှ

အသံချက်စက်ဖြင့်မတ်လ၈ရက်နေ့ ညကတည်းကလိုက်လံကြေညာနေသည်ဟုသိရသည်။

မြောက်ဥက္ကလာ ဌ ရပ်ကွက်ရှိ ရ၀တ ရုံးကမူ ကျောင်းသားများဆယ်တန်းစာမေးပွဲဖြေ
ဆိုကြရန်နှင့် အိမ်တွင်မီးမလာပါကရ၀တရုံးတွင်စာလာကျက်နိုင်ကြောင်းကြေ
ငြာသွားသည်ဟုဌ ရပ်ကွက်နေတစ်ဦးက Freedom News Group ပြောသည်။

ဆယ်တန်းစာမေးပွဲနှင့် ပတ်သက်၍ရန်ကုန်မြို့တွင်လှုပ်လှုပ်ရှားရှားဖြစ်နေပြီး အမည်မဖေါ်လိုသော အထက ၁ ဒဂုံ မှဆရာမတစ်ဦးကလည်း “၀န်ကြီး(ပညာရေးဝန်ကြီးဒေါက်
တာချမ်းငြိမ်းကိုပြောခြင်းဖြစ်သည်)ရုံး ကတော့ဖြေတဲ့လူတွေအကုန်အအောင်ပေးမယ်
လို့ သတင်းထွက်လာတယ်”ဟုပြောသည်။

ယခုနှစ် တစ်နိုင်ငံလုံးတွင် အထက်တန်းစာမေးပွဲဖြေဆိုကြမည့်ကျောင်းသားများအနက် ရန်ကုန်မြို့ရှိကျောင်းသားများမှာ လျှပ်စစ်မီးမလာသောကြောင့် စာမေးပွဲကိုသပိတ်မှောက်ရန် စိတ်အားထက်သန်လျှက်ရှိသည်။

ဒဂုံမြို့ သစ် ၄၆ရုံးကလည်းစာလာကျက်ရန် လော်စပီကာဖြင့်နှိုးဆော်သော်လည်းမည်သည့်
ကျောင်းသားမှစာသွားကျက်သည်ကို မတွေ့ ရကြောင်း ရပ်ကွက်နေပြည်သူတစ်ဦး
ကဆိုသည်။
http://longwalktofreedom.wordpress.com/2009/03/09/%E1%80%9B%E1%81%80%E1%80%90-%E1%80%9B%E1%80%B6%E1%80%AF%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%80-%E1%80%86%E1%80%9A%E1%80%B9%E1%80%90%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AC%E1%80%B1/#more-1906

1 comment:

စုကြည် said...

ဟုတ်ပါ့မလား..မကြားမိသလိုပါပဲ...ကျွန်တော် တို့ကျောင်းတတ်တုန်းကလည်း မီးမရှိလို့ အဲဒီလိုခေါ်တာမကြားမိလို့ပါ... Rumour လားလို့ပါ :D

Post a Comment

ယခင် သတင်းများ ဖတ်ရန်