Wednesday, March 18, 2009

ကိုသက်နိုင်ဦး သုံးနှစ်ပြည့် ဆွမ်းကျွေးအလှူ နေအိမ်တွင် ကျင်းပ အကြမ်းဖက်သည့် ရဲနှင့် မီးသတ်ကိုအရေးမယူ ရာထူးပင်တိုးပေး

Freedom News Group!မှသတင်း၊
၁၈ မတ် ရန်ကုန် တင်ကျော်ကျော်စိုး

ရဲ နှင့်မီးသတ် တို့ကအကြမ်းဖက်ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်းကို သက်နိုင်ဦး

၂၀၀၆ ခုနှစ် မတ်က ၁၇ ၇က်နေ ညက ရန်ကုန်မြို့သီရိမင်္ဂလာဈေးအနီးတွင် မီးသတ် နှင့် ရဲတို့ 
၏၀ိုင်းဝန်း ရိုက်နှက်ခြင်းခံရကာ သေဆုံးသွားခဲ့သည့် နိုင်ငံရေးအကျဉ်းသား ဟောင်း နှင့် ကျောင်းသား လှုပ်ရှားမှုခေါင်းဆောင် ကိုသက်နိုင်ဦး ၏ သုံးနှစ်ပြည့ှ်နှစ်ပတ်လည် ဆွမ်းကြွေး
အခမ်းအနားကို ယနေ့ မနက်ပိုင်းက ကြည့်မြင်တိုင် ရှိ ဘောဂ လမ်း နေအိမ်တွင် ကျင်းပခဲ့သည်
ဟု သိရသည်။
နှစ်ပတ်လည် ဆွမ်းကြွေးပွဲသို့  ကို သက်နိုင်ဦး ၏ နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက် များနှင့်နိုင်ငံရေးအ
ကျဉ်း သားဟောင်းများတက်ရောက်ကြသည် ဟုသိရသည်။
ထောက်လှမ်းရေး များကမူ လမ်းထိပ် နှစ်ဖက်မှ အသင့် စောင့်နေကြသည် ဟုသိရသည်။

ကို သက်နိုင်ဦးမှာ ၁၉၈၇ ရန်ကုန်တက္က သိုလ် ကြည့်မြင့်တိုင်နယ် မြေတွင် ပညာ သင်ကြားနေစဉ်
၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော် ပုံကြီးတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၉၈ ခုနှစ်ဇန်န၀ါရီလ တွင် စစ်ထောက်လှမ်းရေးမှဖမ်းဆီးနှိပ်စက် ခံရပြီး ထောင်ဒဏ်
၁၀ နှစ်အပြစ်ပေးခံရကာ ၂၀၀၂ ခုနှစ် နိုဝင်ဘာ လတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

၂၀၀၆ ခုနှစ်မတ်လ ၁၇ ရက် သောကြာနေ့ ည ၉ နာရီ ကျော် အချိန်တွင် သီရိမင်္ဂလာ ဈေးအနီးတွင် မီးသတ် နှင့် ရဲ တို့ ၏ အကြောင်းမဲ့ ၀ိုင်းဝန်း ရိုက်နှက်ခံရပြီး နောက်တစ်နေ့  မတ်လ ၁၈ ရက်နေ့  တွင် ရန်ကုန် ဆေးရုံ ကြီး ဦးနှောက်နှင့်အာရုံကြောဌာန
တွင်ကွယ်လွန်ခဲ့သည်။ကွယ်လွန်ချိန်တွင်အသက် ၄၁ နှစ်ရှိပြီဖြစ်သည်။

ကို သက်နိုင်ဦး သေဆုံးရမှု ကို အမေရိကန်သမ္မတ အိမ်ဖြူတော်မှ အပြင်းအထန် ရှုံ့ ချပြီး အမှုမှန်ပေါ်ပေါက် ရေးအတွက် ဖိအားပေးခဲ့သော်လည်း ယခုအချိန်ထိကြည့် မြင့်တိုင် ရဲစခန်းမှ ရဲတို့ ကို အာဏာပိုင်များက တစ်စုံတစ်ရာဖိအားပေးမှုမလုပ် သည့်ပြင် ထိုအချိန်ကကြည့်မြင့်တိုင် ရဲစခန်းရှိ တာဝန်ကျ ဒုရဲအုပ်မှာ ယခု စခန်းမှုးရာထူး ကိုပင် တိုးမြင့် သွားပြီ ဟု မိသားစု ၀င်များနှင့် နီးစပ်သူ တစ်ဦးက Freedom News Group သို့ ပြောသည်။
http://longwalktofreedom.wordpress.com/

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်