Tuesday, March 10, 2009

ဖုန်းမော်ကျဆုံးခြင်း အနှစ် (၂၁)ပြည့် ချီတက်ဆန္ဒပြပွဲ

LMN/ သတင်း

၁၉၈၈ ခုနှစ် မတ်လ ၁၃ရက်နေ့ ဟာ စက်မှုတက္ကသိုလ်ကျောင်းသား ဖုန်းမော်ဟာ မဆလအစိုးရရဲ့  ရက်ရက် စက်စက် နှိပ်ကွပ်မှုနဲ့  သေ ဆုံးခဲ့ရပါတယ်။ ၂၀၀၉ခုနှစ် မတ်လမှာဆိုရင် (၂၁) ပြည့်ပြီဖြစ်ပါတယ်။ မဆလအစိုးရရဲ့  လူ မဆန်မှု၊ လူ့ အခွင့်အရေး ချိုးဖောက်မှု တွေ ကို ဖုန်းမော်က အသက်နဲ့  ရင်းပြီး ပြသခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့ ကို မြန်မာ နိုင်ငံလူ့ အခွင့်အရေးနေ့ လို့ သတ်မှတ်ခဲ့ပါ တယ်။

ဒါပေမဲ့လဲ ဒီနေ့ အုပ်ချုပ်နေတဲ့ နအဖ စစ်အစိုးရဟာ မဆလ အမွေခံဖြစ်ပြီးတော့ လူ့ အခွင့်အရေးကို ဆက် တိုက် ချိုးဖောက်နေ လာခဲ့ ပါတယ်။ ဒါကို ကျနော်တို့ ကနေပြီးတော့ တကမ္ဘာလုံးက သိအောင် ဖော်ထုတ်ပေးရမှာဖြစ်ပါ တယ်။ မဆလ အမွေခံ နအဖရဲ့  လုပ် ဆောင်ချက်တွေကို ချီတက်ဆန္ဒပြပြီး ကျနော်တို့ နေတဲ့ ပတ်ဝန်းကျင်က အသိုင်း အ၀ိုင်းက သိအောင် ဖော်ထုတ်ပေးရမှာဖြစ်ပါတယ်။ ဘယ်သူက မှားပြီး၊ ဘယ်သူကမှန်နေသလဲ ဆိုတာကို။
အားလုံးပူးပေါင်း ပါဝင်ကြပါလို့  တိုက်တွန်းလိုက်ပါတယ်။

နေရာ။ ။Gotanda koen. (Gotanda ဘူတာအနီး)

နေ့ ရက်။ ။ ၂၀၀၉ခုနှစ် မတ်လ ၁၃ရက်၊ သောကြာနေ့ 

အချိန်။ ။နေ့ လည် (၁) နာရီ (စုရပ်)၊ နေ့ လည့် (၂)နာရီ အခမ်းအနားစတင်၍ (၂ နာရီ ၃၀ မိနစ်တွင် )စတင်မည်။

http://www.alineain.com/
http://luminarymagazine.wordpress.com/

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်