Thursday, March 5, 2009

မြန်မာနိုင်ငံ လူအခွင့်အရေးနေ့  (သို့ ) ကိုဘုန်းမော်နေ့  (မတ်လ ၁၃ ရက်နေ့ )။

ရှစ်လေးလုံးအရေးတော်ပုံကြီး စတင်ပေါ်ပေါက်စေခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ မတ်လဆန်းမှာ အာဏာရှင်လက်ပါးစေတွေရဲ့  မတရား လုပ်ရပ်ကြောင့် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဘုန်းမော် ကျဆုံးခဲ့ရမှုနှင့် မတရားမှုကို အစဉ်အမြဲ ဆန့် ကျင်တော်လှန်ရဲတဲ့ ကျောင်းသားတို့ ၏ အာဏာရှင်အား စိန်ခေါ်မှု မှတ်တမ်း ဖြစ်ပါတယ်။

အာဏာရှင်အား ရဲရဲဝန့် ဝန့် ရင်ဆိုင်ပြီး ဆန့် ကျင်တိုက်ပွဲဝင်ကာ ကျဆုံးခဲ့ကြသော စက်မှုတက္ကသိုလ်ကျောင်းသား ကိုဘုန်းမော်နှင့် ကျောင်းသားအပေါင်းအား ဂုဏ်ပြုသောအားဖြင့် အဆိုပါ မတ်လ (၁၃) ရက်နေ့ အား မြန်မာနိုင်ငံလူ့ အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ဂုဏ်ပြုခြင်း ပါတယ်။


ကိုနစ်နေမန်း ဘလော့ဂ်မှ ရယူမျှဝေပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်