Wednesday, March 4, 2009

ဒီတစ်ခါတော့ လူရာသွင်းတယ်ဟ

ထိုင်းနိုင်ငံက ၃ လကြာဗီဇာကင်းလွတ်ခွင့်ပြုရာတွင် မြန်မာနိုင်ငံလဲပါ


မြန်မာနိုင်ငံသားများ အများဆုံးသွားရောက်လည်ပတ်သော ထိုင်းနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများအား သုံးလကြာဗီဇာကင်းလွတ်ခွင့်ပြုရာတွင် မြန်မာနိုင်ငံသားများပါ ပါဝင်ကြောင်း ထိုင်းနိုင်ငံခရီးသွားအာဏာပိုင်အဖွဲ့ (TAT) မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှလေယာဉ်လက်မှတ်ရောင်းကုမ္ပဏီမှ ထိပ်တန်းအရာရှိတစ်ဦးကပြောသည်။

ဘန်ကောက်မြို့ရှိ လေဆိပ်နှစ်ခုအား အစိုးရဆန့်ကျင်သူများမှ နိုဝင်ဘာလ ၂၅ ရက်တွင် ပိတ်ဆို့ခဲ့ခြင်းနှင့်

ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြောင့် ကျဆင်းသွားသော ထိုင်းခရီးသွားလုပ်ငန်းအား အမြန်ဆုံးပြန် လည်ဦးမော့လာစေရန် ထိုင်းအစိုးရအနေဖြင့် ၂၀၀၉ ခုနှစ် မတ်လ ၅ ရက်မှ ဇွန်လ ၄ ရက်အထိ နိုင်ငံပေါင်း ၄၂ နိုင်ငံ ဗီဇာကြေးကင်းလွတ်ခွင့်ပြုမည်ဟု ထိုင်းနိုင်ငံခရီးသွားအာဏာပိုင်အဖွဲ့မှ ထုတ်ဝေသောသတင်းအရသိရသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့သွားရောက်လည်ပတ်ရာတွင် ဗီဇာကြေးအဖြစ် ကန်ဒေါ်လာ ၃၅ ပေးချေရပြီး ထိုကဲ့သို့ကင်းလွတ်ခွင့်ပြုပေးသည့်အတွက် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်မည့်သူများ ပိုမိုများပြားလာနိုင်ကြောင်း လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်များက ယူဆကြသည်။
http://www.planet.com.mm/news/index.cfm/linkpage/desc/id/12018

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်