NEJ / မတ်လ(၈) ရက်၊ ၂၀၀၉
လျှပ်စစ်မီး လုံးဝ မရသလောက် ဖြစ်နေသည်ကို အကြောင်းပြုပြီး မတ်လ (၆) ရက်နေ့ညက မော်လမြိုင်မြို့မှာ ဆူပူဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ကြောင်း ကိုယ်တိုင်ပါဝင်ဆန္ဒပြခဲ့သူ ကျောင်းသားတဦးနှင့် မြို့ခံများက ပြောပြသည်။
ကိုယ်တိုင်ပါဝင်ခဲ့သူ ကျောင်းသားတဦးက "ကျနော်တို့ အတန်းတင်စာမေးပွဲဟာ လာမယ့် မတ်လ (၁၁) ရက်နေ့ဆို ဖြေရတော့မယ်။ မီးက လုံးဝ မလာသလောက်ဘဲ။ ကျနော်တို့ အားလုံး အတော်ဒုက္ခရောက်တယ်။ မိဘတွေလည်း ဒုက္ခရောက်တယ်။ ဒါနဲ့ တောင်ဝိုင်းဘက်မှာ ကျနော်တို့ စုမိကြတယ်၊ တက္ကသိုလ် ကျောင်းသားတွေလည်းပါတယ်။
ဆိုင်ကယ်နဲ့ ညဘက် မီးစက်တွေကို သွားဝိုင်းကြမယ်၊ တမြို့လုံး လှည့်အော်ကြမယ် တိုင်ပင်ပြီးထွက်ကြတာ၊ စစခြင်း ကျနော်တို့ ဆိုင်ကယ် အစီး (၂ဝ) လောက်ပဲ။ နောက်လှည့်ရင်းနဲ့ အစီး (၇ဝ) ကျော် နောက်ပိုင်း အစီး (၁ဝဝ) လောက်အထိ များလာတယ်။ တချို့ ကျောင်းသားတွေက စိတ်မထိန်းနိုင်ဘဲ မန္တလေးရပ်က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး စည်းရိုးတွေကို ချိုးဖျက်ကြတယ်။ အများစုကတော့ ရုံးကို ခဲတွေနဲ့ ပေါက်ကြတယ်။ နောက် ငန်းတေးရပ်က မီးစက်ကြီးကို အော်ဟစ် ခဲနဲ့ပစ်ကြတယ်။ ညဘက်ဆိုတော့ ဘယ်သူတဦးတယောက်မှ ထိခိုက်မှု မရှိပါဘူး" ဟု ပြောသည်။
မြို့ခံများ၏ ပြောပြချက်အရ ကျောင်းသားများသည် ဆိုင်ကယ်ကိုယ်စီ စီးပြီး ညဦးပိုင်းမှ ညနက်သည်အထိ မန္တလေးရပ် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ ငန်းတေးရပ် မီးစက်နှင့် အခြားမြို့တွင်းနေရာ အတော်များများကို လှည့်လည်ဆန္ဒပြခဲ့ကြသည်။
စိတ်ဝင်စားသူ လူအုပ်ကြီးကလည်း ဆိုင်ကယ်တွေနှင့် ဝင်ရောက်ပူးပေါင်းခဲ့ကြသည်။ နောက်ပိုင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဘက်သို့ ဆိုင်ကယ်အုပ်ကြီး ချီတက်သွားသည့်အခါ လျှပ်စစ်မီး ထိန်ထိန်လင်းနေသည့် တိုင်းစစ်ဌာနချုပ် အဆောက်အဦ ဘားတိုက်တွေကို မြင်ရသည့်အခါ ပိုမို ဒေါသထွက်လာကြကြောင်း၊ သို့သော် စစ်တပ်ပတ်ဝန်းကျင်ဖြစ်သည့်အတွက် အော်ဟစ်တာလောက်ပဲ လုပ်ပြီး ပြန်လှည့်လာကြကြောင်း ပြောပြသည်။
ယခုလို ဆူပူဆန္ဒပြပွဲ ဖြစ်ပွားပြီးနောက် မတ်လ (၇) ရက်နေ့ နံနက်မှ စတင်ကာ ထူးထူးဆန်းဆန်း တမြို့လုံး လျှပ်စစ်မီးရနေတာ ကြုံရကြောင်း မြို့ခံတွေက ပြောပြကြသည်။
မြို့ခံတဦးကတော့ မော်လမြိုင်မြို့ကို လျှပ်စစ်မီးပေးနေတာ သထုံသဘာဝဓာတ်ငွေ့သုံး စက်ရုံနှင့် မော်လမြိုင် ငန်းတေး လျှပ်စစ်ဓာတ်အားပေး စက်ရုံဖြစ်ကြောင်း၊ ယခုနောက်ပိုင်း သထုံကလာသည့် လျှပ်စစ်ဓာတ်အားတွေဟာ တိုင်းစစ်ဌာနချုပ်လောက်ကပဲ သုံးရကြောင်း၊ ငန်းတေး လျှပ်စစ်ဓာတ်အားပေး စက်ရုံဟာလည်း နဂိုက မီးထိုးဆီ အက်ဖ်အိုနဲ့ လည်ပတ်နေရာမှ နောက်ပိုင်း သဘာဝဓာတ်ငွေ့နှင့်လည်ဖို့ ပြောင်းလဲထားပြီး ဖြစ်ကြောင်း သိရသည်။ သို့သော် သဘာဝဓာတ်ငွေ့မရသဖြင့် စက်မလည်နိုင် ဖြစ်ခဲ့သည်။
ဆန္ဒပြပွဲဖြစ်ပြီးနောက် မတ်လ (၇) ရက်နေ့ တမြို့လုံး မီးလင်းနေသည့် ဖြစ်စဉ်ကိုကြည့်လျှင် အာဏာပိုင်များသည် လျှပ်စစ်မီးပေးနိုင်ပါလျက် မပေးဘဲ ညစ်ထားတာ သိသာကြောင်း၊ သဘာဝဓာတ်ငွေ့ကို နိုင်ငံခြားရောင်းစားပြီး ဒေါ်လာရှာဖို့သာ သိကြတယ်ဆိုတာ တတိုင်းပြည်လုံး သိကြကြောင်း ကျောင်းသားများက ပြောပြသည်။
အခြားမြို့ခံတဦးကတော့ ယခုလို ဆူဆူပူပူလုပ်မှ လျှပ်စစ်မီးရမယ်ဆိုတာသိလျှင် အလားတူ ဆူပူမှုမျိုး မြန်မာတနိုင်ငံလုံး ပျံ့နှံ့သွားနိုင်ကြောင်း သုံးသပ်သည်။
စစ်အစိုးရသည် လျှပ်စစ်မီး တိုးတက်ရရှိအောင် ရေအားလျှပ်စစ်စီမံကိန်းတွေ ဘယ်လို အကောင်အထည် ဖော်နေပါတယ်ဆိုပြီး သတင်းစာ၊ ရုပ်မြင်သံကြားတွေကနေ နေ့စဉ် ဝါဒဖြန့်နေသော်လည်း ယခုနှစ်သည် လျှပ်စစ်မီး အနည်းဆုံးရရှိသည့် နှစ်တနှစ်အဖြစ် ရန်ကုန်မြို့ခံတွေကရော အခြားနယ်မြို့ခံတွေကပါ ပြောပြကြသည်။
Saturday, March 7, 2009
“ရရင် ရ.....မရရင် ချ“ မော်လမြိုင်မှာ ကျောင်းသားနှင့် ပြည်သူလူထု ဆန္ဒပြမှုဖြစ်ပွား
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
March
(468)
- တပ်မဟာ (၅) အောင်ပွဲသတင်း
- ဒေါ်စုကို မဲပေးလိုသူများ..မဲပေးနိုင်ပါပြီ
- တပ်မတော်နေ့ ညစာစာပွဲ လောက်ကောင်တွေ ၀င်နွဲနေတယ်
- 8888 people power စာစောင် ဧပြီ၂၀၀၉
- မျှော်လင့်ချက် က မှုန်တရေးရေး..
- တော်ဝင်နန်းတည်းခိုခန်း က ဗုံးကွဲမှုဓါတ်ပုံများ
- Bomb explosion in Yangon inn assessed to have kill...
- များလိုက်တဲ့စည်းကမ်းတွေ
- သူခိုးတွေပျော်ပြီး ခွေးဘုရားဖူးလည့်တော့မယ်
- မယက ဘောလုံးပွဲအတွက် ရွာသားများ ငွေကြေးထောက်ပံ့ပေးရ
- Mr Robertson ရဲ.အလောင်းရှာဖွေတွေ.ရှိ
- စင်ကာပူမှာ မြန်မာ လက်ဖက်များ ပိတ်ပြီ
- အဖားကောင်းသူ ငါနားတိုးလဟဲ့
- လူမ၀င်အောင်ဘဲ ကာတာပါ ခင်ဂျ
- အလွဲသုံးစားမှု ပုဒ်မ မြန်မာပြည်မှာ အစရှာမရဖူး
- မလုံခြုံသော ဘ၀များ..
- လူ့ ဘ၀နှင့် ဒဿနအမြင်များ(၄၈)
- နူပါတယ်ဆိုမှ သူခိုးက လာထောင်းနေပြန်ပြီ။
- ရွေကို မလို ။ ယူရေနီယမ်ကို လိုသည်။
- လူသတ်၊ ဓားပြတိုက်၊ စိန်ရွှေငွေ လုယက်နေတဲ့ စစ်ခေါင်း...
- ယဇန လ္ဘက်မှာ ဆိုးဆေးပါသည်ဟုဆိုပြီး စင်္ကာပူ အစိုးရတား...
- ဒီမိုကရေစီ ဥယျာဉ်မှူးကြီး
- မြန်မာ နယ်စပ် သံဆူးကြိုးကာမှု ဘင်္ဂလားဒေ့ရှ်က ဖြေရှင်...
- ရေပေါ်ဆီ လူတန်းစားတွေ..နဲ့ ကျူပ်တို့ မြန်မာပြည်..
- လာပါ အတူသွားစို့ 
- အာဏာပိုင်တို့ ရက်ရက်ရောရော လှူဒါန်းကြပြီ
- လမင်းတရာ ( ကြည်အောင်)
- စစ်ငနွားတွေက မြန်မာပြည်ကို တိုင်းတစ်ပါးသား လက်ထဲရေ...
- မြန်မာ ဘလော့ဂါ တစ်ဦးပြုစုသော "မြန်မာ-အင်္ဂလိပ်" အဘိ...
- ကန်ထုတ်ကြစို့ 
- UN Relieve report on Burma (MM) FYI
- အသွားမတော်ရင် တစ်လှမ်း..ဒီခေတ်ကြမ်းကြီးထဲ
- စာရေးဆရာ ကျော်ဝင်း စာဖတ် သူများသို့ ပြန်ကြားခြင်း
- နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဝိုင်းဝန်းကြို...
- တိုင်းထပ်ခွဲတယ်..
- နအဖ စစ်ခွေးလောက်ကောင်တွေ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနာ...
- Gmail Address ကိုသူများမသိရအောင် ဘယ်လိုလုပ်မလည်း
- အရေးကြီးဆုံးစိတ်ဓာတ်
- G Talk လုံခြုံရေး..
- မြန်မာ နဲ့ အာရှရဲ့ ရေအဆိပ်သင့်မှု
- သူတို့ မှဘဲ အသက်ရှိ...
- သန်းရွှေပုံတူ ပြပွဲ
- REAL VIRUS (Conficker)
- တရုတ်လဲ ချီးထုပ်ကို စိတ်ညစ်နေပြီ
- အောင်ပွဲသတင်း
- ကုန်ပါပြီဗျာ..
- စော်ကားချည့်ခံနေရတဲ့ မြန်မာ
- မြန်မာနိုင်ငံမှာတော့ အယ်ဒီဆင်ကို နေ့တိုင်းဂုဏ်ပြု...
- ရည်ရွယ်ချက်ရှိရှိ သာသနာတော် ညှိုးနွမ်းပျက်စီးစေတဲ့...
- တော်လှန်ရေး နေ့ အကြိုဗုံးပေါက် ကွဲမှုသည် ပြည်ပအဖွဲ ...
- ဗိုလ်မှူး(ဟောင်း)အောင်လင်းထွဋ် (စစ်ထောက်လှမ်းရေးနှ...
- ဗမာပြည် အတွင်းမှ မတူညီသော လူနေမှုအဆင့်အတန်း
- ကျေးဇူးတင်ပေးကြပါခင်ဗျာ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား
- Tracking to former ABSDF chairman Tun Aung Kyaw
- အင်္ဂလိပ်စာ ကြောက်စရာမလို
- Earth Hour (မတ် ၂၉ ၂၀၀၉ ည ၈း ၃၀ မှ ၉း၃၀ အထိ)
- မတန်မရာအသက် ၉၀ နေချင်ရသတဲ့ အဟိ
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှ ထုတ်ဝေသော မတ်လထု...
- အစိုးရမကောင်းလို့  အလောင်းမလှ အရပ်ကောင်းမှ အလောင်း...
- မိပြီ..ဒင်းတို့ လက်ချက်
- တွံတေး ကျူရှင်ဆရာ ဆန္ဒပြပြန်ပြီ
- မတ် ၂၇ ၂၀၀၉ သတင်းများ
- ဖက်ဆစ် တော်လှန်ရေးနေ့သာဖြစ်ဟု အန်အယ်ဒီ ပြောကြား
- မြန်မာပြည် လူ့အခွင့်အရေးချိုးဖောက်မှု ကုလ ရှုတ်ချ
- မယား ငယ်ချွဲချွဲရုံနဲ့  ဒို့ တွေ မယုံ
- သူဘဲ လူတတ်ကြီး
- မြို့ပြအပူမီး ဖိစီးနေတဲ့မြို့
- ဗိုလ်ချူပ်ဖွဲ့ခဲ့တာ ပြည်သူတပ်မတော် နွားတွေလက်ထက်ကျ...
- မီးမလာ ရေမလာ ဆိုးဆေး များတဲ့ မြန်မာ
- မုဒိန်းတပ်မတော်ကို အညှီ ပျောက်အောင်လျှော်စေချင်တယ်
- လူတစ်ယောက် သုံးသိန်းဘဲ တန်လား
- ခွေးတွေ ခွေးပါးဝနေတယ်
- သတ်မတော်နေ့ 
- အကောင်းဆုံး မြေသြဇာ အဖွဲ့ရဲ့ မတ်လတော်လှန်ရေး..
- ဆန္ဒတွေ ထုတ်ဖေါ်ကြစို့ 
- ဗိုလ်မိုးကြိုး အပြန် နောက်ကြောင်း လှန်လိုက်သည့် ဗု...
- သာသနာ့ဥသျှောင်(ဘင်္ဂလာဒေ့ရှ်)၏ ကျေညာချက်
- ဗိုလ်ချုပ်အောင်ဆန်း၏ပင်ကိုသဘာဝစရိုက်..
- အိုးဝေသံမြိုင်မြိုင် တဖန်ပြန်ကာနိုးထမဲ့ ဟစ်တိုင်
- မြောက်ဥက္ကလာပတွင် ဗုံးပေါက်ကွဲ
- ရဲဘော်သုံးကျိပ်ဝင်က တပ်မတော် ဦးဆောင်မှုကို မလိုလား...
- ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်
- ဧရာတီကို တရားစွဲဆိုလိုက်သည်ဟု UDP ဦးကျော်မြင့်ြေ...
- (၈၈) မျိုးဆက်ကျောင်းသားများက စစ်အစိုးရ၏ အခြေခံဥပဒေ...
- ၂၀၁၀ ရွေးကောက်ပွဲ အားလုံးလက်ခံနိုင်အောင် ကျင်းပဖို...
- စုစည်းကြပါ...
- ခလေးတောင်သိတယ်
- ကိုယ်ဟာကိုယ်တောင်မနိုင်ဘဲ သူများနိုင်ငံရေးလာပွဲစား...
- ဖိုးလပြည့်..ဘာညာဘာညာလုပ်ခံရတဲ့ ဝတ်မှုံရွှေရည်
- ဗိုလ်ချုပ်မူးကြီးသန်းရွှေ ရာထူးကျသွားပြီ
- မြန်မာ ကောင်လေးကိုသိကြပါသလား..သိသူရှိရင် ဖော်ထုတ်ေ...
- မြန်မာ သူခိုးတွေ သတ်တယ်တဲ့ဗျာ.( Yachtsman killed b...
- ကျောင်းသားအရေးတော်ပုံ ( ကိုဗဟိန်း ရေးသည်)
- UN Special Rapporteur on Human Rights in Burma (VO...
- Global Campaign for Free Political Prisoners (VOA ...
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဗိုလ်အောင်ကျော်)
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဆလိုင်း တင်မောင်...
- အဆိုတော် စိုင်းထီးဆိုင် ၁ နှစ်ပြည့် အလှူ
-
▼
March
(468)
No comments:
Post a Comment