Friday, March 13, 2009

ချစ်စရာသိပ်ကောင်းတယ်မို့ လား

ကျော်နေ၀င်း ဘာဖြစ်သွားတယ် သိတယ်မဟုတ်လား...
ကျပ်ကျပ် သတိထား...သန်းရွှေ မြေးတော့အကိုင်ခံ ရပြီ

မတ်လ ၁၂ ရက်နေ့ ည ၁၁ နာရီက သန်းရွှေ ရဲ့မြေး ဖိုးလှပြည့် ကို လင် ခရူစာအနက် ၂စီး ကလိုက်တိုက်ပါတယ်။ သူက မျက်နာကြီး လူတွေလုပ်တဲ့ ပါတီက ပြန်လာတာဖြစ်ပါတယ်။ ပါတီမှာ စီးပွားရေးသမားတွေ၊ ရုပ်ရှင်နယ်က မင်းသားမင်းသမီးများနဲ့ မော်ဒဲလ်တွေ လည်းတက်ကြတယ်လို့ သိရတယ်။ မြန်မာ ပြည်မှာတော့ ဒီလိုပါတီကို ( Blue Party ) လို့ လူငယ်တွေကခေါ်ကြပါတယ်။ အဲ့ဒီပါတီက အပြန်မှာ အမျိုးသမီး ကိစ္စ ဖြစ်မယ်၊ သူနဲ့ရန်စဖြစ်ဘူးတဲ့ လူငယ်တချို့ က ခုလို လိုက်လံ ရိုက်နက်ကြတာလို့ ထောက်လှမ်းရေးနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက် က လာတဲ့သတင်းအရ သိရပါတယ်။

ဖိုးလပြည့် ဟာ ကြောက် အားလှန့် အားနဲ့  ရန်ကုန်တိုင်းစစ်ဌာနချုပ်ထဲကို ၀င်ပြေးတယ် လို့ သိရပါတယ်။ ရန်ကုန်အခြေစိုက်အဖွဲ့ များ ( ထောက်လှမ်းရေများ ) ပြသာနာတက်နေ ကြောင်းသိရတယ်။

သန်းရွှေမြေး ဖိုးလှပြည်ဆိုတာ ပေါ့ပေါနေပေါ့ပေါစား အဖိုးအရှိန်နဲ့ ထင်တိုင်း သောင်းကျန်းနေတဲ့ လူရမ်းကား တဦးလို့ သိရပါတယ်။ မျက်နာကြီး ဘား အနိပ်ခန်း နဲ့ ကာရာအိုကေ တွေမှာ ကျင်လည်ကြက်စား နေသူဖြစ်ပါတယ်။ မူးယစ်ဆေး သုံးစွဲမှု ကြောင့်လည်း မကြာခင်က သူနဲ့ ပတ်သက်သူများအဖမ်း ခံရပြီး သူကတော့အဖိုးအရှိန်နဲ့ ဥပဒေ အထက်မှာ ရှိနေသူဖြစ်ပါတယ်။ မော်ဒဲလ်တဦးကို ကားနဲ့ တင်ပြေး ခဲ့တယ်လို့ လည်း
သတင်းတွေ ထွက်ခဲ့ဘူးပါတယ်။ တချို့ နီးစပ်သူတွေကတော့ သူမဟုတ်ဘူး။ သူရဲ့  ပုလင်းတူဗူးစို သူငယ်ချင်းတဦးက ခိုးပြေးတာဖြစ် ပြီး သူကားကို သာ ဒါန ပြုလိုက်တာလို့ စို ကြပါတယ်။
မတ်လ ၁၂ ရက်နေ့ ည က ကားနဲ့ လိုက်အရိုက်ခံရမှုကြောင့် ဖို့ လှပြည့်  ထိတ်လှန့် တုန်လှုပ်နေတယ်လို့ သိရပါတယ်။

သတင်းက ကိုမိုးသီးကောင်းမှုပါ။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်