Thursday, March 12, 2009

အနှိုင်းမဲ.မေတ္တာရှင်

အမေ ချစ်တဲ့၊ တိုင်းပြည်ကြီးကို
ထားရစ်ခဲ့တာ၊ နှစ်ပေါင်းကြာပြီ။

အမေချစ်တဲ့၊ ပြည်သူတွေကို
ထားရစ်ခဲ့ တာ၊ နှစ်ပေါင်းကြာပြီ။

မမြင်နိုင်တဲ့၊အမေ့ ပုံရိပ်
အိပ်မက်ထဲမှာ၊ မြင်မြင်နေဆဲ၊
တားဆီးမရ၊မျက်ရည်များက
သတိရတိုင်း၊ကျဆင်းနေဆဲ၊

မလွတ်မလပ်၊ ဘ၀နဲ့ ပဲ
အကျဉ်းကျဆဲ၊ အမေ့ဘဝ
အရင်ချိန်က၊ အားကိုးရာမဲ.
ကျွန်တို့ ဘ၀၊ ကြင်နာမှုနှင့်
ကာကွယ်ပေးခဲ့၊အမေချစ်တဲ့
ကျွန်တော်တို့ကို၊ ပေးအပ်ခဲ့တဲ့
ချစ်အမေရဲ့၊ အနှိုင်းမဲ့မေတ္တာ
ဒီမေတ္တာကို၊ ပြန်ဆပ်ဖို့ အတွက်
အမေ့ဆန္ဒ၊ တစ်ခုတည်းသော
လွတ်လပ်မှုကို ၊ဖြစ်တဲ့နည်းနဲ့
ရအောင်ဆပ်မည်၊
ဤကား သမိုင်းပေး တာဝန်တည်း။

(အိမ်လွမ်းသူ)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်