Wednesday, March 4, 2009

အဲ့ဒီလိုကို ယုတ်မာတာ

၈၈၈၈ တို့ကလဲ ခေါင်းဖြတ်ခံရတာ အဲ့လိုကောင်မျိုးတွေပေါ့... မြင်ယောင်သေးတယ် နားဂုတ် ဆိုတဲ့ရဲကို ဓါးတုန်းနဲ့ ကြိတ်ပြီးလှီးနေတာ၊ ဒင်းတို့လဲ နောက်တစ်ခေါက် ၈၈၈၈ လိုမဖြစ်ပါစေနဲ့လို့ ဆုတောင်းထားကြ။


ခြစားမှု ဖော်ထုတ်သူ ဧည့်စာရင်းမှုဖြင့် ဖမ်းခံရ
ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ မတ်လ 04 2009


ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း တွံတေးမြို့ရှိ ဈေးသစ်ရပ်ကွက်တွင် လူ ၉ ဦးကို ဧည့်စာရင်း မတိုင်ဟုဆိုကာ ယမန်နေ့ည ၁ နာရီခန့်တွင် ဒေသ အာဏာပိုင်များက ဖမ်းဆီးသွားသည်။

မိဘမေတ္တာ ငါးဒိုင် ပိုင်ရှင် ဦးခင်ဇော်နှင့် အတူ လုပ်သားများဖြစ်ကြသော ဦးအောင်ကိုလတ်၊ ဦးထွေးလှ၊ ကိုနိုင်လင်း၊ ကိုသန်းမြင့်၊ ကိုဇော်မျိုးလတ်၊ ကိုကျော်သူလင်း၊ ဒေါ်တင့်တင်လှနှင့် သူမ၏ အသက်တနှစ်ကျော် ကလေးငယ်ကိုပါ ရပ်ကွက်

အေးချမ်းယာယာရေးကောင်စီ ဥက္ကဋ္ဌ၊ ရာအိမ်မှူး၊ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ မီးသတ်နှင့် နယ်ထိန်းများက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ဦးခင်ဇော်သည် မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနှင့် ပူးတွဲကာ အာဏာပိုင်များ၏ ဒေသတွင်း ခြစားမှုကို ဖော်ထုတ်နေသူဟု လူသိများပြီး ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုတွင်လည်း လက်မှတ်ထိုး ပါဝင်ခဲ့သည်။

“ဧည့်စာရင်း တိုင်ထားတာကို ဖမ်းတာ။ အားလုံးက တိုင်ပြီးသား။ ည ၁ နာရီလောက်မှာ ဖမ်းသွားပြီးတော့ အချုပ်ထဲ တခါထဲ ထည့်လိုက်တယ်။ အားလုံးပေါင်း ၈ ယောက်။ အလုပ်သမားတွေ၊ ကလေးအမေနဲ့ နို့စို့ကလေးငယ် ပါသွားတယ်။ ညက အာမခံမပေးဘူး” ဟု အန်အယ်ဒီ မြို့နယ်စည်း တွဲဘက် အတွင်းရေးမှူး ကိုဇော်မင်းထွန်းက ပြောသည်။

အလုပ်သမားများမှာ တွံတေးမြို့နယ် အိုးဘိုအရှေ့၊ အိုးဘိုအနောက်၊ ကွမ်းခြံရပ်ကွက်၊ မြကိုးကျေးရွာနှင့် မအူပင်မြို့နယ် ဇွဲကပင်ကျေးရွာသားများ ဖြစ်သည်။ အားလုံးကို မြို့နယ် ရဲစခန်းအချုပ်တွင် ဖမ်းဆီးထားဆဲဖြစ်သည်။

“မြို့မ ဧည့်ဥပဒေမှာ ပြထားတာက တွံတေးမြို့နယ်အတွင်းက နေထိုင်သူတွေကို ဧည့်စာရင်း တိုင်စရာ မလိုဘူးလို့ ပြောထားတယ်။ ဥပဒေမှာ ပြောထားတယ်။ တခြားမြို့နယ်က လာရောက်နေထိုင်မှပဲ တိုင်ရတယ်။ ဧည့်စာရင်းကို မိဘမေတ္တာဆိုင်က ဥပဒေအတိုင်း တိုင်ကြားထားတာကို သက်သက်မယ့် ဖမ်းတာလို့ ကျနော်တို့ ထင်တယ်” ဟု ကိုဇော်မင်းထွန်းက ပြောသည်။

“ဧည့်စာရင်းကို တွံတွေးမြို့နယ် ရဲသတင်း ထောက်လှမ်းရေးတပ်ဖွဲ့ (SB)၊ မြို့နယ်မှူး၊ မယက ဥက္ကဋ္ဌ၊ နယ်ထိန်းခေါင်းဆောင်၊ ဒုရဲအုပ် အောင်နိုင်ဦးတို့ဆီလည်း တိုင်ကြားထားတယ်။ မှတ်တမ်းတွေ ရှိတယ်။ သူတို့ကိုယ်တိုင် လက်မှတ်ထိုးထားတယ်” ဟု သူက ဆိုသည်။

တွံတေးမြို့နယ် တရားရုံးတွင် သူတို့ အားလုံးကို ရယက ဥက္ကဋ္ဌ ဦးသန်းဦးမှ ဧည့်စာရင်းအမှုဖြင့် စွဲချက်တင်မည်ဟု သိရပြီး မြို့နယ် ဒီချုပ် ဥက္ကဌ ဗဟိုတရားရုံး ရှေ့နေ ဦးကြင်တိုးက တရားဆိုင်များအတွက် ရှေ့နေလိုက်ပါပေးနေသည်။

ပြီးခဲ့သည့်လ ၂၇ ရက်နေ့ ညသန်းခေါင်တွင် ရယက ဥက္ကဋ္ဌ ဦးသန်းဦး၊ အဖွဲ့ဝင်များနှင့် ရဲနှစ်ဦးက ဧည့်စာရင်း စစ်ဆေးခြင်း မပြုဘဲ၊ အလုပ်သမားများ၏ အိပ်ခန်းများသို့ ၀င်ရောက်ကာ အန်အယ်ဒီ အဖွဲ့ဝင်များအား ရှာဖွေသဖြင့် ဦးခင်ဇော်က ပိုင်နက်ကျူးလွန်မှုဖြင့် ရဲစခန်းတွင် တိုင်ကြားသော်လည်း စခန်းမှူးက ပယ်ချခဲ့သည်။

ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ပိုမိုသိရှိရန်အတွက် တွံတေးမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ တဦးက ဖမ်းဆီးမှု မှန်ကန်ကြောင်း ပြောသော်လည်း မည်သည့်အတွက် ဖမ်းရသည်ကို ပြောပိုင်ခွင့် မရှိကြောင်း ဆိုကာ ဖုန်းချသွားသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်