ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက မြန်မာအမျိုးသမီး အလုပ်သမားများအား အိမ်ဖေါ်အလုပ် မလုပ်သင့် ကြောင်း ပြောဆို
Thursday, 19 March 2009 10:58
အိမ်ရှင်မှ အလိုမတူပဲ သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်အားထုတ်မှုမှ လွတ်မြောက်လာသူ မြန်မာအိမ်ဖေါ် အလုပ်သမား အမျိုးသမီးတစ်ဦးက မြန်မာအလုပ်သမား မိန်းကလေးများအနေဖြင့် အိမ်ဖေါ်အလုပ်ကို မလုပ် သင့်ကြောင်း ပြောဆိုလိုက်သည်။
ယမန်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့ တစ်နေရာတွင် အိမ်ဖေါ်အလုပ် လုပ်ကိုင်နေစဉ်အတွင်း အိမ်ရှင်အဖိုးကြီး က သားမယားပြုကျင့်ရန် နည်းမျိုးစုံဖြင့်ကြိုးစားနေသဖြင့် ဘန်ကောက်မြို့အခြေစိုက် “ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအသင်း” ထံသို့ ရောက်ရှိလာသော ပဲခူးတိုင်းမှ အသက် (၂၀)အရွယ် မိန်ကလေးက ပြောဆို လိုက်ခြင်း ဖြစ်သည်။
“သမီး ဘန်ကောက်ရောက်တာ ၃လရှိပြီ၊ သမီးအလုပ်လုပ်တဲ့ အိမ်ရှင်သူဌေးရဲ့ မယားငယ်က ယောက်ျားလျာ လိုလို ဘာလိုလိုနဲ့ သမီးကို တချိန်လုံး အောကားတွေ ဖွင့်ပြတယ်။ သမီးရေချိုးရင် ရေချိုးခန်းထဲကိုလိုက်လာပြီး ဟိုကိုင် ဒီကိုင် လုပ်တယ်။ သူ့ကိုလည်း သမီးကိုကိုင်ခိုင်းတယ်။ ပြီးတော့ သမီးရှေ့မှာ သူတို့ လင်မယား လိင် ဆက် ဆံပြတယ်။ တော်တော် ရှက်စရာကောင်းပါတယ်။ သမီးကို မယားငယ်လုပ်ဖို့ စည်းရုံးတယ်။ သမီးက သူများ မယားငယ်လုပ်ပြီးမှ ရမယ့် ပိုက်ဆံကို မလိုချင်ဘူး။ အလုပ်ကြိုးစားပြီး ရတဲ့ငွေကိုပဲ သမီးရချင်တယ်’’
အဆိုပါသူဌေးမှာ အသက် ၆၀ကျော်အရွယ်ခန့်ရှိပြီး သူ၏မယားငယ်မှာ အသက် ၃၀ ၀န်းကျင်ဖြစ်သည်။ သူဌေးလင်မယားနှင့် အတူတူအိပ်စက်ရပြီး တစ်နေ့နေ့ တစ်ချိန်ချိန်တွင် မိမိဘ၀ နစ်မွန်းနိုင်သည်ကိုမြင်သဖြင့် ထွက်ပြေး လွတ်မြောက်နိုင်မည့် အခွင့်အခါကို စောင့်နေခဲ့သည်။ သူမနှင့်အတူ အခြား မြန်မာအိမ်ဖေါ်တစ်ဦးပါ ရှိသဖြင့် နှစ်ယောက်သား ခြံစည်းရိုးကိုကျော်၍ ထွက်ပြေးလာခဲ့သည်ဟုဆိုသည်။
“သမီးကို သူဌေးကကြိုက်တယ်ဆိုပြီး မဲဆောက်က ပို့ပေးတဲ့ပွဲစားကို လှမ်းပြောတယ်။ ဘန်ကောက်မှာ ကရင်မ ပွဲစား(၂)ယောက်က သမီးကိုအကြီးအကျယ် လိုက်ရှာနေတယ်။ ဗမာလူမျိုး အချင်းချင်း သူတို့ငွေရရင်ပြီးရော သမီးကို ပြန်ပို့ဖို့ ရှာနေကြတယ်။ အိမ်ဖေါ်ဆိုပြီး အချိန်ပြည့်ခိုင်းတယ်။ ထမင်းကို ၀အောင်မကျွေးဘူး။ အသီး အရွက်နဲ့ပဲ စားရတယ်။ ထမင်းဂျိုးကို ရေးနှူးပြီး ကျွေးတယ်။ စိတ်ချမ်းသာတဲ့နေ့ဆိုတာ မရှိဘူး” ဟုပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းမှ စည်းရုံးရေးနှင့် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သက် သက်ဦးက “ကျမတို့ဆီကို ဒီကိစ္စမျိုးတွေနဲ့ မကြာခဏဆိုသလို ရောက်လာကြတယ်။ ကျမတို့ကိုယ်တိုင်းလည်း အလုပ်သမားပဲလေ၊ နိုင်သလောက်တော့ ကူညီပေးတာပေါ့။ ကျမတို့က ငွေကြေးတတ်နိုင်တဲ့အဖွဲ့ မဟုတ်ဘူး လေ။ ကျမတို့စားသလို ကျွေးတယ်။ ကျမနဲ့အတူ အိပ်တယ်။ ကျမတို့သိတာလေးတွေကို ရှင်းပြပေးတယ်။ ဆေးဝါးကုသဖို့ကျရင်တော့ အခြားအဖွဲ့အစည်းတွေကို အကူအညီတောင်းရတာပေါ့နော်။ ဘန်ကောက်မှာ မြန်မာ အလုပ်သမားတွေကို ထိထိရောက်ရောက် ကူညီနိုင်မယ့်အဖွဲ့တွေ လိုအပ်ပါတယ်။ အလှမ်းကျယ်ပြီး အလယ်လပ်နေတာ၊ ဘန်ကောက်မှာ အိမ်ဖေါ်တွေ အပြင်ကို လုံးဝမထွက်ရတဲ့ အလုပ်ရုံတွေရှိပါတယ်။ မြန်မာအမျိုးသမီးလေးတွေ အခြားအလုပ်ကိုပဲ လုပ်စေချင်ပါတယ်။ ဘ၀လုံခြုံမှု လုံးဝမရှိတဲ့ ဒီအိမ်ဖော်အလုပ်ကို မလုပ်ကြပါနဲ့လို့ ကျမတိုက်တွန်းချင်ပါတယ်’’ဟု ပြောသည်။
ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအရ အိမ်ရှင်မှဖြစ်စေ တစ်စုံတစ်ယောက်မှဖြစ်စေ မတော်မတရား ပြုကျင့်ခံရ သော မြန်မာအလုပ်သမား အမျိုးသမီးများမှာ ဘတ်မရှိလျှင် နယ်စပ်ကိုပြန်ပို့ခံရမည်ဖြစ်သည်။ ထို့အပြင် အမှု ရင်ဆိုင် နေစဉ်အတွင်း အမျိုးသမီးထိန်းသိမ်းရေးစခန်းတွင် တစ်နှစ်နီးပါး ၀င်ငွေမရရှိပဲနေရသည်။ အန်ဂျီအိုများ၊ အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် ပူးပေါင်းပြီး အမှုမှန်ပေါ်ပေါက်အောင် ဖေါ်ထုတ်ရမှုများမှာလည်း များစွာခက်ခဲကြန့်ကြာ တတ်သည်။
http://ghre.org/mm/index.php?option=com_content&view=article&id=264:2009-03-19-04-01-56&catid=1:la
ကမ္ဘာ့ ဆိုးရွားယုတ်မာ ရက်စက်ဆုံး မုဒိမ်းမှုနှင့် လူကုန်ကူးမှုဒဏ်ကို မြန်မာနှင့် မွန်မလေးများ ခံစားနေရ
၇ရက်ဇူလိုင် ၂၀၀၇ မနက်၃နာရီမှာ ပင်လယ်စာ စက်ရုံမှ အချိန်ပို အလုပ် ဆင်းပြီး အတူတူ ပြန်လာတဲ့ မြန်မာမိန်းကလေး ၅ယောက်ကို ဒေသခံ ရဲကပါ မနိုင်လို့ လက်လျှော့ထားရတဲ့ ထိုင်းမာဖီယား ဂိုဏ်းဝင် ၁၀ ယောက်က လိုက်လံ ဖမ်းဆီး ရာမှာ ၄ယောက်ထွက်ပြေး လွတ်မြောက် သွားပြီး အလုပ်သမားလက်မှတ် တရားဝင် လက်ဝယ် ရှိသူ အသက် ၂၂နှစ် အရွယ် မိန်းကလေး တစ်ယောက် အဖမ်းခံ ခဲ့ရပါတယ်။ သူမကို ဖမ်း မိရာ လယ်ကွင်း ထဲမှာပင် အဓမပြုကျင့် ခဲ့ကြပြီး နောက် သူတို့ဂိုဏ်း တည်ရှိရာ တိုက်သို့ ခေါ်ဆောင် သွားကာ ကျန်ဂိုဏ်သား လေးယောက် က ထပ်မံ စော်ကားကြပြန်သည်။
သူမသည် ၈ရက် ဇူလိုင်တွင် အားကုန် ကြိုးစားပြီး ၄ထပ်တိုက်ပေါ်မှ ခုန်ချပြီး ထွက်ပြေး လွတ်မြောက် လာခဲ့ရာ မဟာချိုင် ခရိုင်ရှိ ဇီဝိချိုင်ဆေးရုံတွင် တက်ရောက် ဆေးကုသ ခံနေခဲ့ ရသည်။ သူမကို ဖမ်းဆီး ခေါ်ဆောင်ခဲ့ရာ တိုက် ခန်း တွင် မိန်းကလေး အယောက် ၂၀ ခန့်လည်း ဖမ်းဆီးခံ ထားရ ကြောင်း၊ သူမအဖမ်းခံ ထားရ ချိန် တိုတောင်း သောကြောင့် ၊ ထိုမိန်းကလေးများ မည်သည့်လူမျိုးများ ဖြစ်သည်ကို မသိခဲ့သော်လည်း အ များစု မှာ မွန်နှင့် မြန်မာမ လေးများ ဖြစ်ကြောင်း၊ ထိုမိန်းကလေးများ အားလုံးကို အ၀တ်ဆင် မပေး ထား ကြောင်း၊ ထိုမိန်းကလေးများနှင့် သူမကို လိင်စိတ်ကြွဆေးများ အတင်း တိုက်ကျွေးပြီး လူမဆန်စွာ အနိုင်ကျင့်ခဲ့ကြောင်း၊ အနိုင်ကျင့်ရင်းလည်း နင်တို့ ခွေးမတွေ ငါတို့က နင်တို့ မွန်နဲ့ မြန်မာတွေကို ခွေးလောက်ပဲ သဘောထားတယ် စသည်ဖြင့် ရိုင်းစိုင်းလွန်းစွာ ပြောဆို ကြိမ်းမောင်း ခဲ့ကြောင်း၊ နင် တို့ကို လေ့ကျင့်ပေးပြီးရင် လှေတွေဆီ ရောင်းစားမှာ ဟုလည်း ပြောခဲ့သေးကြောင်း ရဲသို့အကြောင်း ကြား ခဲ့သော်လည်း မည်သည့် အရေးယူမှုမှ မပြုလုပ် ခဲ့ကြောင်း သတင်းကြား သိရပါသည်။
မဟာချိုင်ဒေသသည် ပင်လယ်စာ ထုပ်ပိုးပြင်ဆင်သော စက်ရုံများ ထွန်း ကား ပြီး စက်ရုံပိုင်ရှင် သူဌေး များသည် ကိုယ်ပိုင် ငါးဖမ်း စက်လှေ များလည်း ရှိလေ့ရှိကြပြီး ငါးခိုးဖမ်းလှေလည်း များစွာ ပိုင်ဆိုင် လေ့ရှိကြ သည်။ ထပ်မံ စုံစမ်းချက်များအရ ထိုမိန်းကလေးများကို ပင်လယ်တွင်း ငါးဖမ်းစက်လှေ များ တွင် လှေသားများ ပိုမို အလုပ်လုပ် ချင်စေရန် ပျော်ပါးရန် အပြီး ရောင်းစား ပေးလေ့ ရှိပြီး ထို လှေ သား များကလည်း စိတ်တိုင်းကျ ပျော်ပါးပြီးသောအခါ ၀န်ဆောင်မှု မပေးနိုင် တော့သော ထို မိန်းက လေး များကို ကိစ္စ လက်စဖျောက် ပင်လယ်တွင်း ပစ်ချခဲ့ လေ့ရှိ ကြောင်း၊ အဆိုပါ လူမဆန် သော အကြမ်းဖက် လူ ကုန်ကူးမှု တွင် ထိုင်း ရဲများ ကိုယ်တိုင် တရားမ၀င် ပါဝင် ပတ်သက် နေကြောင်း သိရှိ ရသဖြင့် မခံမရပ်နိုင် ဖြစ်ပြီး ထိုကိစ္စများကို အဓိကထား ကူညီသော Pavena foundation သို့ အကြောင်းကြားခြင်း၊ ထိုင်းစစ်ထောက်လှမ်းရေးသို့ တိုင်ကြားခြင်း၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန သို့ တိုင်ကြားခြင်း၊ ထိုင်း လူဝင်မှု ကြီးကြပ်ရေး ရဲဌာနသို့ တိုင်ကြားခြင်း အစရှိသည် တို့ကို ဆက် တိုက် ဆောင်ရွက်ရာ အရေးယူမှု စတင်ခဲ့ပါသည်။ လူဆိုးများ ထွက်မပြေး နိုင်ရန် ၊ ထိုမာဖီးယားဂိုဏ်း တည်ရှိရာ ဌာနချုပ်ကို ရဲများက ၀န်းရံထား နေ စဉ် ဘီဘီစီ သတင်း ဌာနမှ သတင်း ကြေညာ ခဲ့သဖြင့် ဓားစာခံ ထိုမိန်းက လေး များ၏ အသက် အန္တရာယ် စိုးရိမ်ရမှု အတွက်ရော၊ မာဖီးယား ဂိုဏ်း ချုပ်နဲ့ ဂိုဏ်းသားများကို ထွက်ပြေးခွင့် ရအောင် သတင်းပေးသလို ဖြစ်ခဲ့ သည့် အတွက် ကြောင့်ပါ သက်ဆိုင် ရာ လှုပ်ရှားသူများ က အလွန်စိတ် ဆိုး နေခဲ့ကြ ပါသည်။
ထို့ပြင် နာမည်သာလိုချင်ပြီး ခေါင်းရှောင်တတ်သော တာဝန်ရှိသူများ ကြောင့် ဇူလိုင် ၁၃ရက် ထိ ထို မာဖီးယား ဂိုဏ်းကို သူစီးနိုး ငါစီးနိုး နှင့် ၀င်မဖမ်းရဲဘဲ ဖြစ်နေရာ မနေနိုင်သော မြန်မာအချို့ကြောင့် ဂိုဏ်းဝင် ၃ယောက်ကို လိုက်လံဖမ်းဆီးရာ ထို၃ယောက်ကို ဒေသခံရဲတစ်ဦး၏ နေ အိမ်ဟောင်းအတွင်း တွင် ဖမ်းဆီးရမိခဲ့ပြီး ထိုအရေးကို လိုက်လံဖော်ထုတ် ကူညီသူ မြန်မာတစ်ဦး၏ နေအိမ်ကို ဖောက်ထွင်း ခံခဲ့ရပြီး နောက်တစ်ဦး၏ ချွေးမဖြစ်သူ အသတ်ခံခဲ့ရပါသည်။
ဖောက်ထွင်းသူသည် တအိမ်လုံး အ ပြောင် သိမ်းသွားရာ လက်ကိုင်ဖုန်းပါ ပါသွားပြီး ထိုလက်ကိုင်ဖုန်း နံပါတ် ကို ဆက်သွယ်ရာတွင် ဖောက်တာငါပဲ.. ဘာလုပ်ချင်လဲ.. ဘာဖြစ်ချင်လဲ စသည်ဖြင့် ပြန်လှန် ခြိမ်းခြောက် သွားကြောင်း သတင်းရရှိပါသည်။ ထို့ပြင် ဆက်ကြေးငွေ ပေးထားသောကြောင့် ဖမ်းရိုးမရှိသော နယ်တွင် လက် မှတ် မရှိဘဲ တရားမ၀င်အလုပ်လုပ်သူများကို ဖမ်းသည် ဟုဆိုကာ အိမ်ခန်းများအတွင်း ဓာတ်ငွေ့သုံး ပြီး အတင်းဖမ်းဆီးမှုကို ထူးခြား တိုက်ဆိုင် စွာ ပထမဆုံး ဖမ်းဆီးမှု ပြုခဲ့ရာ တမင် လက်စားချေ ဖမ်းဆီးခြင်းဟု မြန်မာများက သတ်မှတ် အခဲမကြေ ဖြစ်နေကြပါသည်။
ထို့ကြောင့် မြန်မာ့အရေး ဆောင်ရွက်သူများက နောက်ဆုံး ကြိုးစားသည့် အနေဖြင့် Pavena foundation သို့ဆက်သွယ်တိုင်ကြားခဲ့ရာ ထိုအသင်း မှ တည်ထောင်သူ ကိုယ်တိုင် ထိုင်းရဲချုပ်သို့ တိုက်ရိုက်စာတင်အရေးယူမှု ပြုလုပ်ပေးခြင်း၊ ထွက်ပြေးလွတ်မြောက် တိုင်ကြားသူ မြန်မာမိန်းကလေး ကိုလည်း အန္တရာယ် ကင်းစေရန် ခေါ်ယူစောင့်ရှောက်ပေးထားခြင်းများ ပြု လုပ်ခဲ့ပါသည်။ ထိုအသင်းရဲ့ ခေါင်းဆောင်မှုကြောင့် နောက်ထပ် မာဖီးယား ဂိုဏ်းသား ၄ ယောက်ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နောက်ထပ်လည်း လိုက်လံဖမ်းဆီးမှုများကို ထိထိရောက်ရောက် ပြုလုပ်ပေးနေကြောင်း ရုပ်မြင်သံ ကြား မှ ထုတ်လွှင့်ကြေညာခဲ့ရာ သတင်းကြားသိရသဖြင့် ပါဗီးနား အသင်းကြီးကို လွန်စွာ ကျေးဇူး တင်ဖွယ်ရှိလေသည်။
သို့သော် စေ့စပ်သေချာလိုသူ မြန်မာပညာတတ် အလုပ်သမားများက ကိုယ့်အားကိုယ်ကိုး ဆက်လက် စုံစမ်းရာ ထိုအဖမ်းခံထားရသော ၄ယောက်မှာ ထိုးကျွေးခံ ဘာအဆင့်မှ မရှိသော သူများဖြစ်ပြီး ထို မာဖီးယားဂိုဏ်းတွင် အမှန်တကယ် ထိပ်ပိုင်းမှ လူများမှာ ထိုင်းနိုင်ငံရှိ ထိုဒေသရှိထိပ်တန်းအာဏာပိုင် များ ဖြစ်နေပြီး ထိုဂိုဏ်းသည် အတော်ကို အင်အားကြီးမား သည်ကို တွေ့၇လေသည်။ ထိုမျှမကသေး ဘဲ မိန်းကလေးတစ်ဦး ထွက်ပြေး လွတ်မြောက် ခဲ့ရာ တိုက်ခန်းတွင် ကျန်ရစ်ခဲ့သူ မိန်းကလေး ၂၀ ယောက် မှာ လုံးဝ ပျောက်ဆုံးသွားခဲ့ပြီး ကျန် မာဖီးယားဂိုဏ်း သားများ ကိုလည်း ရှာမတွေ့တော့ပေ။ ဖမ်းမိသူ ၄ယောက်မှလည်း သူတို့လေးယောက်သာ ထိုမိန်းကလေးကို ဖမ်းသည်ဟု ၀န်ခံပြီး အမှုမှန် ကို ကွယ်ဝှက် သေးသိမ်စေခဲ့သည်။ လာမည့် ဇူလိုင် ၁၄ရက်နေ့တွင် အဆိုပါ လေးယောက်ကို ရုံးထုတ်မည် ဖြစ်ရာ ထိုင်းများ၏ ကူညီမှုသည် နိုင်ငံရေး အမြတ်ထုတ်ရန် သက်သက်သာ ဖြစ်ပြီး အမှုမှန်ကို သေးသိမ် ကွယ်ဝှက် သလို ဖြစ်နေခဲ့လေသည်။
ပင်လယ်စာ လုပ်ငန်းသည် ထိုင်း နိုင်ငံ၏ အဓိက နိုင်ငံခြားပို့ကုန် ဖြစ်ပြီး ထိုင်းနိုင်ငံ၏ ပြည်တွင်း ထုတ်ကုန်ကို ဒေါ်လာ သန်းထောင်ချီ ထောက်ပံ့နေသော လုပ်ငန်းဖြစ်ရာ ထို လုပ်ငန်းအတွက် မြန်မာမိန်းကလေးများကို သည်လို လူမဆန် လွန်းစွာ အသုံးချပြီး လှေသမားများကို ပျော်တော် ဆက်စေပြီး သက်ဆိုင်ရာ အစိုးရ ကိုယ်တိုင်က တိုင်ကြားမှုကို ဂရုမပြုဘဲ သည်လို မသိချင် ဟန်ဆောင်ကာ ဖုံးဖိမှုကို ကန့်ကွက်သည့် အနေဖြင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများကို တွန်းအား ပေးရန် အတွက် သက်ဆိုင်ရာ လူ့အခွင့်အရေး လှုပ်ရှားသူ များ၊ အဖွဲ့အစည်းများမှ လည်းကောင်း မြန်မာ့လူမျိုးရေးကို စိတ်ဝင်စား စာနာသော ပြည်ပရောက် မြန်မာများမှလည်းကောင်း online petition များကို ပြင်ဆင်ကန့်ကွက် တွန်းအားပေး တောင်းဆို ပေးကြပါရန် ပန်ကြားအပ်ပါသည် ။
စာကြွင်း။ ။ ဒီလို လူမဆန်မှုမျိုးကို မြန်မာ အမျိုးသား တစ်ယောက်အနေ နဲ့သာမက ဘယ်ရှုထောင့် ကပဲကြည့်ကြည့် အရမ်းကို စက်ဆုပ်ရွံရှာ ဖို့ကောင်းပါတယ် ထိုင်းလူမျိုးတွေက မြန်မာဆိုရင်သူတို့ရင်ထဲမှာ ညှိုးရမှာလို့တရားသေတွက်ထားတာဟာ မကောင်းပါဘူး ထိုင်းအာဏာပိုင် တွေရဲ့ မူးစိမတ်စိ လောက် မက်မောမှုကြောင့် ကြားထဲက ဓားစာခံ ဖြစ်တဲ့ တို့မြန်မာလူမျိုးတွေကို ကိုယ်ချင်းစာပါတယ် မိမိတတ်နိုင်တဲ့ ဘက်ကတတ်အားသမျှ ကူညီပေးပါ့မယ် အပေါင်းအသင်းများလည်း အခုချိန်လောက်ဆို ဖတ်ပြီးကြရောပေါ့ တတ်အားသမျှလေး fordward လုပ်ပေးကြပါ ကျေးဇူးအထူးတင်ပါသည်။
မြန်မာမျိုး
Rest of your post
Thursday, March 19, 2009
ခိုကိုးရာမဲ့ မြန်မာ အမျိုးသမီးများကို ကာကွယ်ပေးကြပါ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
March
(468)
- တပ်မဟာ (၅) အောင်ပွဲသတင်း
- ဒေါ်စုကို မဲပေးလိုသူများ..မဲပေးနိုင်ပါပြီ
- တပ်မတော်နေ့ ညစာစာပွဲ လောက်ကောင်တွေ ၀င်နွဲနေတယ်
- 8888 people power စာစောင် ဧပြီ၂၀၀၉
- မျှော်လင့်ချက် က မှုန်တရေးရေး..
- တော်ဝင်နန်းတည်းခိုခန်း က ဗုံးကွဲမှုဓါတ်ပုံများ
- Bomb explosion in Yangon inn assessed to have kill...
- များလိုက်တဲ့စည်းကမ်းတွေ
- သူခိုးတွေပျော်ပြီး ခွေးဘုရားဖူးလည့်တော့မယ်
- မယက ဘောလုံးပွဲအတွက် ရွာသားများ ငွေကြေးထောက်ပံ့ပေးရ
- Mr Robertson ရဲ.အလောင်းရှာဖွေတွေ.ရှိ
- စင်ကာပူမှာ မြန်မာ လက်ဖက်များ ပိတ်ပြီ
- အဖားကောင်းသူ ငါနားတိုးလဟဲ့
- လူမ၀င်အောင်ဘဲ ကာတာပါ ခင်ဂျ
- အလွဲသုံးစားမှု ပုဒ်မ မြန်မာပြည်မှာ အစရှာမရဖူး
- မလုံခြုံသော ဘ၀များ..
- လူ့ ဘ၀နှင့် ဒဿနအမြင်များ(၄၈)
- နူပါတယ်ဆိုမှ သူခိုးက လာထောင်းနေပြန်ပြီ။
- ရွေကို မလို ။ ယူရေနီယမ်ကို လိုသည်။
- လူသတ်၊ ဓားပြတိုက်၊ စိန်ရွှေငွေ လုယက်နေတဲ့ စစ်ခေါင်း...
- ယဇန လ္ဘက်မှာ ဆိုးဆေးပါသည်ဟုဆိုပြီး စင်္ကာပူ အစိုးရတား...
- ဒီမိုကရေစီ ဥယျာဉ်မှူးကြီး
- မြန်မာ နယ်စပ် သံဆူးကြိုးကာမှု ဘင်္ဂလားဒေ့ရှ်က ဖြေရှင်...
- ရေပေါ်ဆီ လူတန်းစားတွေ..နဲ့ ကျူပ်တို့ မြန်မာပြည်..
- လာပါ အတူသွားစို့ 
- အာဏာပိုင်တို့ ရက်ရက်ရောရော လှူဒါန်းကြပြီ
- လမင်းတရာ ( ကြည်အောင်)
- စစ်ငနွားတွေက မြန်မာပြည်ကို တိုင်းတစ်ပါးသား လက်ထဲရေ...
- မြန်မာ ဘလော့ဂါ တစ်ဦးပြုစုသော "မြန်မာ-အင်္ဂလိပ်" အဘိ...
- ကန်ထုတ်ကြစို့ 
- UN Relieve report on Burma (MM) FYI
- အသွားမတော်ရင် တစ်လှမ်း..ဒီခေတ်ကြမ်းကြီးထဲ
- စာရေးဆရာ ကျော်ဝင်း စာဖတ် သူများသို့ ပြန်ကြားခြင်း
- နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဝိုင်းဝန်းကြို...
- တိုင်းထပ်ခွဲတယ်..
- နအဖ စစ်ခွေးလောက်ကောင်တွေ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနာ...
- Gmail Address ကိုသူများမသိရအောင် ဘယ်လိုလုပ်မလည်း
- အရေးကြီးဆုံးစိတ်ဓာတ်
- G Talk လုံခြုံရေး..
- မြန်မာ နဲ့ အာရှရဲ့ ရေအဆိပ်သင့်မှု
- သူတို့ မှဘဲ အသက်ရှိ...
- သန်းရွှေပုံတူ ပြပွဲ
- REAL VIRUS (Conficker)
- တရုတ်လဲ ချီးထုပ်ကို စိတ်ညစ်နေပြီ
- အောင်ပွဲသတင်း
- ကုန်ပါပြီဗျာ..
- စော်ကားချည့်ခံနေရတဲ့ မြန်မာ
- မြန်မာနိုင်ငံမှာတော့ အယ်ဒီဆင်ကို နေ့တိုင်းဂုဏ်ပြု...
- ရည်ရွယ်ချက်ရှိရှိ သာသနာတော် ညှိုးနွမ်းပျက်စီးစေတဲ့...
- တော်လှန်ရေး နေ့ အကြိုဗုံးပေါက် ကွဲမှုသည် ပြည်ပအဖွဲ ...
- ဗိုလ်မှူး(ဟောင်း)အောင်လင်းထွဋ် (စစ်ထောက်လှမ်းရေးနှ...
- ဗမာပြည် အတွင်းမှ မတူညီသော လူနေမှုအဆင့်အတန်း
- ကျေးဇူးတင်ပေးကြပါခင်ဗျာ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား
- Tracking to former ABSDF chairman Tun Aung Kyaw
- အင်္ဂလိပ်စာ ကြောက်စရာမလို
- Earth Hour (မတ် ၂၉ ၂၀၀၉ ည ၈း ၃၀ မှ ၉း၃၀ အထိ)
- မတန်မရာအသက် ၉၀ နေချင်ရသတဲ့ အဟိ
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှ ထုတ်ဝေသော မတ်လထု...
- အစိုးရမကောင်းလို့  အလောင်းမလှ အရပ်ကောင်းမှ အလောင်း...
- မိပြီ..ဒင်းတို့ လက်ချက်
- တွံတေး ကျူရှင်ဆရာ ဆန္ဒပြပြန်ပြီ
- မတ် ၂၇ ၂၀၀၉ သတင်းများ
- ဖက်ဆစ် တော်လှန်ရေးနေ့သာဖြစ်ဟု အန်အယ်ဒီ ပြောကြား
- မြန်မာပြည် လူ့အခွင့်အရေးချိုးဖောက်မှု ကုလ ရှုတ်ချ
- မယား ငယ်ချွဲချွဲရုံနဲ့  ဒို့ တွေ မယုံ
- သူဘဲ လူတတ်ကြီး
- မြို့ပြအပူမီး ဖိစီးနေတဲ့မြို့
- ဗိုလ်ချူပ်ဖွဲ့ခဲ့တာ ပြည်သူတပ်မတော် နွားတွေလက်ထက်ကျ...
- မီးမလာ ရေမလာ ဆိုးဆေး များတဲ့ မြန်မာ
- မုဒိန်းတပ်မတော်ကို အညှီ ပျောက်အောင်လျှော်စေချင်တယ်
- လူတစ်ယောက် သုံးသိန်းဘဲ တန်လား
- ခွေးတွေ ခွေးပါးဝနေတယ်
- သတ်မတော်နေ့ 
- အကောင်းဆုံး မြေသြဇာ အဖွဲ့ရဲ့ မတ်လတော်လှန်ရေး..
- ဆန္ဒတွေ ထုတ်ဖေါ်ကြစို့ 
- ဗိုလ်မိုးကြိုး အပြန် နောက်ကြောင်း လှန်လိုက်သည့် ဗု...
- သာသနာ့ဥသျှောင်(ဘင်္ဂလာဒေ့ရှ်)၏ ကျေညာချက်
- ဗိုလ်ချုပ်အောင်ဆန်း၏ပင်ကိုသဘာဝစရိုက်..
- အိုးဝေသံမြိုင်မြိုင် တဖန်ပြန်ကာနိုးထမဲ့ ဟစ်တိုင်
- မြောက်ဥက္ကလာပတွင် ဗုံးပေါက်ကွဲ
- ရဲဘော်သုံးကျိပ်ဝင်က တပ်မတော် ဦးဆောင်မှုကို မလိုလား...
- ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်
- ဧရာတီကို တရားစွဲဆိုလိုက်သည်ဟု UDP ဦးကျော်မြင့်ြေ...
- (၈၈) မျိုးဆက်ကျောင်းသားများက စစ်အစိုးရ၏ အခြေခံဥပဒေ...
- ၂၀၁၀ ရွေးကောက်ပွဲ အားလုံးလက်ခံနိုင်အောင် ကျင်းပဖို...
- စုစည်းကြပါ...
- ခလေးတောင်သိတယ်
- ကိုယ်ဟာကိုယ်တောင်မနိုင်ဘဲ သူများနိုင်ငံရေးလာပွဲစား...
- ဖိုးလပြည့်..ဘာညာဘာညာလုပ်ခံရတဲ့ ဝတ်မှုံရွှေရည်
- ဗိုလ်ချုပ်မူးကြီးသန်းရွှေ ရာထူးကျသွားပြီ
- မြန်မာ ကောင်လေးကိုသိကြပါသလား..သိသူရှိရင် ဖော်ထုတ်ေ...
- မြန်မာ သူခိုးတွေ သတ်တယ်တဲ့ဗျာ.( Yachtsman killed b...
- ကျောင်းသားအရေးတော်ပုံ ( ကိုဗဟိန်း ရေးသည်)
- UN Special Rapporteur on Human Rights in Burma (VO...
- Global Campaign for Free Political Prisoners (VOA ...
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဗိုလ်အောင်ကျော်)
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဆလိုင်း တင်မောင်...
- အဆိုတော် စိုင်းထီးဆိုင် ၁ နှစ်ပြည့် အလှူ
-
▼
March
(468)
No comments:
Post a Comment