Thursday, March 5, 2009

ဒီအရက်သမားကျတော့ ခွေူးသောက်နွားသောက် သောက်ခဲ့တာ အသဲ မခြောက်ဘူးလားမသိဘူး

ကျန်းမာရေးမကောင်း တော့သည်က လည်းတစ်ကြောင်း အသက်အရွယ်ကြီးမြင့်လာသည်ကလည်း တစ်ဖုံကြောင့် ဒုဗိုလ်ချုပ်မှုးကြီးမောင်အေး အသောက်လျှော့
March 5, 2009 · No Comments


အရက်ဖော ဖောနေသောဗှိုလ်ချုပ်မှုးကြီးမောင်အေး

၅ မတ် နေပြည်တော်။ ။တင်ကျော်ကျော်စိုး
ယခင်က အရက်သေစာသောက်သုံးမှုတွင် ပြိုင်ဘက်ကင်းသည့် ဒုတိယဗိုလ်ချုပ်မှုးကြီးမောင်အေးမှာ ယခုနှစ်ဆန်းပိုင်းမှစ၍သိသိသာသာအရက်သောက်နှုန်းလျှော့ကျသွားပြီဖြစ်ကြောင်း၎င်းနှင့်
နီးစပ်သောအသိုင်းအ၀ိုင်းများမှတစ်ဆင့်သိရှိရသည်။

၁၉၃၇ ခုနှစ်ချမ်းမြေ့ လှသည့် ခရစ်စမတ်ညချမ်းအချိန်အခါတွင် မွေးဖွားလှသည့် ဗိုလ်မောင်အေးမှာရန်ကုန်မြို့ ဂေါ်ယာကုန်းရှိ

စစ်ရုံးချုပ်တွင် ဗိုလ်မှုးအဖြစ်တာဝန်ထမ်းဆောင်ချိန် ဇနီးဖြစ်သူ ဗိုလ်မှုးဒေါ်မြမြစန်းနှင့် လက်မထပ်သေးခင် သမီးရည်းစားအဖြစ် ဇပါးရှား အုတ်ဂူတွင် ချိန်းတွေ့ ချိန်ကပင် အရက်ကို စွဲစွဲမြဲမြဲသောက်သည်ဟုထိုအချိန်ကသူနှင့်အနီးကပ်နေခဲ့ဖူးသော အသက်
ရ၀ ကျော်အရွယ်ရှိတပ်မတော် အရာရှိတစ်ဦးက Freedom News Group သို့ ပြောပြသည်။

အသက်၇၂ နှစ်အရွယ်ရှိပြီဖြစ်သောဗိုလ်ချုပ်မောင်အေး မှာ ယခင်နှစ်များကကဲ့သို့ အရက်ကိုအလွန် အကျွံသောက်သုံးခြင်းမပြုတော့သည်မှာ လအတော်ကြာမြင့်ပြီဟု အမည်မဖေါ်လိုသော အရာရှိတစ်ယောက်က ပြောသည်။

ယခုကဲ့သို့ အရက်သောက်သုံးမှုလျှော့ကျသွားရခြင်းမှာ နေပြည်တော် ရှိ ဥပ္ပါတသန္တိစေတီ စိန်ဖူးတော် တင်ရန်ရှိနေသည့်အတွက် အသောက်လျှော့ထားခြင်းလည်းဖြစ်သလို ယခင်နှစ်က
ကျင်းပခဲ့သည့် တပ်မတော်နေ့ ခေါ်တော်လှန်ရေးနေ့ အခမ်းအနားတွင် တီဗွီ တွင် တွေ့ ရသော
ခန္တာကိုယ်ကအလွန်ဖောနေ၍ ယခုနှစ် ထိုကဲ့သို့ ရုပ်ပျက်ဆင်းပျက်မဖြစ်ရအောင်အသောက်လျှော့
ခြင်းလည်းဖြစ်နိုင်သည် ဟုရန်ကုန်စာနယ်ဇင်းဆရာတို့ ကထင်ကြေးပေးကြသည်။

ဗိုလ်ချုပ်မောင်အေး ၏ကိုယ်ရေးအရာရှိဖြစ်သူ ဗိုလ်မှုးကြီး ဘိုနေ၀င်း ရှိစဉ်ကပြောပြချက်အရ
တစ်ညတည်း Blue Label တစ်လီတာပုလင်းကို တစ်ယောက်တည်းကုန်အောင် သောက်နိုင်သည်ဟုဆိုသည်။

ဗိုလ်ချုပ်မောင်အေား အသောက်လျှော့ခြင်းကို သိသာစွာပြောနိုင်သည့်အချက်မှာ ဗိုလ်မောင်အေးလက်ဆောင်ရသော ပစ္စည်းများကို ပြန်လည်ရောင်းချသည့် သူ၏ခယ်မပိုင်ဆိုင် သောရန်ကုန်မြို့ ရှိလာဗင်ဒါ စတိုးဆိုင်ရှိပစ္စည်းများတွင် အရက်ပုလင်းများတိုးလာသည် ကသက်သေခံလျှက်ရှိသည်။

ထိုဆိုင်တွင် တန်ဖိုးကြီး ရန်ကုန်သားတို့ အခေါ် အမှန်အကန် ပစ္စည်းများကိုဈေးနှုန်းသက်သက်သာသာဖြင့်ရနိုင်သည်။

http://longwalktofreedom.wordpress.com/မှမျှဝေခြင်းဖြစ်ပါသည်

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်