နဂါးနီစာဖတ်အသင်း နဲ့ ဆရာလွန်း
နဂါးနီစာဖတ်အသင်း ကို ၁၉၃၉ခုနှစ်မှာ သခင်နု ဦးဆောင်ပြီး တည်ထောင်ဖြစ်ခဲ့ပါတယ်။ အဲဒီ အသင်းကြီးက ခေတ်ကာလနှင့် ရင်ဘောင်တန်းနေသည့် ခေတ်စာပေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး နှင့် သိပ္ပံပညာ၊ အစရှိသည့် ပညာပေး စာပေတို့ကို ဗမာစကားနှင့် ပုံနှိပ် ထုတ်ဝေပြီး မြန်မာပြည်သူတို့ကို မျက်စိဖွင့်ပေးခဲ့တယ်လို့ သမိုင်းကြောင်းက သက်သေပြနေပါတယ်။
နဂါးနီစာဖတ်အသင်း (Nagani Book Club) တည်ထောင်ခြင်း အထိမ်းအမှတ် အနေနှင့် (သခင်ကိုယ်တော်မှိုင်း)က
ဤ “နဂါးနီသတင်းဘွဲ့ ထောမနာ သြဘာလေးချိုးကြီး” ကို စပ်ဆို သြဘာပေးခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~
နဂါးနီသတင်းဘွဲ့ ထောမနာ သြဘာလေးချိုးကြီး
အများအပြည်ပြည်၊ ပွက်ခါစတွင်ဖြင့်။
“နဂါးအနီ” ထွက်လာပြတာက။
ဓမ္မစကြာ သမတတွေနှင့်။
တက်စရာ မြန်မာ့ချိန်နှင့် ကျော်။
(အိုကွယ်) အထက်အခါ သမယဆီက။
သက်သက်သာသာနဲ့၊ မက်ခါပြပေတဲ့ - ဆရာ့အိမ္မက်တော်။ ။
(သြော်) အထူးအဘိပါကပေပ။
“ဦးဝိစာရ” ရယ်လို့။
မနုးနပ်သည့် ဒါယကါ - ဒါယကမတွေ - သေသေချာချာသိစေဘို့။
ဒေသစာလှည့်ကါ - ဘယ်သို့ ဘယ်ညာဟောတယ်လို့။
(LAW) လောသုံးဆယ် ဥပဒေမျိုးတွေနှင့်။
ပြောအုံးမယ် ထုချေလို့မှမကိုးသာဘု။
ဘုရာ့သာသနာကို - ကုလာ့အာဏါမိုးချိန်မို့။
အမျိုးဘာသာ - ကိုးရာတပါးကိုဖြင့်။…
(သြော်) အမှောင်မပြင်း၊ အချောင်ညှင်းရော့မဟဲ့လို့။…
နှောင်သွင်းအမြန် - ထောင် အကျဉ်းဒဏ်ထားရာက။
ဘုရားပေးသည့်သင်္ကန်းဆို ယင်းဒံဝတ်တော်ကို။
မဆင်မြန်းနဲ့ - အတင်းချွတ်နော်လို့ ခိုင်းတဲ့အပြင်။
ဂိုဏ်းဂဏအ၀င်အပါ - အသျှင်သင်္ဃာတို့ရဲ့။
အစဉ်အလာ - ဥပုသ်ပ၀ါရဏမှ မပြုရတာကြောင့်။
သုဂတ သာသနာဆီမှာ - ခုဘ၀ကြာရှည်တယ်လိုမကောင်းပြီလို့။
အလောင်းတော် ခန္တီဝါတို့နှင့် တညီ - အဓိဋ္ဌာန်သုံးသလိုပ။
လုံးလုံးပင်အစာရှောင်လို့မို့။
အာကါဘောင် ၀တိန်ကြငှန်းတွင်ဖြင့်။
တိမ်ပန်း - အလျှံအမှန်တံခွန်နှင့်။
စံမလွန်ပြောစရ တကြောင်းပေပ။
နန္ဒ၀န်တောရကျောင်းဆီသို့။
ပြောင်းရွှေ့ စံပျော်တော်မူတယ်နော်ကွယ်။
၎င်းရသေ့။
ဟောင်းတယ်လို့လဲ မမေ့နိုင်ဘု၊ အောက်မေ့ပြန်သော်။ ။
ဆရာတော် - နတ်နန်းအမြင့် ၀တိန်အထက်တွင်ဖြင့်။
ဒကါမနော် ခတ်နွမ်းနွမ်းနှင့် တကြိမ်စက်လိုက်တော့။
အိမ္မက်က တကြောင်းပေါ်။
အလောင်းတော်မှာဖြင့် ဒေါင်းလံတံခွန်မကင်း။
(အိုကွယ်) ဟောင်းတဖန် ပေါ်ပြန်လို့။
သောင်း မြန်မော်စေဘို့ ကေါင်းဟန်အလွန်အမင်း။ ။
နို့ပြီးတခါ သို့နည်းတဖြာပ။
ဗမာဆန်ဆန် အဟုတ်အဟတ်ရှင်းပေတဲ့။
သာလယံ အုတ်ဇရပ်အဖြစ်၊ ရုပ်ဆင်း မသတီယောင်နှင့်။
ခွေအားရှာ - အသံစွာမြည်။
ထွေပြားစွာ မာန်ဖီလို့မို့။
ခေါင်းရယ် မထောင်ရာကဘဲ - ညောင်းရော့သလား။…
ရုတ်ချည်း ရုပ်သွင်ပြောင်းသလိုပ။
ကောင်းခြင်းငါးဖြာ ကလျာကြန်နှင့်၊ ပမာဟန် အမူချောပုံပြရမှာဖြင့်။
အညာပုဂံသူ - စောလုံဒကမတို့လို။
လှလှပပ - မကြီးမငယ်၊ အရွယ်အလတ် ကယ်လို့။
တပ်အပ်မြင် အိမ္မက်ကိုလ။
မနက်ထတွင် တကယ်မှဟောပမလားလို့။
“အလယ်တောရ” ကပြာကရာရောက်တဲ့ပြင်။
ပါမောက္ခ တက္ကသိုလ်ဆရာစုံသနဲ့။
ဇကာရမှာ အဖြေပေး၊ ရတနာပုံ အညာအပြေပြေကမေးရတဲ့။
“ရွှေရေးဆောင်” သာသနာတံခွန် က ဖြင့်။
လွှာသ၀ဏ် - ဗျာညွှတ်ဘို့လျှောက်ပြန်တော့။
နောက်နောင် မကြာမီပ။
ဗမာပြည် - သာမည်ခေတ် ပေမို့။…
သိသိသာသာ - အမိမြန်မာဖြစ်တော့မယ်လို့။
သနစ်ဟိတ် ဂုဏ်အလိုကို ဒိဋ္ဌံအကုန် သဘောတွေနှင့်။
ဟောခဲ့တာ အခါညီရော့မထင်။
ကမ္ဘာပထ၀ီ အကုန်ကြို့ရပေမည့်။
ရာဇဋ္ဌာနီ ဒဂုန်မြို့ဆီက ကြုံဖို့ ကြံရည်ဖန်ရည်နှင့်။
“နဂနီ” အိုဘဲ့ အသင်းဆီက။
“နဂနီ” ဆိုတဲ့ သတင်းကိုဖြင့်။
ထိုထိုတပဲ့ အရင်းတွေဖြန့်ဝေချီတော့။
မြန့်ပြည်ကြီးအတွက်တာ မနေသာသဖြင့်။
စေတနာ တောင်အထုတွင်မှ။
အဝေရာ ရှောင်သမှုပေပ။
(အမယ်မင်း) ထောင်အမှုနဲ့ - မကြာကြာဆင်းရရှာမည့်။
“မောင်နု” နဲ့ - အရာမကင်းနိုင်သမို့။…
(သြော်) အောင်ဇေယျတု - အောင်ဇေယျတု ဆိုတဲ့။… …
အောင်ဆုဘွဲ့ ပထ္ထနာသီချင်း။ ။
သခင်ကိုယ်တော်မှိုင်း။
စစ်ကိုင်းတောရ။
http://bazanlin.wordpress.com/2007/07/25/nagani/ မှ
အညာမင်္ဂလာဆောင်ဘွဲ.လေးချိုးကြီး
ကျုပ်တို.အညာမှာမင်္ဂလာတစ်မျိုးသာပ။ အဟုတ်ဗျို.
ဓမ္မတာအစဉ်အလာမညှိုးခဲ့ပါဘု၊ အရိုးသမကျရှေးလိုပ၊
အဖွားကလဲကျည်တစ်ဆောင်။ (ကိုမင်းရာရယ်)အမျိုးကလဲ
မသေးပေဘု၊ အဖိုးအဖနှင့်တကွမေးကြပါတော့၊ တမျိုးငါ့မြေး
တို.ရယ်လို.(အိုကွယ်) အဖိုးကပေးလိုက်ပါတဲ့နွားညီနောင်။
သြော်-အမိအဘတို.ကလည်းပြည့်ပြည့်၀၀ပေမို.၊ ရှိသမျှကုန်ချင်ကုန်ရော
ဟဲ့လို.၊မယုံရင်ကြုံလျှင်မေးပါတော့၊ အလုံတစ်ခွင်မှာဂုဏ်အင်ကလဲမသေးပါဘု၊မှုံရွှေကြေးမှုန်
ချောင်းဦးနယ်တလွှားဆီက၊အလုံကျေးအကုန်မှာ
ပြောင်းဖူးသယ်တွေကလဲများလိုက်ပါဘိသနှင့်၊ ဆွေးသားရင်းချာလာတကာမိတ်တို.ကိုလ၊
အဖေသွားရင်းသာလာစရာဖိတ်ခဲ့တာနှင့်၊ ညအိပ်ညနေအစုံလာကြတာ့၊ခြုံစရာအကွက်ဖျင်
စောင်နှစ်ခုရဲ့ပြင်၊စုံပုဝါပါတဘက်နဲ.ခြင်ထောင်ကလဲတစ်ခုပါပဲ။.....လုပ်မှုကိုင်ဘွယ်တောလယ်
ယာတစ်ခင်းရဲ့ပြင်၊ပြောင်ခင်းတစလယ်ဝင်နှင့်၊ လယ်တရှင်စပါးနှစ်ဆယ်ထွက်ကိုလ၊ အို...(ကိုမင်းရာရယ်)
ရှေးအဆက်ဆက်အကြွေးတက်ပြီးအဝေးမထွက်ရအောင်လို.တဲ့ကွယ်၊
ပေးလက်ဖွဲ.နှောင်း။
(နယ်ချဲ.ဓနရှင်အမြတ်ကြီးစား၊အတိုးကြီးတို.ကြောင့်တောင်သူလယ်သမား
ဆင်းရဲသားကျောမွဲတို.ဖြစ်ရပုံအညာမင်္ဂလာဆောင်ဘွဲ.လေးချိုးကြီးမှကောက်နှုတ်ချက်)
http://peaceforburma.blogspot.com/2008/03/blog-post_04.html မှ
“ခေတ်ဆိုးလျှင် ခေတ်ကို
အပြစ် မဆိုသာ၊
ထိုခေတ်တွင်ရှိသော
သူတို့ကိုသာ အပြစ်ဆိုစရာ ဖြစ်သောကြောင့်
ငါတို့ခေတ်အတွက်
ငါတို့ တာဝန် ကြီး ပေတကား ဟု များများကြီးနှလုံးသွင်းအပ်ပေသည်”
(သခင်ကိုယ်တော်မှိုင်း) ဂန္တလောက မဂ္ဂဇင်း ၁၉၂၀ - ခုနှစ်
မြန်မာ့စာပေ သမိုင်းမှာ..အခုထက်တိုင် လွှမ်းမိုးပဲ့တင်နေသေးတဲ့..ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရဲ့ ဋီကာ နဲ့ လေးချိုးကြီး တွေဟာ . ခေတ်စနစ်နဲ့ ကျွန်ပြုခံ သာမန်ပြည်သူတွေ ရဲ့ ခံစားချက်နဲ့ ထပ်တူ ကျနေ ခဲ့ပြီး .ဒုတိယ ကမ္ဘာစစ် မတိုင်မီ ကာလ မြန်မာ့စာပေ ကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း အများကြီး ကိုယ်စား ပြု ခဲ့ ပေ သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဟာ မြန်မာ့ ဂန္တ၀င်စာပေ အရေးအသား နဲ့ အသုံးအနှုံး တွေကို ထိန်းသိမ်း နိုင်သကဲ့သို့ .ကိုလိုနီ ခေတ် ပညာရေး က ထွက်ပေါ်လာတဲ့..လူငယ်တွေရဲ့ အတွေး အမြင် ခေတ်မှီမူတွေကိုလည်း.. လက်ဝဲစာပေ တွေ အထိ ..လေးစား လက်ခံ အသိအမှတ်ပြုခဲ့တဲ့.. အမြင်ကျယ်သူတယောက်ဖြစ် ကြောင်း
(ဒေါ်အောင်ဆန်းစုကြည်)
ရွှေတိဂုံဘုရားတောင်ဖက်မုခ် ကန်တော်မင်္ဂလာပန်းခြံနဲ့ ကပ်လျက်မှာ သခင်ကိုယ်တော်မှိုင်း၊ ဦးသန့် နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည် တို့၏ ဂူဗိမာန်များ ရှိပါသည်။

No comments:
Post a Comment