Tuesday, July 7, 2009

အနာဂတ်ကို လုယူဖျက်ဆီးခြင်း

Robbing the Future (Burmese)
မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အနီး တွင် ရုရှားနိုင်ငံမှ အထောက်အပံ့များဖြင့် တည်ဆောက် နေသော သတ္တုတွင်းတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများက တောင်တခုလုံးကို တူးဖော်လျှက်ရှိပြီး ထိုဒေသနေ ကျေးရွာလူထု ၇,၀၀၀ ကျော်၏ အိုးအိမ်များ ပျက်စီး ဆုံးရှုံးစေလိမ့်မည် ဖြစ်သည့်အပြင် အခြားလူထု ၃၅,၀၀၀ ကိုလည်း ထိခိုက် နစ်နာဖွယ် ရှိနေကြောင်း "အနာဂတ်ကို လုယူဖျက်ဆီးခြင်း" အမည်ရှိ ပအိုဝ်းလူငယ်အစည်းအရုံး PYO ၏ အထူးသုတေသနပြု လေ့လာချက် အစီရင်ခံစာတွင်အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သံရိုင်းသိုက်ကြီးကို မြန်မာစစ်အစိုးရနှင့် ရုရှားနိုင်ငံပိုင် ကုမ္ပဏီ တခုဖြစ်သည့် Tyazhpromexport တို့က တူးဖော်ရန် ပြင်ဆင်နေကြပုံကိုလည်း ဓါတ်ပုံများနှင်တကွ ဖော်ပြထား ပါသည်။

တည်ဆောက်နေဆဲ သံရည်ကြိုစက်ရုံသည်လည်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ၁၀ ကီလိုမီတာ ခန့်သာဝေးကွာသည်။ စက်ရုံသွားရာ လမ်း ဖောက်လုပ်ရာတွင် ရွာ ၃-ရွာကိုပြောင်းရွေ့ခဲ့ပြီး အာဏာပိုင်များက စိုက်ပျိုးမြေ ၁၁,၀၀၀ ဧကကိုလည်း သိမ်းပိုက်ခဲ့ပါသည်ဟု ဆိုပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်