Monday, March 23, 2009

မြန်မာ နေရှင်နယ်လိဂ် ၏ အလျှော်အစားဘွတ်ကီ ဒိုင်ကို ဗိုလ်ချုပ်မှုးကြီး၏ မြေး ဖိုးလပြည့်ကိုင်မည်

Freedom News Group!
March 23, 2009

၂၃ မတ် ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း

ဘွတ်ကီ ဒိုင် ကိစ္စ ညကြီးသန်းခေါင်လည်းအချင်းများသဖြင့် အရပ်ကူပါ လူဝိုင်းပါ ဖြစ်ရသေးသည့် ဖိုးလပြည့် မြန်မာပရို ဘောလုံးလောက ၏ အလျှော်အစားဘွတ်ကီ
ဒိုင်ကို လက်ဝါးကြီးအုပ်ရန်ကြံ

မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ မြေးဖြစ်သူ အသက် ၁ရ နှစ်အရွယ်ရှိ

နေရွှေသွေးအောင် ခေါ် ဖိုးလပြည့် က တိုင်းပြည်၏ ဆုကြေးစား ဘောလုံးကလပ် အသင်းတစ်
တစ်ခုဖြစ်သည့် မြန်မာနေရှင်နယ် လိဂ် ၏ တရားဝင်အလျှော်အစားဘွတ်ကီဒိုင်ကို တာဝန်ယူလိမ့် မည်ဟု မြန်မာနေရှင်နယ် လိဂ် မှ တာဝန်ရှိသူ တစ်ဦးက Freedom News Group သို့ ပြောကြားသည်။

မတ်လ၄ ရက် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး စီးပွားရေးလုပ်ငန်းရှင်ကြီးများပိုင်ဆိုင်သည့် အသင်းရှစ်သင်းပါမြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲများအားလာမည့်မေတွင်စတင် ကျင်းပတော့မည်ဖြစ်သည်။

ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ မြေး ဖိုးလပြည့် ဘွတ်ကီဒိုင်ကိုင် မည့် ကိစ္စ နှင့်ပတ်သက်၍ မြန်မာနေရှင်နယ် လိဂ် မှ အကြီးတန်း အရာရှိ တစ်ဦး က FNG သို့ ပြောရာတွင် “ကလပ်အသင်းတွေ စထောင်ဖို့  ၀န်ကြီးချုပ်ဆီ စာတင်ကတည်း သူလည်း ကလပ် အသင်းတစ်သင်းထောင်မယ် ဆိုပြီး အသည်းအသန်ဖြစ်နေတာ အဲဒါနဲ့  ကိုဇော်ဇော် (မြန်မာ့ ဘောလုံးအသင်း ဥက္ကဌ)ရယ် ကို တေဇ ရယ် ကသူ့ လဲပြော ဗိုလ်ချုပ်မှုးကြီးလဲပြောပြီးမနည်း
နားချထားရတာ ကိုဇော်ဇော် က ပြောတယ် သူ ပါရင်ဘယ်ဖြစ်မလဲ သူကလပ်ရှုံးရင် ညစ်တာတို့ 
ဘာတို့ ဖြစ်လာလိမ့် မယ် ဒါကြောင့် သူ့ ကို ဘွတ်ကီဒိုင်ပေး ကိုင်ဖို့ လုပ်ထားရတာ ”ဟုဆိုသည်။

ဖိုးလပြည့် မှာ ၂၀၀၆ ခုနှစ် က ဂျပန်ဘောလုံးသမား နာကာတာမြန်မာ ပြည်သို့ လာရောက်လည်ပတ် စဉ် ချစ်ကြည်ရေးပွဲ ဉ် မြန်မာ့ လက် ရွေးစင်အသင်းဉ်ဝင်ရောက် ကန်ကတည်းကပင် တခြားဗိုလ် လုံးသမားများက သူ့ ကို တမင်ရှောင်ပြီးကစားရသည် ဟု
ဆိုသည်။

ဘောလုံးခရေဇီဖြစ်သော နေရွှေသွေးအောင် မှာ သူ့ အသက် ၁၆ နှစ်ပြည့် မွေးနေ့ ပွဲ ကိုဆီဒိုနားဟိုတယ်တွင် ကျင်းပခဲ့စဉ် က သူကြိုက် နှစ်သက်သော အင်္ဂလိပ် ကလပ်အသင်း မန်ချက်စတာယူနိုက်တက် ကဲ့သို့  ခန်းလုံးပြည့် အနီရောင်များဆင် ခဲ့သည်ဟုဆိုသည်။
သူနှင့် နီးစပ်သော သူများကမူ ဘောလုံးအားကစားထက် ဘေဘလုံးပွဲများလောင်းရသည်
ကို ပို ၀ါသနာထုံသည် ဟုဆိုသည်။

အခြားအတည် မပြုနိုင်သေးသော သတင်းတစ်ရပ် အရမူ ဦးတေဇ ပိုင်ဆိုင်သည့် Yangon United ကလပ်အသင်း၏ရှယ် ယာအချို့ ကို နေရွှေသွေးအောင် ပိုင်ဆိုင်သည် ဟုဆိုသည်။

အခွန်စည်းကမ်းများအရ မူ ဘွတ်ကီဒိုင် အတွင် အဓိက တာဝန်ရှိသူမှာ ပြည်တွင်းအခွန်များဦးစီး
ဌာန မှသာဟု အခွန်ဝန်ထမ်းတစ်ဦး ကပြောသည်။

မြန်မာနေရှင် နယ်လိဂ် ၏ ဘွတ်ကီဒိုင် ကိစ္စ နှင့် ပတ်သက်၍ ပြီးခဲ့သည့် တစ်ပတ်ခန့် ကလည်း
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ မီကာဆာ (ဆီဒိုးနားဟိုတယ်အနီး)ဟိုတယ် တွင်ချံပီယံလိဂ်
ပွဲစဉ်တစ်ခုသွားကြည့်စဉ်အခြားစီး
ပွားရေးလုပ်ငန်း ရှင် များနှင့် အချင်းများသဖြင့် ဟိုတယ်မှ တာဝန်ရှိသူများ ရန်ကုန်တိုင်းစစ် ဌာန
ချုပ်မှ ဗိုလ်မှုးကြီးအဆင့် ရှိ တာဝန်ရှိသူ တစ်ဦးတို့ လာရောက်ဖြန်ဖြေပေးခဲ့ရသည်။


Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်