Saturday, March 14, 2009

မြန်မာပြည်ကြီး မီးဟုန်းဟုန်းတောက်နေတဲ့ အချိန်မှာ ကြပ်ပြေး ဘုရင်ရှုးတွေ ဒေါ်လာ သန်းချီ သုံးစွဲနေဆဲ

ရောမမြို့ ကြီးမီးဟုန်းဟုန်းတောက်နေတဲ့ အချိန် မှာ ရောမဘုရင်ကြီး နီရိုး က တယောထိုးကောင်းနေတုန်း ဆိုတဲ့ သမိုင်းရာဇ၀င်ထဲက ပုံပြင်လိုပဲ ၊ မြန်မာပြည်ကြီး မှာ နားဂစ်မုန်တိုင်းတိုက်ခတ်ခဲ့တာကြောင့် သန်းနဲ့ ချီတဲ့ပြည်သူတွေ ဒုက္ခအတိရောက်နေချိန်၊၊ ကမ္ဘာ့စီးပွား ရေးပျက်ကပ်ကြီး ကြောင့် မြန်မာပြည်သူတွေ စားဝတ်နေရေး အခက်အခဲဖြစ်နေချိန်၊ ကမ္ဘာမှာ အဆင်းရဲဆုံးနဲ့ အစာရေစာငတ်မွတ် နေမှုကြောင့် နိုင်ငံတကာ က အကူအညီတွေကို သူတောင်းစားလို တောင်းခံနေရတဲ့အချိန်၊ မြန်မာပြည်မြို့ ကြီးတွေ မှာ မီးမလာလို့ အမှောင်ဖုန်းလွှမ်းနေတဲ့အချိန်၊ မြန်မာပြည်သူတွေဟာ သန်းနဲ့ချီ ပြီး အိမ်နီးချင်းနိုင်ငံတွေမှာ ဒုက္ခသည် ဖြစ်နေရတဲ့အချိန်၊ …..ဒီလို ဒီလို အချိန်မျိုးမှာတောင် ကြပ်ပြေးနေပြည်တော်က ဘုရင်ရှုး သန်းရွှေ ကတော့ ဥပ္ပါတသန္တိစေတီတော် ရတနာစိန်ဖူးတော် နှင့် ရတနာငှက် မြတ်နားတော် ကို မင်္ဂလာ ဝေါယာဉ် ဖြင့် ပင့်ဆောင်ပြီး လက်ယာရစ်တပတ် လှည့်လည်ပူဇော်နေလေရဲ့ ။

ပုလင်တူဖူးစို့ အိမ်ရှေ့စံ တွေလို ကိုယ့်ကိုယ် ကိုယ်ထင်မှတ်ပြီး ရှူးသွတ်နေကြတဲ့ စစ်ကြောင် မောင်အေး နဲ့ မောင်ရွှေမန်း ကလည်း ရွှေမန်းဇတ်သဘင်ထဲကလို စစ်ဝတ်စုံ အပြည့် နဲ့ နတ်ကတော် တွေလို မြန်မာပြည် ကို စစ်ကျွန်ပြုဖို့ ခေါင်းလောင်းထိုး မပြတ်၊ မောင်းထိုးမပြတ် ဆုတောင်းနေကြလေရဲ့ ။ အပ္ပယ် ငရဲ က သူတို့ကို ဆီးကြိုနေတယ် ဆိုတာ သူတို့ ကိုယ် သူတို့ သိနေကြပုံတူရဲ့ ။

နိုင်ငံတကာ ခေါင်းဆောင်တွေဟာ သူတို့နိုင်ငံက ပြည်သူတွေအတွက် နေ့မအားညမအား အလုပ်လုပ်နေတဲ့ အချိန်၊ ပြည်သူတွေ ကို ငွေကြေးအကူအညီတွေပေး ဖို့ ကျိုးစားနေစဉ်မှာ တိုင်းပြည်ဘဏ္ဍာကို အလာဟသ သုံးစွဲနေတဲ့ စစ်ကြောင်တွေရဲ့ အောက်မှာ မြန်မာ ပြည်သူတွေ ကတော့ အမှောင်ထဲ မှာ ဘယ်လောက်တောင် ဆက်လက် ဒုက္ခတွေခံကြရ အုန်းမလဲမသိဘူး။

နိုင်ငံတကာ ကို သူတောင်းစားလိုတောင်း နေကြတဲ့ စစ်ကြောင် တွေကြောင့် မြန်မာပြည်သူတွေ လည်း ခေါင်းမဖော်ရဲအောင် သိက္ခာ လုံးလုံး ကျနေရပြီ။ နိုင်ငံတကာ က ထပ်ကူမဲ့ ငွေကြေး ဟာ မြန်မာပြည်သူတွေဆီ မရောက်ပဲ၊ စစ်ကျွန်ပြု ခေါင်းလောင်းထိုး ဆုတောင်းပွဲ အတွက်ပဲဖြစ်နေအုန်းမှာပါပဲ။

--
လွတ်လပ်ရေးလိုခြင်ရင် လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ဖို့ လိုအပ်ပါတယ်။ သင်ကိုယ်တိုင် ဖြတ်သန်းနေရတဲ့ မြန်မာနိုင်ငံရဲ့ ခေတ်ဆိုးကြီး မှာ သင့် သား၊ မြေး၊ မြစ် ....များကို သင့်လိုဖြတ်သန်းစေခြင်ပါသလား။ သင့်မျိုးဆက်များ ဘာသာမဲ့စစ်အာဏာရှင် လက်အောက်က နေလွတ်မြောက်ဖို့ သင့်မှာတာဝန်ရှိပါတယ်။ သင့်နိုင်ငံကို ကမ္ဘာအမှာ ရင်ဘောင်တန်းနိုင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ် ဖို့ တတ်နိုင်တဲ့ဖက်က တိုက်ပွဲဝင်ကြပါ။ သေနတ်ကိုင်တိုက်မှ တိုက်ပွဲဝင်တာမဟုတ်ပါဘူးဆိုတာ အားလုံးသိစေခြင်ပါတယ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်