ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကဆစ် ပီရွမ်း (Kasit Piromya)
လူမျိုးစုလက်နက်ကိုင်များနဲ့ ဆွေးနွေးနိုင်ရေး မြန်မာစစ်အစိုးရ ထိုင်း အကူအညီတောင်း
လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဖြေရှင်းရေး အပါအ၀င် နှစ်နိုင်ငံ အရေး ကိစ္စတွေကို ဆွေးနွေးဖို့ မြန်မာနိုင်ငံကို ၂ ရက်ကြာသွားတဲ့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကဆစ် ပီရွမ်း (Kasit Piromya) ဟာ ဒီနေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံခြားရေးဌာနမှာ သတင်းထောက်တွေကို တယ်လီဖုန်းပေါ်ကနေ တဆင့် သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဘန်ကောက်ရောက် ဗွီအိုအေ ၀ိုင်းတော်သား ကိုအောင်လွင်ဦးကို ဆက်သွယ် မေးမြန်းပြီး တင်ပြပေးထား ပါတယ်။
Summary
Rest of your post
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ တာဝန်ရှိသူတွေနဲ့တွေ့တော့ ဘာအကြောင်းတွေကို အဓိက ဆွေးနွေးဖြစ်ပါသလဲ။
“ထိုင်း-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးတွေ တိုးတက်အောင်လုပ်ဖို့ဆိုပြီး မြန်မာနိုင်ငံကို
၂ ရက်ကြာသွားခဲ့တဲ့ ခရီးစဉ်ထဲမှာ မြန်မာစစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီ ဦးဉာဏ်ဝင်း စတဲ့ ပုဂ္ဂိုလ်တွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တွေ့ပြီး မြန်မာပြည်က နိုင်ငံရေးပြဿနာတွေ၊ ထိုင်းကိုရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ကိစ္စတွေ ပြောခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံရေးကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရနဲ့ ဆွေးနွေးတယ်ဆိုတဲ့နေရာမှာ မြန်မာ စစ်အစိုးရ ဘက်က သူ့ရဲ့ နိုင်ငံရေးလမ်းပြမြေပုံအဆင့်တခုဖြစ်တဲ့ ရွေးကောက်ပွဲတွေလုပ်ဖို့ ရှိနေတယ်ဆိုပြီး သူ့ကို ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။ ဒါကလည်း တချို့က တွက်နေကြသလို ဒီခရီးစဉ်က နှစ်နိုင်ငံဆက်ဆံရေးကိစ္စဆိုပြီး အစောပိုင်းမှာ ယေဘုယျ ပြောထားပေမဲ့  နှစ်နိုင်ငံကိစ္စထက် နိုင်ငံရေးကိစ္စ၊ အထူးသဖြင့် လာမယ့်နှစ် မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကိစ္စတွေကို မြန်မာစစ်အစိုးရဘက်က သွယ်ဝိုက်ပြီး ထိုင်းအစိုးရကို တဆင့်ပြောချင်လို့ ဒီလိုလုပ်ပုံရတယ်လို့ ယူဆလို့လည်း ရပါတယ်။
“ရွေးကောက်ပွဲတွေမှာ အတိုက်အခံအင်အားစုတွေ ပါနိုင်မယ့်အခြေအနေ မရှိဘဲ ဖြစ်နေတာတွေ၊ ရွေးကောက်ပွဲဟာ ဘယ်လောက် လွတ်လွတ်လပ်လပ် လုပ်ခွင့်ရမလဲဆိုတာတွေကလည်း မေးခွန်းထုတ်စရာတွေ ဖြစ်နေတာပါ။ ဒါနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်းက ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) တို့က တိုက်တွန်းထားသလိုပဲ နိုင်ငံရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ခွင့် ရှိဖို့အတွက် ထိုင်းဘက်ကလည်း လိုလားတဲ့အကြောင်း ပြောသွားပါတယ်။ ဒီလို အားလုံးပါဝင်တဲ့နေရာမှာ လက်နက်ကိုင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားတွေပါ ပါဝင်အောင်
မြန်မာ စစ်အစိုးရဘက်က ကြိုးစားနေတယ်ဆိုပြီး သူ့ကိုပြောတယ်လို့ ပြောပါတယ်။”
အဲဒီတော့ ဒီလိုမျိုး တိုင်းရင်းသားအရေးမှာ ထိုင်းနိုင်ငံဘက်က ဘယ်လိုမျိုး ကူညီစေချင်တဲ့ သဘောပါလဲ၊ မြန်မာဘက်က နေ ပြီးတော့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ရမယ်ဆိုတဲ့နေရာမှာ လက်နက်ကိုင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့လည်း ငြိမ်းချမ်းရေးယူပြီး ပါဝင်လာနိုင်အောင် မြန်မာစစ်အစိုးရဘက်က ကြိုးပမ်းနေပါတယ်တဲ့။ ဒါကိုလည်း ထိုင်းအစိုးရက အကူအညီပေးဖို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ တွေ့တုန်းကရော၊ နိုင်ငံခြားရေးဝန်ကြီး နဲ့ တွေ့တုန်း ကရော သူ့ကိုပြောလိုက်တယ်ဆိုပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒီလိုပြောလို့လည်း ထိုင်းအစိုးရ ဘက်က ဒါနဲ့ပတ်သက်ပြီးတော့ တတ်နိုင်သလောက် သူတို့ဘက်က အကူအညီပေးမယ်ဆိုပြီး အပြန်အလှန် ကတိပြုခဲ့တယ် ဆိုပြီး ပြောပါတယ်။”
အဓိက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်း မြန်မာနိုင်ငံကိုသွားတဲ့ကိစ္စက ရိုဟင်ဂျာကိစ္စ မဟုတ်ဘူးလား၊ ရိုဟင်ဂျာ ကိစ္စ နဲ့ ပတ်သက်ပြီးတော့ရော မြန်မာနဲ့ ထိုင်းနိုင်ငံကြားမှာ သဘောတူညီမှု ဆွေးနွေးဖို့ အဖြေရခဲ့တယ်ဆိုတာမျိုးရော
မပြောဘူးလား။
“ဟုတ်ပါတယ်။ အခု သူ့ခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်တခုဖြစ်တဲ့ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့လည်း သတင်းစာ ရှင်းလင်းပွဲမှာ သူက ပြောပါသေးတယ်။ သူပြောတဲ့အထဲမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးကလည်း ဒီကိစ္စတွေကို စပြီး ကိုင်တွယ်နေတာရှိသလို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့လည်း ပူးတွဲဆောင်ရွက်မှုတွေ ရှိနေတယ်။ ပြီးတော့ အခုရောက်လာတဲ့ ရိုဟင်ဂျာတွေက မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဘက်က ဖြစ်တယ်ဆိုပြီး ပြောနေတာတွေ ရှိတာမို့လည်း ဒီလူတွေ ဘယ်ကလာသလဲဆိုတော သေချာစုံစမ်းသွားမယ်၊ ဒီအတွက် ဘန်ကောက်
မှာရှိတဲ့ မြန်မာသံရုံးဝန်ထမ်းတွေဘက်ကလည်း အကူအညီပေးသွားဖို့ ပြောတယ်လို့လည်း သူက ပြောပါတယ်။
“ဒါပေမဲ့ တကယ်လို့ ဒီလူတွေက မြန်မာနိုင်ငံကဆိုရင်လည်း အဲဒီလူတွေလာတဲ့ဒေသတွေမှာ အလုပ်အကိုင်တွေရအောင် ထိုင်းအစိုးရက ကူညီပြီး ဖန်တီးပေးသွားမယ်။ နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကဆိုလည်း အဲဒီဘက်မှာရှိနေတဲ့ ဆင်းရဲ မွဲတေမှု အခြေအနေတွေ လျော့ပါးအောင် ထိုင်းအစိုးရက အကူအညီပေးသွားမယ်ဆိုပြီးတော့လည်း သူက ပြောပါတယ်။”
အဲဒီတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေ ဆွေးနွေးဖြစ်ခဲ့ပါသလဲ။
“အခု ဒီခရီးစဉ် မစခင်ကတည်းက သွားရင် ဆွေးနွေးမယ်ဆိုတဲ့ ကိစ္စတော်တော်များများထဲမှာ ပါတဲ့အတိုင်း သူတို့ ဆွေးနွေး ဖြစ်ကြပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကိစ္စ၊ လူမှောင်ခိုကူးတဲ့ကိစ္စ၊ မူးယစ် ဆေးဝါး နှိမ်နင်းရေးကိစ္စတွေ၊ ဒါတွေအပြင် စီးပွားရေးကိစ္စတွေအနေနဲ့ ထိုင်းက ဆောက်ဖို့ရှိတဲ့ တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်းကိစ္စတွေ၊ ပြီးတော့ မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ကို ထိုင်းက ၀ယ်နေတဲ့ ကိစ္စတွေ၊ အဲဒါတွေနဲ့ ပတ်သက်ပြီး သူတို့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ပြောပါတယ်။”
တယ်လီဖုန်းပေါ်ကနေတဆင့်လုပ်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲကို ထိုင်းနိုင်ငံခြားရေးရုံးမှာ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ကိုအောင်လွင်ဦး တင်ပြပေးခဲ့တာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/2009-03-23-voa6.cfm
Monday, March 23, 2009
ကေအင်န်ယူကို ၂ဖက်ညှပ်ပြီး ချကြရအောင်..တဲ။့  သန်းရွှေပိုင်စစ်တပ်က ထိုင်းကို ညှိနေပြီ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
March
(468)
- တပ်မဟာ (၅) အောင်ပွဲသတင်း
- ဒေါ်စုကို မဲပေးလိုသူများ..မဲပေးနိုင်ပါပြီ
- တပ်မတော်နေ့ ညစာစာပွဲ လောက်ကောင်တွေ ၀င်နွဲနေတယ်
- 8888 people power စာစောင် ဧပြီ၂၀၀၉
- မျှော်လင့်ချက် က မှုန်တရေးရေး..
- တော်ဝင်နန်းတည်းခိုခန်း က ဗုံးကွဲမှုဓါတ်ပုံများ
- Bomb explosion in Yangon inn assessed to have kill...
- များလိုက်တဲ့စည်းကမ်းတွေ
- သူခိုးတွေပျော်ပြီး ခွေးဘုရားဖူးလည့်တော့မယ်
- မယက ဘောလုံးပွဲအတွက် ရွာသားများ ငွေကြေးထောက်ပံ့ပေးရ
- Mr Robertson ရဲ.အလောင်းရှာဖွေတွေ.ရှိ
- စင်ကာပူမှာ မြန်မာ လက်ဖက်များ ပိတ်ပြီ
- အဖားကောင်းသူ ငါနားတိုးလဟဲ့
- လူမ၀င်အောင်ဘဲ ကာတာပါ ခင်ဂျ
- အလွဲသုံးစားမှု ပုဒ်မ မြန်မာပြည်မှာ အစရှာမရဖူး
- မလုံခြုံသော ဘ၀များ..
- လူ့ ဘ၀နှင့် ဒဿနအမြင်များ(၄၈)
- နူပါတယ်ဆိုမှ သူခိုးက လာထောင်းနေပြန်ပြီ။
- ရွေကို မလို ။ ယူရေနီယမ်ကို လိုသည်။
- လူသတ်၊ ဓားပြတိုက်၊ စိန်ရွှေငွေ လုယက်နေတဲ့ စစ်ခေါင်း...
- ယဇန လ္ဘက်မှာ ဆိုးဆေးပါသည်ဟုဆိုပြီး စင်္ကာပူ အစိုးရတား...
- ဒီမိုကရေစီ ဥယျာဉ်မှူးကြီး
- မြန်မာ နယ်စပ် သံဆူးကြိုးကာမှု ဘင်္ဂလားဒေ့ရှ်က ဖြေရှင်...
- ရေပေါ်ဆီ လူတန်းစားတွေ..နဲ့ ကျူပ်တို့ မြန်မာပြည်..
- လာပါ အတူသွားစို့ 
- အာဏာပိုင်တို့ ရက်ရက်ရောရော လှူဒါန်းကြပြီ
- လမင်းတရာ ( ကြည်အောင်)
- စစ်ငနွားတွေက မြန်မာပြည်ကို တိုင်းတစ်ပါးသား လက်ထဲရေ...
- မြန်မာ ဘလော့ဂါ တစ်ဦးပြုစုသော "မြန်မာ-အင်္ဂလိပ်" အဘိ...
- ကန်ထုတ်ကြစို့ 
- UN Relieve report on Burma (MM) FYI
- အသွားမတော်ရင် တစ်လှမ်း..ဒီခေတ်ကြမ်းကြီးထဲ
- စာရေးဆရာ ကျော်ဝင်း စာဖတ် သူများသို့ ပြန်ကြားခြင်း
- နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဝိုင်းဝန်းကြို...
- တိုင်းထပ်ခွဲတယ်..
- နအဖ စစ်ခွေးလောက်ကောင်တွေ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနာ...
- Gmail Address ကိုသူများမသိရအောင် ဘယ်လိုလုပ်မလည်း
- အရေးကြီးဆုံးစိတ်ဓာတ်
- G Talk လုံခြုံရေး..
- မြန်မာ နဲ့ အာရှရဲ့ ရေအဆိပ်သင့်မှု
- သူတို့ မှဘဲ အသက်ရှိ...
- သန်းရွှေပုံတူ ပြပွဲ
- REAL VIRUS (Conficker)
- တရုတ်လဲ ချီးထုပ်ကို စိတ်ညစ်နေပြီ
- အောင်ပွဲသတင်း
- ကုန်ပါပြီဗျာ..
- စော်ကားချည့်ခံနေရတဲ့ မြန်မာ
- မြန်မာနိုင်ငံမှာတော့ အယ်ဒီဆင်ကို နေ့တိုင်းဂုဏ်ပြု...
- ရည်ရွယ်ချက်ရှိရှိ သာသနာတော် ညှိုးနွမ်းပျက်စီးစေတဲ့...
- တော်လှန်ရေး နေ့ အကြိုဗုံးပေါက် ကွဲမှုသည် ပြည်ပအဖွဲ ...
- ဗိုလ်မှူး(ဟောင်း)အောင်လင်းထွဋ် (စစ်ထောက်လှမ်းရေးနှ...
- ဗမာပြည် အတွင်းမှ မတူညီသော လူနေမှုအဆင့်အတန်း
- ကျေးဇူးတင်ပေးကြပါခင်ဗျာ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား
- Tracking to former ABSDF chairman Tun Aung Kyaw
- အင်္ဂလိပ်စာ ကြောက်စရာမလို
- Earth Hour (မတ် ၂၉ ၂၀၀၉ ည ၈း ၃၀ မှ ၉း၃၀ အထိ)
- မတန်မရာအသက် ၉၀ နေချင်ရသတဲ့ အဟိ
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှ ထုတ်ဝေသော မတ်လထု...
- အစိုးရမကောင်းလို့  အလောင်းမလှ အရပ်ကောင်းမှ အလောင်း...
- မိပြီ..ဒင်းတို့ လက်ချက်
- တွံတေး ကျူရှင်ဆရာ ဆန္ဒပြပြန်ပြီ
- မတ် ၂၇ ၂၀၀၉ သတင်းများ
- ဖက်ဆစ် တော်လှန်ရေးနေ့သာဖြစ်ဟု အန်အယ်ဒီ ပြောကြား
- မြန်မာပြည် လူ့အခွင့်အရေးချိုးဖောက်မှု ကုလ ရှုတ်ချ
- မယား ငယ်ချွဲချွဲရုံနဲ့  ဒို့ တွေ မယုံ
- သူဘဲ လူတတ်ကြီး
- မြို့ပြအပူမီး ဖိစီးနေတဲ့မြို့
- ဗိုလ်ချူပ်ဖွဲ့ခဲ့တာ ပြည်သူတပ်မတော် နွားတွေလက်ထက်ကျ...
- မီးမလာ ရေမလာ ဆိုးဆေး များတဲ့ မြန်မာ
- မုဒိန်းတပ်မတော်ကို အညှီ ပျောက်အောင်လျှော်စေချင်တယ်
- လူတစ်ယောက် သုံးသိန်းဘဲ တန်လား
- ခွေးတွေ ခွေးပါးဝနေတယ်
- သတ်မတော်နေ့ 
- အကောင်းဆုံး မြေသြဇာ အဖွဲ့ရဲ့ မတ်လတော်လှန်ရေး..
- ဆန္ဒတွေ ထုတ်ဖေါ်ကြစို့ 
- ဗိုလ်မိုးကြိုး အပြန် နောက်ကြောင်း လှန်လိုက်သည့် ဗု...
- သာသနာ့ဥသျှောင်(ဘင်္ဂလာဒေ့ရှ်)၏ ကျေညာချက်
- ဗိုလ်ချုပ်အောင်ဆန်း၏ပင်ကိုသဘာဝစရိုက်..
- အိုးဝေသံမြိုင်မြိုင် တဖန်ပြန်ကာနိုးထမဲ့ ဟစ်တိုင်
- မြောက်ဥက္ကလာပတွင် ဗုံးပေါက်ကွဲ
- ရဲဘော်သုံးကျိပ်ဝင်က တပ်မတော် ဦးဆောင်မှုကို မလိုလား...
- ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်
- ဧရာတီကို တရားစွဲဆိုလိုက်သည်ဟု UDP ဦးကျော်မြင့်ြေ...
- (၈၈) မျိုးဆက်ကျောင်းသားများက စစ်အစိုးရ၏ အခြေခံဥပဒေ...
- ၂၀၁၀ ရွေးကောက်ပွဲ အားလုံးလက်ခံနိုင်အောင် ကျင်းပဖို...
- စုစည်းကြပါ...
- ခလေးတောင်သိတယ်
- ကိုယ်ဟာကိုယ်တောင်မနိုင်ဘဲ သူများနိုင်ငံရေးလာပွဲစား...
- ဖိုးလပြည့်..ဘာညာဘာညာလုပ်ခံရတဲ့ ဝတ်မှုံရွှေရည်
- ဗိုလ်ချုပ်မူးကြီးသန်းရွှေ ရာထူးကျသွားပြီ
- မြန်မာ ကောင်လေးကိုသိကြပါသလား..သိသူရှိရင် ဖော်ထုတ်ေ...
- မြန်မာ သူခိုးတွေ သတ်တယ်တဲ့ဗျာ.( Yachtsman killed b...
- ကျောင်းသားအရေးတော်ပုံ ( ကိုဗဟိန်း ရေးသည်)
- UN Special Rapporteur on Human Rights in Burma (VO...
- Global Campaign for Free Political Prisoners (VOA ...
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဗိုလ်အောင်ကျော်)
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဆလိုင်း တင်မောင်...
- အဆိုတော် စိုင်းထီးဆိုင် ၁ နှစ်ပြည့် အလှူ
- ဗိုင်းရပ်စ် အသစ်
- ၂၀၀၉ မတ် ၂၄ , ၂၅ သတင်းများ
- နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး တောင်းဆု...
- Invitation Letter : Resistance Day of Burma - Wash...
- မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ NLD ခေါင်းဆောင်ပိုင...
- ရခိုင်အမျိုးသားသတင်းစာ၊အတွဲ-၃-အမှတ်-၃(၂၀၀၉)မတ်လ
- မစုစုနွေးကို လွှတ်ပေးပါ
- ကြားရသမျှ မြန်မာအကြောင်း အကောင်းသိပ်မရှိ
- မပျော်ကြပါနဲ့ မီးပေးဖို့မဟုတ်ပါ သန်းရွှေကို short ရ...
- ဖိအားပေးသည်ကို အလျှော့ပေးမည် မဟုတ်ဟု KNU ပြော
- စစ်အာဏာရှင်များမှ ကိုယ်တိုင်ဖြစ်စေ၊ ထိုင်းအစိုးရမှ...
- အိပ်ရာ ကမထ ကာလနာကျကောင်
- Freedom from fear,Aun San Suu Kyi, Free Burma
- Freedom Now DASSK
- Statement of 88 Generation Students (Exile)
- မတ် ၂၄ ၂၀၀၉ သတင်းများ
- ဒေါ်အောင်ဆန်းစုကြည် နှင့် ဘီလ်ရစ်ချဒ်ဆန် စကားဝိုင်း...
- နိုင်ငံရေးသမားကောင်း ဖြစ်မြောက်ရေး (ရေးသူ မောင်ဝံသ)
- ရုပ်ကြမ်းကြီးနဲ့ နွဲ့ နေသူ..
- အာဏာရှင် ၏ လုပ်ပိုင်ခွင့်မရှိဘဲ အတင်း အဓမ္မ တရားမ၀င...
- ပညာဒါန ပါဗျို့ 
- မြို့နယ်အင်ဂျင်နီယာမှူးက ငွေပေးသည့်နေရာများသာ မီးေ...
- တခါတည်းရိုက်သတ်ပြစ်ရမှာ
- စီးပွားရေး အကျပ်အတည်း လူသန်းပေါင်းများစွာ ထိခိုက်န...
- မြန်မာ ဘယဆေးနှစ်မျိုး ခဲဆိပ်ပါ၊ ဖို့ဒ်ဝိန်းကျန်းမာ...
- ဘူးသီးတောင်ထောင်မှ နိုင်ငံရေး အကျဉ်းသား လေဖြတ်
- ကုလသမဂ္ဂက အသံတွေ..
- ဗိုလ်မှူးအောင်လင်းထွဋ်၏ တော်လှန်ရေးနေ့ သ၀ဏ်လွှာ
-
▼
March
(468)
No comments:
Post a Comment