Thursday, March 19, 2009

အဆုံးသတ်မဟုတ် သော''အစ''။

ရဲဘော်ကိုနေ သာကေတတွင်အဖမ်းမခံရခင်မိနစ်ပိုင်းအတွင်းက စပ်ခဲ့တဲ့ကဗျာပါ။
လက်ရေးမူရှိပါတယ် ဒါပေမယ့်အခု Scan
ဖတ်လို့အဆင်မပြေတာကြောင့်မပို့နိုင်တာခွင့်လွှတ်ပါ။

လေးစားလျှက်
ရဲဘော် စိုင်းနောင်

* အနိစ္စနိဒါန်း*
ရှေးသူဟောင်းတို့က ဆိုတယ်*
*နံရံတွေ မှာ နား တွေပါတယ်တဲ့
ခုခေတ်မှာ ဒီလိုမဟုတ်တော့ဘူး
နံရံတွေမှာ
နားလည်းပါ မျက်စိလည်းပါ ပါးစပ်လည်းပါ
နှာခေါင်းလည်းပါတာပေါ့ကွယ်

ငါဂရုမစိုက်တဲ့အချိန်မှာ
မျက်နှာသဖွယ် နံရံလေးဖက်က
ငါ့ကိုဝန်းရံလျှက်
ပြုံးကာဖြီးကာပြောခဲ့ပါတယ်
*"သတိမမူ ဂူမမြင် မောင်ရင်
ဒုက္ခတွေ့တော့မည်''*
အရင်ကသူတို့စကားဟာ ဟာသတစ်ပုဒ်ရယ်ပါ

ခုခါမှာတော့
သူတို့ပြောတဲ့ဘေးဒုက္ခ
ငါရင်ဆိုင်လာရပါပြီ
ငါ့မှာဘာမှမရှိ
ဒါပေမယ့်
ဒါဟာ အဆုံးသတ်မဟုတ် *''အစ''*.....။


*''ရဲဘော်တို့၏ ပျော်ရွှင်မှုသည် ထာဝရ ဖြစ်စေသတည်း''
*

ကိုနေ

၂၇.ဖေဖော်ဝါရီလ.၂၀၀၉
Ads by Google
ပြည်တွင်းအဖွဲ့ငယ်တစ်ခုဖြစ်သည့် မတသဖ (မြန်မာ့တပ်မတော်သစ်ဖွဲ့ စည်းဖြစ်မြောက်ရေးအဖွဲ့ ) မှ ကိုနေ အား ဖေဖော်ဝါရီလ (၂၇) ရက်နေ့ တွင် မတရားဖမ်းဆီး ခဲ့ပြီး ယနေ့ထိတိုင် မည်သည့်နေရာတွင် ထားရှိမှန်း ရေရေရာရာ မသိရသေးပါ။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်