Thursday, March 12, 2009

ပြင်သစ်နိုင်ငံခြာရေးဝန်ကြီး မြန်မာဒုက္ခသည်များနှင့်တွေ့ ဆုံမည်

ဘန်ကောက် ၊နေရှင်းသတင်း
ပြင်သစ်နိုင်ငံခြာရေးဝန်ကြီး နှင့်လူ့အခွင့်အရေးဝန်ကြီးရာမာ ယာဒီ

မြန်မာဒုက္ခသည်စခန်းသို့သွားရောက်လည်ပတ်မည့် ပြင်သစ်နိုင်ငံခြာရေးဝန်ကြီး ရာမာယာဒီ(Rama Yade)ကို ၂၀၀၇ ခုနှစ်နိုဝင်ဘာလ ၂၂ ရက်က စင်္ကာပူရှိမြန်မာဘုန်းတော်ကြီးကျောင်းသို့သွားရောက်လည်ပတ်စဉ် AFP PHOTO/ROMEO GACAD

သည်ထိုင်းနိုင်ငံတွင်သုံးရက်ကြာလည်ပတ်စဉ်အတောအတွင်း မြန်မာဒုက္ခသည်များနှင့်တွေ့ ဆုံမည်ဖြစ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းရှိမြန်မာ ဒုက္ခသည်စခန်းတစ်ခု ဖြစ်သည့် ဘန်မဲနယ်ဆန် ဒုက္ခ
သည်စခန်းကိုလည်း သွားရောက်လည်ပတ် မည်ဖြစ်သည်ဟု ထိုင်းနိုင်ငံထုတ် နေးရှင်း သတင်းစာတွင် ဖေါ်ပြထားသည်။

မြန်မာနယ်စပ်နှင့် ၂ ကီလိုမီတာသာ ဝေး၍ ထိုင်းနိုင်ငံ မဲဟောင်ဆန်ခရိုင်အတွင်းရှိထိုစခန်းတွင် ဒုက္ခသည် နှစ်သောင်း ကျော်နေကြပြီးကရင်နီ ဒုက္ခသည်အများစုဖြစ်သည်။

အသက် ၃၃ နှစ်ရှိဝန်ကြီးရာမာ ယာဒီမှာ အာဖရိကတိုက်ရှိ ဆီနီဂေါ နိုင်ငံ ဒါကာတွင်မွေးဖွားခဲ့သူ
ဖြစ်သည်။ထိုင်းနိုင်းငံ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ ဆုံကာ မြန်မာ့အရေးနှင့်
ပတ်သက်၍လည်းဆွေးနွေးမည်ဖြစ်သည်။

ခရီးစဉ်အတွင်း ထိုင်းလူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများနှင့်တွေ့ ဆုံမည်ဖြစ်ပြီး ချင်းမိုင်
မြို့ရှိ အေအိုင်ဒီအက်(စ်)နှင့်နေထိုင်သူများ အားကုသမှုပေးသည့် ဆေးရုံကိုလည်းသွားရောက်မည်
ဖြစ်သည်။

1 comment:

ngapiy said...

She is not နိုင်ငံခြားရေး ဝန်ကြီး ။

Bernard Kouchner is Minister of Foreign and European Affairs.

Rama Yade (full name Ramatoulaye Yade-Zimet) is the Secretary of State for Human Rights under the Minister of Foreign and European Affairs, Bernard Kouchner.

Post a Comment

ယခင် သတင်းများ ဖတ်ရန်