Sunday, March 8, 2009

(၂၀)ကြိမ်မြောက် တိုင်ခဲ့ပြီ

Monday, 9 March 2009
စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော်ကျဆုံးခြင်း (၂၁)နှစ်ပြည့်။ (၂၀)ကြိမ်မြောက် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ ချီတက်ဆန္ဒပြပွဲ

လွန်ခဲေ့ သာ အနှစ်နှစ်ဆယ်အချိန်က မတ်လ (၁၃)ရက်နေ့ဟာဆိုရင် မြန်မာနိုင်ငံ မဆလတပါတီအာဏာရှင်အစိုးရရဲ့ ရက်စက်ဖိနှိပ်မှု ဖုံးကွယ်လိမ်ညာမှုတွေကို စက်မှုတက္ကသိုလ်ကျောင်းသားများ သွေးမြေကျပြီးကျောင်းသားကိုဖုန်းမော် အသက်နဲ့ရင်းနှီး မတရားမှုတွေကို ဖေါ်ထုတ်ခဲ့တာဟာ ယခုဆိုလျှင် အနှစ် (၂၀) တိုင်ခဲ့ပါပြီ၊
မဆလအစိုးရမှ ပြည်သူတွေအပေါ် မတရားဖိနှိပ်အုပ်ချုပ်မှုတွေကြောင့် ပြည်သူတွေ လူ့အခွင့်အရေး ဆိတ်သုဉ်းပျောက်ကွယ်နေရခြင်း ကို မီးမောင်းထိုး ပြသခဲတဲ့ ကိုဖုန်းမော်ကျဆုံးခဲ့ရ တဲနေ့ရက်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်မှာ ယနေ့ဆို လျှင် အကြိမ် (၂၀)မြောက် ရှိခဲ့ပါပြီ၊
မြန်မာနိုင်ငံ. လက်ရှိအခြေအနေအရ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ။ တရားဥပဒေမဲမှုတွေ။ မတရား ဖမ်းဆီးမှုတွေ။ လူတန်းစား အလွှာအသီးသီး တိုင်းရင်းသားလူမျိုးပေါင်းစုံ ဖိနှိပ်ချုပ်ချယ်ခံရမှုတွေ။ လူသားတဦး အဖြစ်အသက်ရှင်ရပ်တည်နေမှုကို ဟန့်တား နှောင့်ယှက်မှုများအား လက်ရှိစစ်အစိုးရမှ ပြောင်ပြောင်တင်းတင်းလုပ်ဆောင်နေမှုများကို ဂျပန်ပြည်သူပြည်သားများ သိရှိ နားလည် လာစေရန် ချီတက်ဆန္ဒပြ ဖေါ်ထုတ်ကြမည်ဖြစ်ပါသဖြင့် မြန်မာနိုင်ငံသားများအားလုံး ပူးပေါင်းပါဝင်ပေးကြပါရန်၊

မှတ်ချက်၊ ၊ မြန်မာပြည်အတွင်း ဆုံးရှူံးနေရတဲ့ လွတ်လပ်ရေး။ လူ့အခွင့်အရေးတွေအတွက် ကြိုးပမ်းတိုက်ပွဲ ၀င်ရင်း စစ်အုပ်စု. မတရား ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အတွက် လက်မှတ်ရေးထိုး တောင်းဆိုကြမည်ဖြစ်ပါ၍ တတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်းကူညီပေးကြပါရန်၊

ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများ

နေ့ရက် ၊ ၊ မတ်လ ၁၃ ရက် ၂၀၀၉ ခုနှစ်(သောကြာနေ့)
အချိန် ၊ ၊ နေ့လည် (၂)နာရီ။ (၂နာရီခွဲတွင် စတင်ထွက်မည်။)
နေရာ ၊ ၊ ရှီဘူယ။ မီယာရှိတာပန်းခြံ။ (Shibuya ဘူတာအနီး Miyashita Koen)

ဆက်သွယ်ရန်
၀၈၀-၁၁၃၇-၀၆၇၂။ ၀၈၀-၁၁၂၆-၃၅၀၀။ ၀၈၀-၃၄၂၄-၂၇၅၉။ ၀၉၀-၄၂၂၁-၁၉၈၈။ ၀၈၀-၃၅၄၉-၁၄၆၆။

Labels: သတင်း NLD(LA)JB လူငယ်ဌာန
http://nldlajb.blogspot.com/

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်