Wednesday, March 11, 2009

မြန်မာရုပ်ရှင်နှင့်ဗီဒီယိုကားများတွင် ဆင်းရဲသားဇာတ်ဝင်ခန်းများရိုက်ခွင့်မပြုဆိုသောသတင်း မမှန်ဟုဆို

ရန်ကုန်၊ မြန်မာရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများတွင် ဆင်းရဲသားဇာတ်ဝင်ခန်းများကို ရိုက်ခွင့်မပြုတော့ ဟု ထွက်ပေါ်နေသည့်သတင်းများသည် မဟုတ်မှန်ကြောင်း မြန်မာ့ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက ပြောသည်။ "ကောလာဟလစကားတွေ ထွက်ပေါ်နေတာပါ။ ရုပ်ရှင်ဖြစ်ဖြစ်၊ ဗီဒီယိုဖြစ်ဖြစ် ကျရာဇာတ်ရုပ်ကို သဘာဝကျပြီး

ပီပြင်အောင်ရိုက်ရမှာပါ။ ဆင်းရဲသားဇာတ်ဝင်ခန်းမရိုက်ရဘူးလို့ တားမြစ်ထားတာမျိုးမရှိပါဘူး။ ဥပမာ- လွန်ခဲ့တဲ့ အနှစ်၃၀လောက်က ရိုက်ကူးခဲ့တဲ့ ကျေးလက်၊ မြို့ပြလူနေမှုစရိုက်လက္ခဏာတွေကို အခုခေတ်မှာ ရိုက်ကူးတဲ့ ရုပ်ရှင်ဗီဒီယိုတွေမှာထည့်ရိုက်ရင် သဘာဝမကျဘဲဖြစ်နေမှာပါ။ ဒါကြောင့် ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ထုတ်လုပ်သူ၊ ဇာတ်ညွှန်ရေးဆရာတွေကို ခေတ်စနစ်နဲ့အညီပဲ ရိုက်သင့်တယ်ဆိုပြီး အသိပေး တာပါ"ဟု ဦးမြင့်သိန်းဖေက ပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေးလုပ်ကိုင်နေသူတစ်ဦးက ယခုကဲ့သို့ ပြောကြား ခဲ့သည်။ "ထုတ်လုပ်သူတွေအနေနဲ့ အဲဒီစကားကိုကြားရတော့ ရင်ထိတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ဗီဒီယိုပဲဖြစ်ဖြစ် ဇာတ်ကားတိုင်းမဟုတ်တောင်မှ ဇာတ်ကားအများစုဟာ ဆင်းရဲသားဇာတ်ဝင်ခန်း ပါရစမြဲပါ။ ဆင်းရဲသားဇာတ်ဝင်ခန်းကိုဖယ်ပြီး ရိုက်မယ်ဆိုရင် အဲဒီဇာတ်ကားတွေဟာ အဓိပ္ပာယ်လုံးဝမရှိတော့ပါ ဘူး"ဟု ထောက်ပြပြောဆိုခဲ့သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်