Thursday, March 5, 2009

၂၀၁၀ ရွေးကောက်ပွဲကိုဆန့် ကျင်ပါ။


ခေတ်စနစ်တွေကိုပြန်ကြည့်ကြပါလို့ စကားစချင်ပါတယ်။ဘယ်တုန်းကများဒီစစ်အာဏာရူးအုပ်စု
ဟာတိုင်းပြည်ကောင်းစားပြီးပြည်သူကိုစိတ်ချမ်းကိုယ်ချမ်းသာဖြစ်အောင်လုပ်ပေးခဲ့ပါသလည်း။ပထမ
အနေနှင့်ရွေးကောက်ပွဲဆိုတဲ့အသံနဲ့ ဒီမိုကရေစီအင်အားစုတွေကိုသွေးခွဲနေပြီ။ဒုတိယအနေနှင့်စစ်အုပ်
စုဟာပြင်ဆင်ထားပြီးသည့်အတိုင်း၎င်းတို့ ကိုယ်တိုင်ပါဝင်ပြီးညစ်တီးညစ်စုတ်နည်းလမ်းများအသုံးပြု၍
အနိုင်ရအောင်လုပ်ပါလိမ့်မယ်။ဒီ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ပြီ၊လက်ခံပြီဆိုတာနဲ့ တိုင်းပြည်ဟာစစ်အုပ်
စုရဲ့ လက်အောက်ကရုန်းထွက်နိုင်မှာမဟုတ်ဘူး“ရဲဘော်တို့ ”။

ရှင်းရှင်းပဲပြောမယ်ရှုမောင်ဆိုတဲ့အာဏာရူးလုပ်နေတာကိုဝိုင်းပြီးမြောက်ထိုးပင့်ကော်လုပ်ပြီးနေခဲ့

ကြတဲ့လူကြီးတွေ၊ဘာမှနားမလည်တဲ့ပြည်သူကိုဆိုရှယ်လစ်စနစ်ကြီးဒီလိုကောင်းပါတယ်ဆိုပြီးညာ
ခဲ့ကြတဲ့လူကြီးတွေကြောင့်(၂၆)နှစ်လုံးလုံးတိုင်းပြည်အမှောင်လွှမ်းခဲ့ရတယ်။ပြည်သူရဲ့ ဟစ်တိုင်မဲ့ခဲ့ရ
ပြီး၊ပြည်သူရဲ့ မီးပြတိုက်သဖွယ်ရှိတဲ့သမိုင်းဝင်ကျောင်းသားသမဂ္ဂနှင့်သမဂ္ဂအဆောက်အဦးပါကွယ်ခဲ့ရ
တယ်ဆိုတာ“ရဲဘော်တို့ ”သိပြီးသားပါ။

၁၉၈၈ မှာ ထိမ်းမနိုင်မှတော့ အာဏာသိမ်းခိုင်းပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲဆိုပြီးဖြစ်လာတယ်။
ရဟန်းသံဃာ၊ကျောင်းသား၊ပြည်သူတွေရဲ့ သွေးချွေးတွေ ၁၉၈၈ မှာစတေးခဲ့လို့ ၁၉၉၀ ရွေးကောက်ပွဲ
ဖြစ်လာတာပါ။၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူကအကောင်းဆုံးရွေးချယ်တင်မြှောက်ခဲ့ပြီးပြီ။ဒီရလဒ်
ကိုတွေ့ ဆုံဆွေးနွေးပါ။ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားတွေချက်ချင်းလွှတ်ပါ။

ဒီနည်းလမ်းဟာအမှန်တရားလမ်းကြောင်းပါ “ရဲဘော်တို့ ”ဒါကိုအလေးထားကြပါ။လာမဲ့၂၀၁၀ရွေး
ကောက်ပွဲကိုလက်ခံရင် NLD ကိုတင်မြှောက်ပေးခဲ့တဲ့ပြည်သူကိုဆော်ကားရာရောက်ပါမယ်။တိုင်းပြည်
ကိုချောက်ထဲပိုကြစေမဲ့အဖြစ်ဆိုးကြီးကိုလုံးဝလက်မခံသင့်ပါဘူး။အခုဆိုရင်ကြည့်ပါရွေးကောက်ပွဲအသံ
ကြားတာနဲ့ နိုင်ငံရေးလုပ်စားမဲ့ စားဖားကြီးတွေအလျှိုလျှိုထွက်လာပါပြီ။လုပ်စားမဲ့သူဆိုတာဘယ်တော့
မှပြည်သူအတွက်ကြည့်မှာမဟုတ်ပါဘူး“ရဲဘော်တို့ ”။

အမှန်တရားလမ်းကြောင်းအတိုင်းNLD ဟာရှေ့ ဆက်မယ်ဆိုတာကိုအဘဦးဝင်းတင်ကပြတ်ပြတ်
သားသားပြောပြီးပါပြီ။NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူဦးဥာဏ်ဝင်းကလည်း၁၉၉၀ ရလဒ်ကိုအသိအမှတ်ပြု
ရမယ်လို့ ပြောဆိုထားပါတယ်
http://www.khitpyaingnews.org/news/February_09/5-2-09c.php
ဒါတွေကိုကျနော်တို့ ပစ်ပယ်လို့ မဖြစ်ပါဘူး“ရဲဘော်တို့ ”။ဒီအချိန်မှာအငြင်းပွားပြီးသွေးကွဲမ
နေကြပါနဲ့ ။အားလုံးသွေးစည်းညီညွတ်စွာအမှန်တရားကိုစွဲကိုင်ပြီး၂၀၁၀ ရွေးကောက်ပွဲကိုဆန့် ကျင်ပါ။
၂၀၀၈ အခြေခံဥမဒေ…အလိုမရှိ။
၂၀၁၀ ရွေးကောက်ပွဲ…အလိုမရှိ။
၁၉၉၀ ရလဒ်အသိအမှတ်ပြု။
ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားတွေချက်ချင်းလွှတ်။
တွေ့ ဆုံဆွေးနွေးရေးချက်ချင်းလုပ်။
မင်းမော်စိုး
လွတ်မြောက်နယ်မြေ(ဂျပန်)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်