မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံနေရတဲ့ သူတွေ၊ လူ့အခွင့်အရေးအတွက် လှုပ်ရှားနေသူတွေနဲ့ အတူ သွေးစည်း ညီညွတ်စွာ ရပ်တည်နေတဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ထုတ်ဖေါ်ပြောဆိုပါတယ်။ မနေ့က နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ကျင်းပတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားမှာ အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပေးပါလိမ့်မယ်။
မတ်လ ၈ရက်နေ့က ကျရောက်ခဲ့တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကို မနေ့ကတုန်းက အမေရိကန် နိုင်ငံခြားရေး ဌာန အဆောက်အဦမှာ ကျင်းပခဲ့ကြတာပါ။ လူအဖွဲ့အစည်းတွေကို တိုးတက်အောင် ဆောင်ရွက်တဲ့နေရာမှာ အဲဒီ လူ့အဖွဲ့အစည်း အတွင်းမှာပါတဲ့ အမျိုးသမီးတွေကို ဘယ်လောက်အထိ တိုးတက်အောင် လုပ်ဆောင်နိုင်မလဲ၊ ဒီတိုးတက်မှုက လူ့အဖွဲ့အစည်းရဲ့ တိုးတက်မှုကို တိုင်းတာတဲ့ သင်္ကေတ တခု ဖြစ်တယ်ဆိုပြီးတော့ ဟီလာရီ ကလင်တန်က ပြောဆိုသွားပါတယ်။ အမျိုးသမီးတွေကို နောက်ကျ ကျန်ရစ်အောင် လုပ်ထားမယ်၊ တိုးတက်အောင် မဆောင်ရွက်နိုင်ဘူး ဆိုရင် ဒီနေ့ ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ ရာသီဥတု ပြောင်းလဲလာတဲ့ ပြဿနာမျိုး ၊ ဆင်းရဲတွင်း နက်လာတဲ့ ပြဿနာမျိုး တွေနဲ့ စီးပွားရေး အကျပ်အတည်းလို ပြဿနာမျိုးတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုသွားပါတယ်။
ဒီအခမ်းအနားမှာ အမျိုးသမီးတွေ ဆုပေးလေ့ ရှိတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးရဲ့ နိုင်ငံ တကာ သတ္တိရှင် အမျိုးသမီး များဆိုင်ရာ ဆုအဖြစ် ဆုရှင် ၈ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီ ဆုရှင်တွေက အာဖဂန် နစ္စတန်၊ အီရက်၊ မလေးရှား၊ နီဂါ၊ ရုရှ၊ အူဘကစ္စတန်၊ ရေမန် အဲဒီ နိုင်ငံတွေကပါ ကမ္ဘာ တ၀ှမ်းမှာ ရှိတဲ့ အမေရိကန် သံရုံးတွေကနေ အမျိုးသမီး ၈၀၊ လူ့အခွင့်အရေး၊ လူမှုရေး တရားမျှတမှုတွေအတွက် ထူးထူးခြားခြား လုပ်ဆောင်တဲ့ အမျိုးသမီးတွေကို ၈၀ ကို စာရင်းသွင်း ခဲ့ပြီးတော့ ၈၀ထဲက စကာ စစ်ပြီးတော့ အခုလို ၈ယောက်ကို ရွေးချယ်ခဲ့တာပါ။ ဒီလို ၈ယောက်ကို ရွေးချယ် ဆုပေးပွဲ အခမ်းအနားမှာ မြန်မာ နိုင်ငံက အဖိနှိပ်ခံ အမျိုးသမီးတွေနဲ့ အတူ လက်တွဲ ရပ်တည်နေတယ် ဆိုတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် အခုလို ထပ်ပြီး ပြောသွားခဲ့တာပါ။
ကျမတို့နဲ့အတူ လက်တွဲဖို့ သူတို့ အစိုးရတွေက ပိတ်ပင် ဟန့်တားတာကို ခံနေရတဲ့ သူတွေနဲ့လည်း သွေးစည်း ညီညွတ်မှုကို ကျမတို့ ထုတ်ဖေါ်ချင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ပြီးခဲ့ အနှစ် ၂၀ အတွင်း၊ နှစ်ပေါင်းများစွာ နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ပါ။ သူဟာ ကမ္ဘာတ၀ှမ်းလုံးက ပြည်သူတွေအတွက် အင်အားနဲ့ မျှော်လင့်ချက် ရောင်ခြည် အဖြစ် ဆက်ရပ်တည်ခဲ့ သူပါ။ မြန်မာနိုင်ငံ အတွင်းမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့ အခြား အမျိုးသမီးတွေ၊ ပြည်ပကို နှင်ထုတ်ခံရသူတွေလည်း စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကျုးလွန်ခံရသူတွေ အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်က ဥပမာတခုပါ။
လူမှုရေး တရားမျှတမှုနဲ့ လူ့အခွင့်အရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့သူတွေကို ဒီလို အသိအမှတ်ပြု ချီးမြှင့်တာ ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောပါတယ်။ ဆုချီးမြှင့်ခံရတဲ့ သူတွေထဲက မလေးရှား နိုင်ငံက ရတဲ့ မစ္စ အမ်ဘီဂါ စခရင်ဗာဆန်( Ms. Ambiga Sreenevasan) ဆိုရင် သူဟာ ရှေ့နေများ ကောင်စီရဲ့ ဥက္ကဌပါ။ သူဟာ သူ့အသက်ကို ရန်ရှာမယ်ဆိုပြီးတော့ ချိန်းခြောက်မှုတွေ ရှိခဲ့တဲ့ ကြားထဲက မလေးရှားနိုင်ငံမှာ လူ့အခွင့်အရေး အမျိုးသမီး အခွင့်အရေး ဘာသာရေး ဆိုင်ရာ ဖိနှိပ်မှုတွေကို ဆက် ဆန့်ကျင်ပြီးတော့ တရားမျှတမှုအတွက် ရုန်းကန် လုပ်ဆောင်ခဲ့တယ်ဆိုပြီး ဒီအမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်က ဖော်ပြထားပါတယ်။ ဒီလို ဆုပေးပွဲ အခမ်းအနား အမျိုးသမီးများ အခွင့်အရေး ကြေညာချက်တွေထဲမှာ မြန်မာနိုင်ငံအကြောင်းကို တခုတ်တယ ထည့် ပြောဆို သွားတာပါ။
မကြာသေးခင်တုန်းက အာရှနိုင်ငံတွေကို သွားခဲ့တဲ့ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံပေါ်မှာ ထားတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ မူဝါဒကို ပြန်ပြီးတော့ သုံးသပ်မယ်၊ အာစီယံ သဘောထားတွေကို သူ့အနေနဲ့ ပိုပြီး နားစိုက်မယ်လို့ ပြောခဲ့တဲ့အတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒ အပြောင်းအလဲများ ရှိမလားလို့ စိုးရိမ်မှုတွေ ရှိခဲ့ကြပါတယ်။ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံ အပေါ် ဖိအားပေးမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ခဲ့ကြတာပါ။ ဒါပေမယ့်လည်း အမေရိကန် ပြည်ထောင်စုဟာ သူယုံကြည်တဲ့ လွတ်လပ်မှုနဲ့ လူ့ဂုဏ်သိက္ခာ တန်ဖိုးထားမှုတွေ အတွက် ဆက်လက်ရပ်တည်မယ်ဆိုပြီး လက်ရှိ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောဆိုသွားတဲ့ အချက်က ပိုပြီး ထင်ရှားနေပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ ဆုပေးပွဲ အခမ်းအနားမှာ သမ္မတ ကတော် မစ်ရှဲလ်အိုဘားမားလဲ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
source by : http://www.voanews.com/burmese/2009-03-12-voa1.cfm
Thursday, March 12, 2009
ဒေါ်စုနဲ့အတူ အမေရိကန် ခိုင်မာစွာရပ်တည်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
March
(468)
- တပ်မဟာ (၅) အောင်ပွဲသတင်း
- ဒေါ်စုကို မဲပေးလိုသူများ..မဲပေးနိုင်ပါပြီ
- တပ်မတော်နေ့ ညစာစာပွဲ လောက်ကောင်တွေ ၀င်နွဲနေတယ်
- 8888 people power စာစောင် ဧပြီ၂၀၀၉
- မျှော်လင့်ချက် က မှုန်တရေးရေး..
- တော်ဝင်နန်းတည်းခိုခန်း က ဗုံးကွဲမှုဓါတ်ပုံများ
- Bomb explosion in Yangon inn assessed to have kill...
- များလိုက်တဲ့စည်းကမ်းတွေ
- သူခိုးတွေပျော်ပြီး ခွေးဘုရားဖူးလည့်တော့မယ်
- မယက ဘောလုံးပွဲအတွက် ရွာသားများ ငွေကြေးထောက်ပံ့ပေးရ
- Mr Robertson ရဲ.အလောင်းရှာဖွေတွေ.ရှိ
- စင်ကာပူမှာ မြန်မာ လက်ဖက်များ ပိတ်ပြီ
- အဖားကောင်းသူ ငါနားတိုးလဟဲ့
- လူမ၀င်အောင်ဘဲ ကာတာပါ ခင်ဂျ
- အလွဲသုံးစားမှု ပုဒ်မ မြန်မာပြည်မှာ အစရှာမရဖူး
- မလုံခြုံသော ဘ၀များ..
- လူ့ ဘ၀နှင့် ဒဿနအမြင်များ(၄၈)
- နူပါတယ်ဆိုမှ သူခိုးက လာထောင်းနေပြန်ပြီ။
- ရွေကို မလို ။ ယူရေနီယမ်ကို လိုသည်။
- လူသတ်၊ ဓားပြတိုက်၊ စိန်ရွှေငွေ လုယက်နေတဲ့ စစ်ခေါင်း...
- ယဇန လ္ဘက်မှာ ဆိုးဆေးပါသည်ဟုဆိုပြီး စင်္ကာပူ အစိုးရတား...
- ဒီမိုကရေစီ ဥယျာဉ်မှူးကြီး
- မြန်မာ နယ်စပ် သံဆူးကြိုးကာမှု ဘင်္ဂလားဒေ့ရှ်က ဖြေရှင်...
- ရေပေါ်ဆီ လူတန်းစားတွေ..နဲ့ ကျူပ်တို့ မြန်မာပြည်..
- လာပါ အတူသွားစို့ 
- အာဏာပိုင်တို့ ရက်ရက်ရောရော လှူဒါန်းကြပြီ
- လမင်းတရာ ( ကြည်အောင်)
- စစ်ငနွားတွေက မြန်မာပြည်ကို တိုင်းတစ်ပါးသား လက်ထဲရေ...
- မြန်မာ ဘလော့ဂါ တစ်ဦးပြုစုသော "မြန်မာ-အင်္ဂလိပ်" အဘိ...
- ကန်ထုတ်ကြစို့ 
- UN Relieve report on Burma (MM) FYI
- အသွားမတော်ရင် တစ်လှမ်း..ဒီခေတ်ကြမ်းကြီးထဲ
- စာရေးဆရာ ကျော်ဝင်း စာဖတ် သူများသို့ ပြန်ကြားခြင်း
- နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဝိုင်းဝန်းကြို...
- တိုင်းထပ်ခွဲတယ်..
- နအဖ စစ်ခွေးလောက်ကောင်တွေ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနာ...
- Gmail Address ကိုသူများမသိရအောင် ဘယ်လိုလုပ်မလည်း
- အရေးကြီးဆုံးစိတ်ဓာတ်
- G Talk လုံခြုံရေး..
- မြန်မာ နဲ့ အာရှရဲ့ ရေအဆိပ်သင့်မှု
- သူတို့ မှဘဲ အသက်ရှိ...
- သန်းရွှေပုံတူ ပြပွဲ
- REAL VIRUS (Conficker)
- တရုတ်လဲ ချီးထုပ်ကို စိတ်ညစ်နေပြီ
- အောင်ပွဲသတင်း
- ကုန်ပါပြီဗျာ..
- စော်ကားချည့်ခံနေရတဲ့ မြန်မာ
- မြန်မာနိုင်ငံမှာတော့ အယ်ဒီဆင်ကို နေ့တိုင်းဂုဏ်ပြု...
- ရည်ရွယ်ချက်ရှိရှိ သာသနာတော် ညှိုးနွမ်းပျက်စီးစေတဲ့...
- တော်လှန်ရေး နေ့ အကြိုဗုံးပေါက် ကွဲမှုသည် ပြည်ပအဖွဲ ...
- ဗိုလ်မှူး(ဟောင်း)အောင်လင်းထွဋ် (စစ်ထောက်လှမ်းရေးနှ...
- ဗမာပြည် အတွင်းမှ မတူညီသော လူနေမှုအဆင့်အတန်း
- ကျေးဇူးတင်ပေးကြပါခင်ဗျာ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား
- Tracking to former ABSDF chairman Tun Aung Kyaw
- အင်္ဂလိပ်စာ ကြောက်စရာမလို
- Earth Hour (မတ် ၂၉ ၂၀၀၉ ည ၈း ၃၀ မှ ၉း၃၀ အထိ)
- မတန်မရာအသက် ၉၀ နေချင်ရသတဲ့ အဟိ
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှ ထုတ်ဝေသော မတ်လထု...
- အစိုးရမကောင်းလို့  အလောင်းမလှ အရပ်ကောင်းမှ အလောင်း...
- မိပြီ..ဒင်းတို့ လက်ချက်
- တွံတေး ကျူရှင်ဆရာ ဆန္ဒပြပြန်ပြီ
- မတ် ၂၇ ၂၀၀၉ သတင်းများ
- ဖက်ဆစ် တော်လှန်ရေးနေ့သာဖြစ်ဟု အန်အယ်ဒီ ပြောကြား
- မြန်မာပြည် လူ့အခွင့်အရေးချိုးဖောက်မှု ကုလ ရှုတ်ချ
- မယား ငယ်ချွဲချွဲရုံနဲ့  ဒို့ တွေ မယုံ
- သူဘဲ လူတတ်ကြီး
- မြို့ပြအပူမီး ဖိစီးနေတဲ့မြို့
- ဗိုလ်ချူပ်ဖွဲ့ခဲ့တာ ပြည်သူတပ်မတော် နွားတွေလက်ထက်ကျ...
- မီးမလာ ရေမလာ ဆိုးဆေး များတဲ့ မြန်မာ
- မုဒိန်းတပ်မတော်ကို အညှီ ပျောက်အောင်လျှော်စေချင်တယ်
- လူတစ်ယောက် သုံးသိန်းဘဲ တန်လား
- ခွေးတွေ ခွေးပါးဝနေတယ်
- သတ်မတော်နေ့ 
- အကောင်းဆုံး မြေသြဇာ အဖွဲ့ရဲ့ မတ်လတော်လှန်ရေး..
- ဆန္ဒတွေ ထုတ်ဖေါ်ကြစို့ 
- ဗိုလ်မိုးကြိုး အပြန် နောက်ကြောင်း လှန်လိုက်သည့် ဗု...
- သာသနာ့ဥသျှောင်(ဘင်္ဂလာဒေ့ရှ်)၏ ကျေညာချက်
- ဗိုလ်ချုပ်အောင်ဆန်း၏ပင်ကိုသဘာဝစရိုက်..
- အိုးဝေသံမြိုင်မြိုင် တဖန်ပြန်ကာနိုးထမဲ့ ဟစ်တိုင်
- မြောက်ဥက္ကလာပတွင် ဗုံးပေါက်ကွဲ
- ရဲဘော်သုံးကျိပ်ဝင်က တပ်မတော် ဦးဆောင်မှုကို မလိုလား...
- ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်
- ဧရာတီကို တရားစွဲဆိုလိုက်သည်ဟု UDP ဦးကျော်မြင့်ြေ...
- (၈၈) မျိုးဆက်ကျောင်းသားများက စစ်အစိုးရ၏ အခြေခံဥပဒေ...
- ၂၀၁၀ ရွေးကောက်ပွဲ အားလုံးလက်ခံနိုင်အောင် ကျင်းပဖို...
- စုစည်းကြပါ...
- ခလေးတောင်သိတယ်
- ကိုယ်ဟာကိုယ်တောင်မနိုင်ဘဲ သူများနိုင်ငံရေးလာပွဲစား...
- ဖိုးလပြည့်..ဘာညာဘာညာလုပ်ခံရတဲ့ ဝတ်မှုံရွှေရည်
- ဗိုလ်ချုပ်မူးကြီးသန်းရွှေ ရာထူးကျသွားပြီ
- မြန်မာ ကောင်လေးကိုသိကြပါသလား..သိသူရှိရင် ဖော်ထုတ်ေ...
- မြန်မာ သူခိုးတွေ သတ်တယ်တဲ့ဗျာ.( Yachtsman killed b...
- ကျောင်းသားအရေးတော်ပုံ ( ကိုဗဟိန်း ရေးသည်)
- UN Special Rapporteur on Human Rights in Burma (VO...
- Global Campaign for Free Political Prisoners (VOA ...
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဗိုလ်အောင်ကျော်)
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဆလိုင်း တင်မောင်...
- အဆိုတော် စိုင်းထီးဆိုင် ၁ နှစ်ပြည့် အလှူ
-
▼
March
(468)
No comments:
Post a Comment