Monday, March 23, 2009

သမိုင်းအမှတ်တရ..မှိုင်းရာပြည့် အရေးတော်ပုံ

ဒီနေ့ ဟာ မှိုင်းရာပြည့် ၃၃ နှစ်ပြည့်ပါပြီ။
မှိုင်းရာပြည့် အရေးတော်ပုံ
၁၉၇၆ မတ်လ ၂၃ မှာတော့ မှိုင်းရာပြည့် အရေးတော်ပုံ ပေါ်ပေါက်ခဲ့ပါတယ်။ တက္ကသိုလ် အသီးသီးက ကျောင်းသား ၂၃၀ ကျော် အဖမ်းခံခဲ့ရပြီး စစ်ခုံရုံးတင်ကာ ထောင် ၁၄နှစ် အထိ ချခဲ့ပါတယ်။ ရာနဲ့ ချီတဲ့ ကျောင်းသားတွေ ကျောင်းအထုတ်ခံခဲ့ရပါတယ်။ ချင်းတိုင်းရင်းသား ဖြစ်တဲ့ RASU ကျောင်းသား ကိုတင်မောင်ဦးဟာ ၁၉၇၆ ဇွန်မှာ ကြိုးပေးခံခဲ့ရပါတယ်။ ကိုတင်မောင်ဦးဟာ ၁၉၇၄ အခြေခံဥပဒေ ဥပဒေပေါ်ပေါက်လာပြီးနောက်ပိုင်း ပထမဆုံး ကြိုးပေးခံခဲ့ရသူဖြစ်ပါတယ်။ ရခိုင်ဘုန်းကြီးတစ်ပါးဖြစ်တဲ့ ဦးပညာသီရိ ဟာ သခင်ကိုယ်တော်မှိုင်းရေးသားခဲ့တဲ့ ခွေးဋီကာ ကို မှီငြမ်းပြီး ဆိုရှယ်လစ်ပါတီကို ဝေဖန်ခဲ့လို့ ထောင် ၆နှစ် အချခံခဲ့ရပါတယ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်