Thursday, March 12, 2009

ကူညီကြပါ

မြန်မာစစ်အစိုးရ၏ ဖိနှိပ်မှုများကြောင့် နိုင်ငံတကာအနှံ့ ပြန့်ကျဲထွက်ခွာနေရသော မြန်မာလူမျိုးများစွာထဲမှ အင်ဒိုနီးရှားနိုင်ငံပိုင် ပါပူးဝါးနယူးဂီနီကျွန်း၌ ဒုက္ခအကြီးအကျယ်ကြုံတွေ့နေရသောမြန်မာလူမျိုးများ၏သတင်းကို 12.3.09 ညနေ ၅ နာရီ အချိန် တွင် ကာယကံရှင်တဦးဖြစ်သူ ကိုမျိုးထက်မှ ဖုံးသတင်းပေးပို့ခဲ့ပါသည်။
၎င်း၏ပြောကြားချက်အရ မြန်မာလူမျိုး ၄၄ ဦးတွင် ၂၁ ဦးမှာ ၀မ်းလျှောရောဂါကြောင့် သေဆုံးခဲ့ရပြီး ၁၈ ဦးမှာ ငါးဖမ်းသင်္ဘောတစီးမှ ပစ်ခတ်သဖြင့် သေဆုံးပြီး ကျန် ၅ ဦးမှာ အင်ဒိုနီးရှား (လ၀က) မှ ဖမ်းဆီးထားသည်ဟု ကြားသိရပါသည်။ ကိုမျိုးထက်၏ လျှို့ဝှက် ဆက် သွယ် ရသော အခြေအနေအရ အထောက်အထားစုံလင်အောင် မပြောကြားနိုင်သဖြင့် နီးစပ်ရာ မီဒီယာ အသိုင်းအ၀ိုင်းများမှ စုံစမ်း၍ သိသူများမှ သတင်း ဖော်ထုတ်ပေးကြပါရန်တင်ပြလိုက်ပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်