Friday, March 20, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် နိင်ငံရေးအကျဉ်းသား များအမြန်ဆုံးလွတ်မြောက်ရန် ဂျပန်လူမျိုးများနှင့် နိုင်ငံခြားသားများထံမှ လက်မှတ်ကောက်ခံစုဆောင်း


နေအိမ်အကျယ်ချုပ်ကျနေသည့် သူရဦးတင်ဦးနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသားခေါင်းဆောင်များ၊သံဃာတော်အရှင်သူမြတ်များ၊ ယုံကြည်ချက်ကြောင့်နအဖအကျဉ်းထောင်များအတွင်း၌မတရားဖမ်းဆီးခြင်းခံနေရသည့်ကိုမင်းကိုနိုင်အပါအ၀င် ၈၈မျီုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးချွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် NLD(LA)JB မှ ဦးဆောင်၍ ဂျပန်လူမျီုးများနှင့် နိုင်ငံခြားသားများထံမှ လက်မှတ်ကောက်ခံစုဆောင်းခြင်း လှုပ်ရှားမှုအား ဒီကနေ့(၂၀-၀၃-၂၀၀၉)နေ့လည်၁နာရီမှ ညနေ ၄နာရီအထိ ဂျပန်နိုင်ငံတိုကျိုမြို့ ရှင်ဂျုကုဘူတာ တောင်ဘက်ထွက်ပေါက်ရှေ့တွင်ကောက်ခံခဲ့ရာ လက်မှတ်ပေါင်း၃၀၀ ခန့်ရရှိခဲ့ပါသည်။
ノーベル平和賞受賞者アウンサンスーチー氏と軍政により不当に拘束されている全ての政治囚の即時釈放のため署名活動を新宿で執り行われました。署名人数は300名頂きました。




ဓါတ်ပုံ- ကိုထွဏ်းမြင့် သတင်း-NLD(LA)JB လူငယ်ဌာန
ဗီဒီယို-ကိုဆန်နီ

2 comments:

စုကြည် said...

ရှက်လည်းမရှက်ဘူး သူများနိုင်ငံမှာ...ငါတို့တော့ အဲဒီလိုလုပ်ရမှာရှက်တယ်ကွာ...ကြာလာတော့ ဂျပန်အစိုးရကပါ အမြင်ကပ်လာပြီ...

vi said...

သူများနိုင်ငံမှာ ရှက်ရင်ကိုယ့်နိုင်ငံမှာ ကိုယ်လုပ်ပေါ့ကွာ။

Post a Comment

ယခင် သတင်းများ ဖတ်ရန်