Thursday, March 5, 2009

ပရို ဘောလုံး ကလပ်တွေ ထောင်ပြီ

နိုင်ငံတော် အကြီး အကဲ ဘိုခြုပ်မူးကြီး ဧ။် ညွန်ကြားချက် အရ မြန်မာနိုင်ငံတွင် ပရို ဘောလုံး ကလပ်အသင်းများကို စီးပွားရေးသမားများက စတင်တည်ထောင်လိုက်ပြီဖြစ်ပါသည်။ ထိုသတင်းနဲ့ ပါတ်သက်၍ ကမ္ဘာတဝန်းရှိ ဘောလုံးသမားများမှာ လှုပ်ကြွလှုပ်ကြွဖြစ်ခဲ့ရပါသည်။ အင်္ဂလန်လက်ရွေးစင် ဒေးဗစ်ဘက်ခမ်း၊ နဲ့ ဘရာဇီးလက်ရွေးစင် ရော်နယ်ဒင်ညိုတို့ အနေနဲ့ကလဲ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး အကြပ်အတည်းဖြစ်တာကတကြောင်း မြန်မာနိုင်ငံမှာလဲ ဒီလို ကြေးစာဘောလုံး ကလပ်တွေ တည်ထောင်လိုက်တယ်ဆိုတာကို ကြားသိရတဲ့အချိန်မှာ အေစီမီလန် အသင်းမှာ အီတာလျံ ဘာသာစကားကို ဆက်လက်သင်ကြားခြင်းမရှိတော့ဘဲ မြန်မာစကားကို အီတလီရောက် မြန်မာများထံတွင်သွားရောက်သင်ကြားပြီး မြန်မာနိုင်ငံမှာဘောလုံး လာကစားဖို့ ပြင်ဆင်နေကြကြောင်း ကြားသိရပါတယ်။ ထိုအတူ နည်းပြများနှင့် ပရို ဘောလုံး သမားအချို့ကလဲ နေ့ခြင်းညခြင်း ပိုးစိုးပက်စက် တိုးတက်ဖွင့်ဖြိုးနေသော မြန်မာနိုင်ငံ တွင့် မိမိတို့ ဧ။်နောင်ရေးကို မျှော်ကိုးပြီးမြန်မာနိုင်ငံသားအဖြစ် ခံယူပြီး အပြီးအပိုင် လာရောက်ရန် ပြင်ဆင်နေကြကြောင်း အနောက်နိုင်ငံ မှ သတင်းစာကြီးများ တချို့က အကျယ်တပွင့် ဖော်ပြနေကြပါသည်။ နာမည်ကြီး နည်းပြများထဲမှ တစ်ဦးဖြစ်ကြသော ၂ဝဝ၂ မှာ ဘရာဇီးကို ကမ္ဘာဖလားယူခဲ့ပေးပြီး၊ ပေါ်တူဂီနိုင်ငံနှင့် ချယ်စီးနည်းပြဟောင်း စကိုလာရီ ကလဲ အဲယားပုဂံ ပိုင်ရှင် ဦးတေဇ ဧ။် ရန်ကုန်ခါးပိုက်နိုက် အက်ဖ်စီ တွင်နည်းပြ ရာထူးအတွက် လျှောက်လွှာတင်ထားသည်ဟု ကြားသိရပါသည်။ အေးရှားဝေါလ်မှ ဦးထွန်းမြင့်နိုင်မှလဲသူဧ။် အသင်း မဂွေး အက်ဖ်စီအား နည်းပြရာထူးအတွက် အာစင်နယ်တွင် ဖိအားများနေသော ဘောလုံးပါရဂူ အာစင်ဝင်းဂါးအားလဲ ယ္ခုလက်ရှိ အာစင်နယ် ကလပ်အသင်း မှ ရရှိသော လခထက်ပို၍ ပေးပြီး ကမ်းလှမ်းထားသည်ဟု ၅.၃.၂ဝဝ၉ ခုနှစ်ထုတ် သေပြည်တော် သတင်းစာမှဖော်ပြသွားခဲ့ပါသည်။ ဆောက်ရမ်းမြန်မာ ယူနိုက်တွက် အက်ဖ်စ ကလပ်အသင်းပိုင်ရှင် ယုဇန ဆောက်လုပ်ရေးမှ ဦးဌေးမြင့် ကလဲ ကမ္ဘာကျော် ကလပ် တစ်ခုဖြစ်သော ယခုနှစ်ရာသီတွင် ဆုဖလား ငါးလုံး ကို သိမ်းမည်ဟု ကြုံးဝါးထားသော ဆာအဲရစ်ဖာကူဆန်ကိုလဲ ယ္ခု မန်ချက်စတာ ယူနိုက်တက်တွင် ရရှိနေသော လခ ထက် ၅ ဆပိုပေးမည်ဟု ကမ်းလှမ်းထားသည့်အပြင် မြန်မာနိုင်ငံတွင် နိုင်ငံ သားအဖြစ်ခံယူနိုင်ရေးကို ပါ ဆောက်ရွက် ပေးမည်ဟု ကမ်းလှမ်းထားကြောင်း ကို ယမန်နေ့က ထုတ်ဝေသော မြန်မာ့ အမှောင် သတင်းစာတွေ ဖော်ပြရေးသားခဲ့ပါသည်။ ဒယ်တာ နာဂစ် ခါးပိုက်နိုက် အက်ဖ်စီ သူဌေး ဧဒင် ဦးချစ်နိုင် မှလည်း ကိုကင်း သုံးစွဲ မှု့များဖြင့် နာမည် ကြီးခဲ့သော အာဂျင်တီနား လက်ရွေးစင်ဟောင် မာရာဒိုနာ အားလည်း ဝ အမျိုးသား အုပ်ချူပ်ရာနယ်မြေတွင် ဘောလုံး လေကျင့်ရေးကွင်း ဆောက်ပေးမယ်ဟု မက်လုံးပေး၍ ကမ်းလှမ်းထားသလို ဇေယျာအိုမြေ အက်ဖ်စီ ရွှေအာဗြဲခြောက်မင်း ဦးဝင်းမြင့်မှ လည်း မိမိဧ။် အသင်းအတွက် တချိန်က မြန်မာနိုင်ငံ ဧ။် လက်ရွေးစင်နည်းပြ ဖြစ်ခဲ့ဖူးသေား ဂျာမန်လူမျိုး ဂဲမလောက် ကြီးအား ပြန်လည်ခေါ်ယူထားသည်ဟုသိရပါသည်။ ဥမဿာ ခါးပိုက်နိုက် အက်ဖ်စီ မှအိုင်ဘီတီစီ ဦးအောင်မိုးကျော်မှ လည်း သူဧ။် ဘောလုံးကလပ်အတွက် ပြည်ပအားကိုး ပုဆိန်ရိုး ဆိုသည့် စကားအတိုင်း နိုင်ငံခြားသားနည်းပြများကို ခေါ်ယူမည်မဟုတ်ဘဲ မြန်မာနိုင်ငံသား နည်းပြဖြစ်သော မောင်ရင်ညိုကို ခန့်အပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကိုဘောပွ အက်ဖ်စီ အသင်းပိုင်ရှင် ဦးအောင်ကိုဝင်းမှ လည်း မိမိပိုင် ကလပ်အသင်းအား ၂ဝဝ၆ တွင် အီတလီနိုင်ငံအား ကမ္ဘာဖလား ရယူပေးခဲ့သော လစ်ပီနှင့် လက်ထောက်နည်းပြအဖြစ် အင်္ဂလန်နည်းပြ ဟောင်း အဲရစ်ဆင်အားလဲ ကမ်းလှမ်းထားကြောင်း ပြောကြားသွားခဲ့ပါသည်။ အသင်းများ အားလုံးထဲတွင် အတက်ကြွဆုံး ဖြစ်သော အမှိုက်ပုံ အက်ဖ်စီအား အလယ်ပိုင်း သောက်ရေသန့် (PH8) မှ ဒေါက်တာစိုင်းစံထွန်းကလည်း သူ့အသင်းအတွက် နည်းပြအဖြစ် ပြင်သစ်လူမျိုးတဦး၊ နည်းစနစ် ဒါရိုက်တာအဖြစ် ဘယ်လ်ဂျီယံ လူမျိုးတဦးကို ခေါ်ယူထားပြီး ကစားသမားများအဖြစ် နိုင်ဂျီးရီးယားနိုင်ငံသား ရှမ်းတရုတ် (၃) ဦးနှင့် အိုင်ဗရီကို့စ် နိုင်ငံသား များဖြစ်ကြသော ဒရော့ပါနဲ့ အာလူး တို့(၂) ဦးကို ကမ်းလှမ်းထားကြောင်း၊ ၎င်းခေါ်ယူထားသည့် ပြင်သစ်နိုင်ငံသား နည်းပြကို စင်မြင့်ပေါ်ခေါ်ယူပြီး ကြွားဝါခဲ့ကြောင်းလည်း သိရသည်။
Summary

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်