Tuesday, March 3, 2009

အလုံ သစ်တောဝင်းအတွင်း မီးလောင်

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ မတ်လ 03 2009 15:10 - မြန်မာစံတော်ချိန်

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း အလုံ သစ်တောဝင်းအတွင်း ယခုလ ၁ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့သည်။
နံနက် ၁၂ နာရီခွဲခန့်တွင် အလုံမြို့နယ် ဆင်မင်းဈေးအနီးရှိ မြန်မာ့သစ်လုပ်ငန်း အလုံ သစ်တောဝင်းအတွင်း မီးအားထိန်းညှိပေးသည့် Transformer ကို စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

Transformer ထားရှိရာ သွပ်မိုး အုတ်ညှပ်အဆောက်အဦအတွင်း၌သာ လှိုက်၍ လောင်ကျွမ်းခဲ့ပြီး ပြင်ပသို့ ကူးစက်ခြင်း မရှိခဲ့ပေ။
ရန်ကုန် ဗဟိုမီးသတ်၊ အလုံမီးသတ်၊ စမ်းချောင်းနှင့် ကြည့်မြင်တိုင် မီးသတ်စခန်းများမှ မီးသတ်ကားများနှင့် ရေသယ်ယာဉ်များ လာရောက် ငြှိမ်းသတ်ကြရာ နံနက် ၁ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

Transformer အပူရှိန် မြင့်မားလာမှုကြောင့် ရှော့ဖြစ်ကာ လောင်ရခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားကြောင်း သိရသည်။
http://www.mizzimaburmese.com/news/breaking-newsbrief/2537-2009-03-03-08-52-55.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်