Friday, March 13, 2009

လျှပ်စစ် ၀န်ထမ်းတို့ ထောက်လှမ်းရေးစတိုင် အရပ်ဝတ်ဖြင့်သာ ရုံးတက်ရတော့မည်

freedom news group
March 13, 2009


နေပြည်တော်ရှိအမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

၁၃ မတ် နေပြည်တော် ညွန့်သက်ထားဦး
ယူနီဖေါင်းဝတ် လျှပ်စစ်ဝန်ထမ်းမျာကို မြင်လျှင် ပြည်သူတို့ အမျက်ဒေါသ ထွက်ပြီးဝတ္တရားနှောင့်
ယှက်ရာမှ မလိုလားအပ်သည့် ကိစ္စများ ပေါ်မည်စိုး၍ အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီး ဗိုလ်မှူး

ကြီးဇော်မင်း က လျှို့ဝှက် အမိန့်ထုတ်ပြန်ထားသည်ဟုသိရသည်။

ကုန်သည် လမ်းနှင့် ဆိပ်ကမ်းသာ လမ်းထောင့်တွင်ရှိ သော ကျောက်တံတား လျှပ်စစ်ဌာန၀န်ထမ်း
တစ်ဦးက လည်း“ဒါဘာ မှာ ဌာနမှူး ကပြောသွားတယ် အခုရက်ပိုင်း အတွင်း အပြင်သွားမယ်ဆိုရင်
ယူနီဖောင်းတွေ ၀တ်ပြီးမသွားနဲ့  လူတွေဒေါသ ထွက်နေတာ မင်းတို့ကို တစ်ခုခုလုပ်လိုက်ရင် ငါတို့
လည်း လိုက်မဖြေရှင်းပေး နိုင်ဘူး”ဟုပြောခဲ့ ကြောင်း Freedom News Group သို့ ပြောပြသည်။

ယခု ရက်ပိုင်းမှ စ၍ လျှပ်စစ်ရုံးများ အနီးတွင် ရဲ၊ကြံ့ဖွတ် စသည့် လုံခြုံရေးများချထားပြီး တာမွေရှိ
လျှပ်စစ်ရုံး နှင့် ဓာတ်အားခွဲ ရုံတွင်မူ ရဲလုံထိန်း ကားပါချထားကြောင်းမျက်မြင် ကြုံခဲ့ရသူ များက
ပြောပြသည်။

မီးမလာသောကြောင့် အမျက်ထွက်နေသော ပြည်သူ လူထု၏ဒေါသသည် လျှပ်စစ် ၀န်ထမ်းများအ
ပေါ်သွန်းဖြိုးသွားနိုင် သောကြောင့် ၀န်ကြီးက ယခုကဲ့သို့ အမြော်အမြင်ရှိစွာ ပြု လုပ်ခြင်းဖြစ်
နိုင်ကြောင်း နေပြည်တော် ၀န်ထမ်းတစ်ဦးကသုံးသပ်သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်