စည်ပင် ဘတ်ဂျက်နှင့် ကြံ့ဖွံ့မဲဆွယ်
အောင်သက်ဝိုင်း
Wednesday, 11 March 2009
လမ်းခင်းခြင်းနှင့် သန့်ရှင်းရေး အပါအ၀င် လုပ်ငန်းအများ အပြားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အမည်ဖြင့် ဆောင်ရွက်ခြင်း မပြုတော့ဘဲ ကြံ့ဖွံ့အသင်း အမည်ဖြင့် အစားထိုး ဆောင်ရွက် လာကြောင်း မြို့တော် စည်ပင် ၀န်ထမ်းတဦးက ပြောသည်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီဖွဲ့စည်းပြီး ၀င်ရောက်ယှဉ်ပြိုင်မည်ဟု နာမည်ထွက်နေသော ကြံ့ဖွံ့အသင်းသည် ယခုနှစ်အတွင်း လူထုအကျိုးပြုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်သွားရန် စီမံချက်ဖြင့် ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းကြံ့ဖွံ့အသင်းတာဝန်ခံ၊ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းနှင့် နီးစပ်သော သတင်းရပ်ကွက်မှ ကြားသိရသည်။
ကြံ့ဖွံ့အသင်း ဆိုင်းဘုတ်ထူ၍ လမ်းခင်းစဉ် (ဓာတ်ပုံ - ဧရာဝတီ)
နိုင်ငံရေးပါတီအသွင် ဖွဲ့စည်းသည့်အချိန်တွင် လူထုထောက်ခံမှုရရှိရန် ယင်းသို့ လှုမှုရေးလုပ်ငန်းများ အရှိန် အ ဟုန်မြှင့် လုပ်ဆောင်ခြင်းဖြစ်ပြီး လူထုအခြေခံ လိုအပ်ချက်ဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်း ဆက် သွယ်ရေး၊ သောက်သုံးရေလိုအပ်ချက် အစရှိသည့် အခန်းကဏ္ဍများတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း အမည် ခံကာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အသိုင်းအဝန်းမှ သိရှိရသည်။
“လမ်းခင်းတယ်ဆိုတာက စည်ပင်ဘတ်ဂျက်နဲ့ပါ။ ဒါပေမယ့် ပြည်ခိုင်ဖြိုး အသင်းနာမည်နဲ့ ပြည်ခိုင်ဖြိုး အလံ ထောင်ပြီး လုပ်နေတယ်” ဟု စည်ပင်ဝန်ထမ်းကပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဗိုလ်မှူးချုပ် အောင်သိန်းလင်းမှာ ကြံ့ဖွံ့အသင်း၏ ရန်ကုန်ု တိုင်း တာဝန်ခံအဖြစ် ဆောင်ရွက်လျှက်ရှိသည်။ ၎င်းသည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့အသင်းက ပြောင်းလဲ တည်ထောင်မည့် နိုင်ငံရေးပါတီတွင် ထိပ်တန်းနေရာ ရယူ၍ ရွေးကောက်ပွဲတွင် အမတ်တနေရာ ရရှိအောင် လုပ်ဆောင်ရန်ရှိကြောင်း စည်ပင်သတင်းရပ်ကွက်၌ ပြောဆိုလျှက်ရှိသည်။
ထိုသို့ သတင်းများထွက်ပေါ်ခြင်းနှင့် တပြိုင်နက်တည်း ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ကြံ့ဖွံ့အသင်း နာမည်ခံ ကာ လူမှုရေးလုပ်ငန်းများကို ရန်ကုန်တွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျှက် ရှိသည်။
၎င်းက “ဒီနှစ် လမ်းပေါင်းတထောင်ကျော်ကို ကတ္တရာ၊ ကွန်ကရိ လမ်းတွေဖြစ်အောင် ခင်းပေးဖို့ ရှိပါတယ်” ဟု ဇန်န၀ါရီလ ၄ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမတွင် သတင်းဂျာနယ်များမှ သတင်းထောက်များအား ပြောကြားခဲ့သည်။
ယခုနှစ်တွင် လူထုအကျိုးပြုလုပ်ငန်းများအတွက် ဘဏ္ဍာငွေ တိုးချဲ့သုံးစွဲမည်ဖြစ်ပြီး အခြေခံလူတန်းစားများ နေထိုင်ရာ ဆင်ခြေဖုံး မြို့နယ်များကို အဓိက ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုခဲ့သည်။
“အစိုးရတရပ်အနေနဲ့ သူလုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ကို ရွေးကောက်ပွဲဝင်မယ့် အဖွဲ့အစည်းတရပ် နာမည် သုံးပြီး လုပ်တယ်ဆိုတာ လုံးဝကို မရိုးသားဘူး” ဟု ရန်ကုန်မြို့မှ ၀ါရင့် သတင်းစာဆရာကြီးတဦးက သုံးသပ် ပြောကြားသည်။
ကြံ့ဖွံ့အသင်းက လူထုအကျိုးပြုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေရာတွင် ကျန်းမာရေး စောင့် ရှောက်မှု အပိုင်း၌ ဖြိုးစေတနာ ဆေးခန်းများ ဖွင့်လှစ်နေပြီး အဆိုပါ ဆေးခန်းများတွင် အထူးကု ဆရာဝန်ကြီး များ ခေါ်ယူကာ အခမဲ့ ဆေးကုသပေးလျှက်ရှိသည်။
“ဘာအတွက်ပဲလုပ်လုပ် လောလောဆယ် လူထုလိုအပ်ချက်ဖြစ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အခမဲ့ ဆေးကုပေးနေတယ်ဆိုတာ ကောင်းပါတယ်။ ကျနော်တို့လို မရှိဆင်းရဲသား လူတန်းစားတွေအတွက် ဆေး အ လ ကား ကုရတယ်ဆိုတာ အင်မတန်ကောင်းပါတယ်” ဟု မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံတွင် ဖွင့်လှစ်ထား သော ကြံ့ဖွံ့အသင်း၏ ဖြိုးစေတနာဆေးခန်းတွင် လာရောက်ဆေးကုသမှု ခံယူသူ အသက် ၅၄ နှစ်အရွယ် အမျိုးသားတဦးကပြောသည်။
ပညာရေးကဏ္ဍဆောင်ရွက်မှုတွင်လည်း ကြံ့ဖွံ့အသင်းအမည်ဖြင့် အခြေခံပညာ ကျောင်းများပြင်ဆင် မွမ်းမံ ဆောက်လုပ်ခြင်းများ ဆောင်ရွက်ပေးနေပြီး ယနေ့ စတင်ကျင်းပသည့် ဆယ်တန်းကျောင်းသားများ အတွက် လည်း အခမဲ့ ပညာဒါန သင်တန်းကျောင်းများ ဖွင့်လှစ်ပေးခဲ့ကာ ကျောင်းသား ရာပေါင်းများစွာကို လေ့ကျင့် သင်တန်းပေးလျက်ရှိသည်ဟု သိရှိရသည်။
ဖြိုးစေတနာ ပညာဒါန အခမဲ့ သင်တန်းကျောင်းများကို တောင်ဥက္ကလာပ ၁ ရပ်ကွက် နန္ဒ၀န်ဈေးရှေ့တွင် တခု၊ လှိုင်သာယာမြို့နယ်၊ ၁၈ ရပ်ကွက်တွင် တခု၊ အင်းစိန် GTI ကျောင်းဝင်းထဲတွင် တခု အပါအ၀င် တခြားသော နေရာများ၌လည်း ဖွင့်လှစ်ထားကြောင်း စည်ပင်ဝန်ထမ်းတဦးက ပြောသည်။
“ဒီကျောင်းမှာ ကျောင်းသားကျောင်းသူတွေကို အခမဲ့စာသင်ပေးတဲ့ အပြင် လိုအပ်တဲ့ ဗလာစာအုပ်တို့၊ စာမေးပွဲ အထူးထုတ်စာအုပ်တို့ အခမဲ့ ပေးသေးတယ်” ဟု သူက ဆိုသည်။
ထို့ပြင် နာရေးကူညီမှုအသင်းနှင့်အပြိုင် အခမဲ့ နာရေး ပို့ဆောင်ခြင်း စီအစဉ်များကို ကြံ့ဖွံ့အဖွဲ့ကလုပ်ဆောင် ပေးလျက် ရှိသော်လည်း ပြည်သူများက နာရေးကူညီမှုအသင်းကိုသာ ဆက်သွယ် ဆောင်ရွက် ကြသည့် အ တွက် နာရေးကူညီမှုအသင်း၏ လုပ်ငန်းစဉ်များကို နှောင့်ယှက်မှုများ ပြုလုပ်သည်။
၂၀၀၉ ခုနှစ် မတ်လ ၁ ရက်နေ့မှ စတင်ကာ နာရေးကူညီမှုအသင်း၏ အသုဘပို့ နိဗ္ဗာန်ယာဉ်များကို လူနေ ရပ်ကွက်များတွင် ထားရှိခွင့် ပိတ်ပင်ခဲ့ပြီး ၎င်းအသင်း၏ လုပ်ငန်းစဉ်များကို နှောင့်ယှက်လာသည်။
“ရပ်ကွက်တွေထဲမှာ နိဗ္ဗာန်ယာဉ်တွေ ရပ်ခွင့် မပေးဘူးဆိုတာက သက်ဆိုင်ရာသုသာာန်တွေမှာ နာရေးကူညီမှု လုပ်ငန်းတွေ အတူတူရပ်နားကြတော့ လူမှုရေးလုပ်ငန်းတွေ ပိုမိုထိရောက်စွာ ဆောင်ရွက်စေနိုင်ဖို့ကို အဓိက ထားနိုင်အောင်လို့ပါ” ဟု ဗိုလ်မှူးချူပ်အောင်သိန်းလင်းက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တရားဝင် ပြောဆိုခဲ့သည်။
ယင်းသို့ တင်းကျပ်မှုများကြောင့် ရုပ်ရှင်မင်းသားကျော်သူ ဦးစီးသော ရန်ကုန် နာရေးကူညီမှု အသင်းမှာ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း နာရေးကူညီမှု အသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။
ရန်ကုန်တွင် အစိုးရက လျှပ်စစ်ဓာတ်အား ပုံမှန်မပေးနိုင်တော့သည့် အတွက် ရေရရှိမှု အခက်အခဲဖြစ်လာရာ သောက်သုံးရေ မရရှိနိုင်သော ပြည်သူလူထုကို ကြံ့ဖွံ့အသင်းပိုင် ရေသယ်ယာဉ်များဖြင့် ရေပေးဝေမည် ဖြစ်ကြောင်း ဗိုလ်မှူးချူပ်အောင်သိန်းလင်းက ထပ်မံပြောဆိုပြန်သည်။
“ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးဆိုတဲ့ နာမည်နဲ့ ရေသယ်ကားတွေ ရန်ကုန်မြို့ထဲမှာ အခမဲ့ ရေပေးနေတယ်” ဟု ရန်ကုန်မြို့ခံတဦးက ပြောပြသည်။
ရေရှားပါးသည့် ဒဂုံမြို့သစ် ရပ်ကွက်များတွင်လည်း ငမိုးရိပ်ရေ သွယ်ယူနိုင်ရန် ကြံ့ဖွံ့အသင်းက အိမ်တိုင် ရာရောက် အရစ်ကျငွေချေစနစ်ဖြင့် ရေရရှိအောင် ဆောင်ရွက်ပေးနေသည်ဟုလည်း သိရှိရသည်။
“ဟုတ်တယ်။ အိမ်အရောက် ငမိုးရိပ်ရေသွယ်လို့ရတယ်။ တသိန်း ခြောက်သောင်းကို သုံးရစ်ခွဲသွင်းရတယ်။ တော်တော်အဆင်ပြေတယ်။ ကြံ့ဖွံ့က လုပ်တယ်ဆိုပေမယ့် လောလောဆယ် ကျမတို့ဘက်မှာ ရေ အဆင် ပြေသွားတယ်” ဟု ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်မှ အိမ်ရှင်မတဦးက ဆိုသည်။
တနိုင်ငံလုံးတွင် ကြံ့ဖွံ့အသင်းဝင်ပေါင်း ၂၄ သန်းရှိနေပြီဖြစ်ကာ နိုင်ငံတော်တွင် လိုအပ်ပါက ကျရာ အခန်းကဏ္ဍမှ တာဝန်ထမ်းဆောင်သွားရမည့် အမျိုးသားအဖွဲ့အစည်းကြီးဖြစ်ကြောင်း စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၀၈ ခုနှစ်တွင်ကျင်းပသော ကြံ့ဖွံ့အသင်းကြီး၏ နှစ်ပတ်လည်အစည်းအဝေးတွင် တရားဝင် ပြောကြားခဲ့သည်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=821:2009-03-11-11-24-52&catid=1:news&Itemid=2
Thursday, March 12, 2009
ဘိုးဘွားပိုင်ဓါတ်ငွေ့ တွေ ရောင်းပြီးလမ်းခင်းတာ ကြံ့ဖွတ်ကောင်းမှုတဲ့ ဗျို့ 
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
March
(468)
- တပ်မဟာ (၅) အောင်ပွဲသတင်း
- ဒေါ်စုကို မဲပေးလိုသူများ..မဲပေးနိုင်ပါပြီ
- တပ်မတော်နေ့ ညစာစာပွဲ လောက်ကောင်တွေ ၀င်နွဲနေတယ်
- 8888 people power စာစောင် ဧပြီ၂၀၀၉
- မျှော်လင့်ချက် က မှုန်တရေးရေး..
- တော်ဝင်နန်းတည်းခိုခန်း က ဗုံးကွဲမှုဓါတ်ပုံများ
- Bomb explosion in Yangon inn assessed to have kill...
- များလိုက်တဲ့စည်းကမ်းတွေ
- သူခိုးတွေပျော်ပြီး ခွေးဘုရားဖူးလည့်တော့မယ်
- မယက ဘောလုံးပွဲအတွက် ရွာသားများ ငွေကြေးထောက်ပံ့ပေးရ
- Mr Robertson ရဲ.အလောင်းရှာဖွေတွေ.ရှိ
- စင်ကာပူမှာ မြန်မာ လက်ဖက်များ ပိတ်ပြီ
- အဖားကောင်းသူ ငါနားတိုးလဟဲ့
- လူမ၀င်အောင်ဘဲ ကာတာပါ ခင်ဂျ
- အလွဲသုံးစားမှု ပုဒ်မ မြန်မာပြည်မှာ အစရှာမရဖူး
- မလုံခြုံသော ဘ၀များ..
- လူ့ ဘ၀နှင့် ဒဿနအမြင်များ(၄၈)
- နူပါတယ်ဆိုမှ သူခိုးက လာထောင်းနေပြန်ပြီ။
- ရွေကို မလို ။ ယူရေနီယမ်ကို လိုသည်။
- လူသတ်၊ ဓားပြတိုက်၊ စိန်ရွှေငွေ လုယက်နေတဲ့ စစ်ခေါင်း...
- ယဇန လ္ဘက်မှာ ဆိုးဆေးပါသည်ဟုဆိုပြီး စင်္ကာပူ အစိုးရတား...
- ဒီမိုကရေစီ ဥယျာဉ်မှူးကြီး
- မြန်မာ နယ်စပ် သံဆူးကြိုးကာမှု ဘင်္ဂလားဒေ့ရှ်က ဖြေရှင်...
- ရေပေါ်ဆီ လူတန်းစားတွေ..နဲ့ ကျူပ်တို့ မြန်မာပြည်..
- လာပါ အတူသွားစို့ 
- အာဏာပိုင်တို့ ရက်ရက်ရောရော လှူဒါန်းကြပြီ
- လမင်းတရာ ( ကြည်အောင်)
- စစ်ငနွားတွေက မြန်မာပြည်ကို တိုင်းတစ်ပါးသား လက်ထဲရေ...
- မြန်မာ ဘလော့ဂါ တစ်ဦးပြုစုသော "မြန်မာ-အင်္ဂလိပ်" အဘိ...
- ကန်ထုတ်ကြစို့ 
- UN Relieve report on Burma (MM) FYI
- အသွားမတော်ရင် တစ်လှမ်း..ဒီခေတ်ကြမ်းကြီးထဲ
- စာရေးဆရာ ကျော်ဝင်း စာဖတ် သူများသို့ ပြန်ကြားခြင်း
- နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဝိုင်းဝန်းကြို...
- တိုင်းထပ်ခွဲတယ်..
- နအဖ စစ်ခွေးလောက်ကောင်တွေ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနာ...
- Gmail Address ကိုသူများမသိရအောင် ဘယ်လိုလုပ်မလည်း
- အရေးကြီးဆုံးစိတ်ဓာတ်
- G Talk လုံခြုံရေး..
- မြန်မာ နဲ့ အာရှရဲ့ ရေအဆိပ်သင့်မှု
- သူတို့ မှဘဲ အသက်ရှိ...
- သန်းရွှေပုံတူ ပြပွဲ
- REAL VIRUS (Conficker)
- တရုတ်လဲ ချီးထုပ်ကို စိတ်ညစ်နေပြီ
- အောင်ပွဲသတင်း
- ကုန်ပါပြီဗျာ..
- စော်ကားချည့်ခံနေရတဲ့ မြန်မာ
- မြန်မာနိုင်ငံမှာတော့ အယ်ဒီဆင်ကို နေ့တိုင်းဂုဏ်ပြု...
- ရည်ရွယ်ချက်ရှိရှိ သာသနာတော် ညှိုးနွမ်းပျက်စီးစေတဲ့...
- တော်လှန်ရေး နေ့ အကြိုဗုံးပေါက် ကွဲမှုသည် ပြည်ပအဖွဲ ...
- ဗိုလ်မှူး(ဟောင်း)အောင်လင်းထွဋ် (စစ်ထောက်လှမ်းရေးနှ...
- ဗမာပြည် အတွင်းမှ မတူညီသော လူနေမှုအဆင့်အတန်း
- ကျေးဇူးတင်ပေးကြပါခင်ဗျာ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား
- Tracking to former ABSDF chairman Tun Aung Kyaw
- အင်္ဂလိပ်စာ ကြောက်စရာမလို
- Earth Hour (မတ် ၂၉ ၂၀၀၉ ည ၈း ၃၀ မှ ၉း၃၀ အထိ)
- မတန်မရာအသက် ၉၀ နေချင်ရသတဲ့ အဟိ
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှ ထုတ်ဝေသော မတ်လထု...
- အစိုးရမကောင်းလို့  အလောင်းမလှ အရပ်ကောင်းမှ အလောင်း...
- မိပြီ..ဒင်းတို့ လက်ချက်
- တွံတေး ကျူရှင်ဆရာ ဆန္ဒပြပြန်ပြီ
- မတ် ၂၇ ၂၀၀၉ သတင်းများ
- ဖက်ဆစ် တော်လှန်ရေးနေ့သာဖြစ်ဟု အန်အယ်ဒီ ပြောကြား
- မြန်မာပြည် လူ့အခွင့်အရေးချိုးဖောက်မှု ကုလ ရှုတ်ချ
- မယား ငယ်ချွဲချွဲရုံနဲ့  ဒို့ တွေ မယုံ
- သူဘဲ လူတတ်ကြီး
- မြို့ပြအပူမီး ဖိစီးနေတဲ့မြို့
- ဗိုလ်ချူပ်ဖွဲ့ခဲ့တာ ပြည်သူတပ်မတော် နွားတွေလက်ထက်ကျ...
- မီးမလာ ရေမလာ ဆိုးဆေး များတဲ့ မြန်မာ
- မုဒိန်းတပ်မတော်ကို အညှီ ပျောက်အောင်လျှော်စေချင်တယ်
- လူတစ်ယောက် သုံးသိန်းဘဲ တန်လား
- ခွေးတွေ ခွေးပါးဝနေတယ်
- သတ်မတော်နေ့ 
- အကောင်းဆုံး မြေသြဇာ အဖွဲ့ရဲ့ မတ်လတော်လှန်ရေး..
- ဆန္ဒတွေ ထုတ်ဖေါ်ကြစို့ 
- ဗိုလ်မိုးကြိုး အပြန် နောက်ကြောင်း လှန်လိုက်သည့် ဗု...
- သာသနာ့ဥသျှောင်(ဘင်္ဂလာဒေ့ရှ်)၏ ကျေညာချက်
- ဗိုလ်ချုပ်အောင်ဆန်း၏ပင်ကိုသဘာဝစရိုက်..
- အိုးဝေသံမြိုင်မြိုင် တဖန်ပြန်ကာနိုးထမဲ့ ဟစ်တိုင်
- မြောက်ဥက္ကလာပတွင် ဗုံးပေါက်ကွဲ
- ရဲဘော်သုံးကျိပ်ဝင်က တပ်မတော် ဦးဆောင်မှုကို မလိုလား...
- ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်
- ဧရာတီကို တရားစွဲဆိုလိုက်သည်ဟု UDP ဦးကျော်မြင့်ြေ...
- (၈၈) မျိုးဆက်ကျောင်းသားများက စစ်အစိုးရ၏ အခြေခံဥပဒေ...
- ၂၀၁၀ ရွေးကောက်ပွဲ အားလုံးလက်ခံနိုင်အောင် ကျင်းပဖို...
- စုစည်းကြပါ...
- ခလေးတောင်သိတယ်
- ကိုယ်ဟာကိုယ်တောင်မနိုင်ဘဲ သူများနိုင်ငံရေးလာပွဲစား...
- ဖိုးလပြည့်..ဘာညာဘာညာလုပ်ခံရတဲ့ ဝတ်မှုံရွှေရည်
- ဗိုလ်ချုပ်မူးကြီးသန်းရွှေ ရာထူးကျသွားပြီ
- မြန်မာ ကောင်လေးကိုသိကြပါသလား..သိသူရှိရင် ဖော်ထုတ်ေ...
- မြန်မာ သူခိုးတွေ သတ်တယ်တဲ့ဗျာ.( Yachtsman killed b...
- ကျောင်းသားအရေးတော်ပုံ ( ကိုဗဟိန်း ရေးသည်)
- UN Special Rapporteur on Human Rights in Burma (VO...
- Global Campaign for Free Political Prisoners (VOA ...
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဗိုလ်အောင်ကျော်)
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဆလိုင်း တင်မောင်...
- အဆိုတော် စိုင်းထီးဆိုင် ၁ နှစ်ပြည့် အလှူ
-
▼
March
(468)
No comments:
Post a Comment