Tuesday, July 7, 2009

မြန်မာနိုင်ငံတွင် HIV, AIDS ရော ဂါကြောင့် နှစ်စဉ်လူ၂၅၀၀၀ သေဆုံးခဲ့


Kaowao သတင်းမှ http://www.kaowao.org/b/jul09-7.php
ဇူလိုင် ၇၊၂၀၀၉။

စံခလပူရီ(ဇူလိုင်-၇)။ ။ AIDSခုခံအားကျဆင်းရောဂါနှင့် ဆက်စပ်ရောဂါများကြောင့် မြန်မာနိုင်ငံတွင် နှစ်စဉ်လူ ၂၅၀၀၀ သေဆုံးခဲ့ပြီး AIDS ရောဂါရှိသူများ၏ ၄၂ရာခိုင်နှုန်းမှာ အမျိုးသမီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရှိရပါ သည်။ ၂၀၀၇ ခုနှစ် ခန့်မှန်းတွက် ချက်အရလူ၂၄၀၀၀၀ ကျော် ရောဂါပိုး ကူးစက်နေကြောင်း ဖော်ပြပါရှိသည်။

ယင်းဖြစ်စဉ်အပေါ် မြန်မာနိုင်ငံအရေး လေ့လာသူ ဦးမင်းရဌကို ဆက်သွယ်မေးမြန်းရာတွင် “မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံဖြစ်တဲ့ အလျှောက် တခြားနိုင်ငံတွေမှာ အလုပ်သွားလုပ်တာများတယ်။ တချို့က အပျော်အပါး လိုက်စားတာရှိတယ်။ တချို့အမျိုးသမီးတွေ ဆိုယင် ပြည့်တန်ဆာအဖြစ်နဲ့ အလုပ်သွင်းခံရတယ်။ အဲဒီမှာ ကျန်းမာရေး အသိတရားချို့တဲ့တော့ လိုအပ်တဲ့အကာအကွယ်တွေ မသုံးတော့ ဒီ AIDS ရောဂါကူးစက်တာ ခံရတော့တာပါဘဲ။ ဒါတွင်မကသေးပါဘူး ပြည်တွင်မှာဆိုယင်လည်း အယောင်ပြအနှိပ်ခန်း ရေချိုးခန်း ကာရာအိုကေခန်းတွေမှာလည်း ပြည့်တန်ဆာလုပ်ငန်းလို ဖြစ်နေပြီး။ အခုဆိုယင် လူကြီးလူငယ် တချို့ သွေးကြောထဲ မူးယစ်ဆေးထိုသွင်းတဲ့သူတွေ ပိုများလာတယ်။ ဒါကြောင့် ဒီဆိုးကျိုးတွေကြောင့် ရောဂါကူးစက် များပြားလာတယ်”ဟု ပြောဆိုခဲ့ပါသည်။

၂၀၀၇ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းကျင်းပခဲ့သော HIV, AIDS Projection and Demographic Impact Analysis Work shop အရ ၂၀၀၀ ပြည့်နှစ်တွင် HIVရောဂါပိုး ပြန့်ပွားနှုန်း ၀. ၉၄ ရာခိုင်နှုန်းမှ ၂၀၀၇ ခုနှစ်တွင် ၀. ၆၇ ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း တိကျသောကိန်းဂဏန်းမဟုတ်ပေ။ ယ္ခုအခါ ART ဆေးကုထုံးသစ် ရှိနေသော်လည်း အစိုးရဆေးရုံများတွင် ကုသ ပေးခြင်းမရှိသဖြင့် ပြည်ပလူမှာ ကူညီရေး အဖွဲ့အစည်းများ၏ ဆေးခန်း၌သာ တဆင့်ကုသနေရသည်။ ကျေးလက်နေ ပြည်သူများအတွက် များစွာအခက်အခဲ ရှိနေသေးသည်။

ယင်း ART ကုထုံးနှင့် ပက်သက်၍ မော်လမြိုင်မြို့ဆေးရုံရှိ အမည်မဖော်လိုသူ ဆရာဝန်တဦး ပြောပြချက်မှာ “ဒီကုထုံးတော့ အားရစရာ မရှိ သေးဘူး။ ကျွန်တော်တို့လူမျိုးကလည်း ဒီရောဂါလက္ခဏာရှိတာနဲ့ ဆေးရုံလာပြဘို့ နောက်တွန့်နေကြတယ်။ လူ့အဖွဲ့အစည်းအသိုင်း အဝိုင်း ဖယ်ကြဉ်မှာစိုးကြတယ်။မြို့နေလူတန်းစားထဲမှာတောင် မကျယ်ပြန့်သေးဘူး။ ကျွန်တော်တို့ကျန်းမာရေးဌာနအနေနဲ့ လိုအပ်တဲ့ ကျန်းမာရေးပညာပေးဟောပြောပွဲတွေ ပိုစတာတွေ ဖြန့်ဝေပေးပေမဲ့ သိပ်ထိရောက်မှုမရှိဘူး”ဟု ပြောဆိုခဲ့သည်။

HIV ရောဂါပိုး ပြန့်ပွားမှုကို ဟန့်တားစေသော ARTကုထုံးဖြင့် ကုသသော ဝေသနာသည်မှာ၂၀ ရာခိုင်နှုန်း အောင်သာ ရှိပြီး ၂၀၀၉ ခုနှစ် အထိ ၁၈၀၀ ယောက်သာ ရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဖော်ပြချက် အရ သိရှိရသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်