Monday, March 9, 2009

မ၀ယ်မနေရ တဲ့ ( န . အ . ဖ ) တို့  ပြော သော တိုး တက် နေ တဲ့ မြန် မာ ပြည် ။ အ ပိုင်း (၁၈))

ဂန့်ဂေါမြို့နယ်မှ တောင်သူတစ်ဦး. ရင်ဖွင့်စာ

မကွေးတိုင်း။ ဂန့်ဂေါခရိုင်။ ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာတောင်သူများအား အစိုးရအာဏာပိုင်များမှ ပုလဲဓါတ်မြေသြဇာနှစ်အိတ်ကို ကျပ်လေးသောင်းရှစ်ထောင် (၄၈၀၀၀) ဖြင့် လယ်ယာမြေရှိသူတိုင်း မ၀ယ်မနေရ ၀ယ်ယူရမည်ဖြစ်ကြောင်း။ ၀ယ်ယူခြင်းမရှိပါက လယ်မြေများကို ပြန်လယ်သိမ်းယူမည်ဖြစ်ကြောင်းပြော အတင်းအကြပ်ဝယ်ယူခိုင်းနေသောကြောင့် တောင်သူများမှာ စီးပွာရေး ကျပ်တည်း ချိန် ဖြစ်နေ၍ လွန်စွာ စိတ်ပျက်လက်ပျက်ဖြစ်နေကြရပါသည်။။
၎င်းပုလဲဓါတ်မြေသြဇာနှစ်အိတ်ကို ငွေကြေးအကြပ်အတည်းကြောင့် အရှုံးခံပြန်ရောင်းသော်လည်း ပြန်ရောင်း၍ှုမရကြောင်းနှင့်တောင်သူ တိုင်းမယူမဖြစ်ယူကြရသောကြောင့် ၀ယ်မည့်သူလည်းမရှိကြသည့်အတွက် တောင်သူများ.အခက်အခဲများကိုတင်ပြရပါသည်။။
န-အ-ဖ လက်အောက် ကျွန်သဘောက်ဘ၀ကျရောက်နေရသော မြန်မာပြည်တွင်းမှတောင်သူတို့. အနှိပ်စက်အညှင်းပန်းခံရမူ လူမ ဆန်စွာ ဆက်ဆံခံရသော အခြေအနေများ တနေ့တခြား တိုးတက်လာနေသည့် အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။

(ထိုဖြစ်ရပ်ကလည်း န-အ-ဖ တို့ပြောသော တိုးတက်နေသောမြန်မာပြည်) ခေါင်းစဉ်နှင့် ဆောင်းပါးရှင် အဘယ။ တင်ပြနေသော တိုးတက်နေသောမြန်မာပြည်. ဖြစ်ရပ်မှန်တစ်ခုဖြစ်ပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်