Thursday, July 2, 2009

ခေတ်မှီဖွင့်ဖြိုးတိုးတက်နေသောနိုင်ငံကြီး နှာခေါင်းစည်း တောင်မလုပ်နိုင်ဘူး

နှာခေါင်းစည်း Mask များကို လေကြောင်းနှင့် နယ်စပ်မှ အမြန် တင်သွင်းမည်

2/Jul/2009

နှာခေါင်းစည်း Mask တင်သွင်းသည့် ကုမ္ပဏီများမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေရန်
လေကြောင်းလိုင်းနှင့် နယ်စပ်လမ်းကြောင်းမှ တရားဝင်အမြန်တင်သွင်းရန်စီစဉ်လျက်ရှိကြောင်းသိရသည်။မြန်မာ
နိုင်ငံတွင် နှာခေါင်းစည်းတင်သွင်းသောဆေးကုမ္ပဏီ(၁၀)ခုကျော်ရှိပြီး ယခင်က အဓိကပုံမှန် တင်သွင်းနေသည့်

ကုမ္ပဏီ၃၊ ၄ခုသာရှိကြောင်း ယခုအချိန်တွင် ယခင်ကတင်သွင်းရန် အစီအစဉ်မရှိသောကုမ္ပဏီများကိုလည်း တင်
သွင်းရန် မေတ္တာရပ်ခံထားကြောင်းသိရသည်။ အသင်းအနေဖြင့် ဈေးနှုန်းကိုသတ်မှတ်ဖို့ ခက်ခဲကြောင်း၊ ယခင်
ရောင်းဈေး ၅၀ကျပ်ဝန်းကျင်ခန့် ကနေ ၂ဆ၃ဆဖြစ်နေသည်ကို လက်ခံဖွယ်မရှိကြောင်း ဆေးပစ္စည်းကုမ္ပဏီများ
အနေဖြင့် လက်လီလက်ကားဝယ်ယူသူများကို ဈေးနှုန်း တည်ငြိမ်အောင်ရောင်းဖို့ ကုမ္ပဏီတွေက မေတ္တာရပ်ခံဖို့
တိုက်တွန်းထားကြောင်း၊ ယခုတွေ့ဆုံပွဲတွင် ကုမ္ပဏီတစ်ခုနှစ်ခုမှ အမြန် တင်သွင်းဖို့စီစဉ်နေပြီ၊ တချို့မှာ မှာထား
တာတွေလည်းအဆင်သင့်ဖြစ်နေပြီ။ လေကြောင်းနဲ့ရော နယ်စပ်ကနေအမြန်တင်သွင်းမည်ဟု ကုမ္ပဏီများကတင်
ပြထားကြောင်း ဒေါက်တာဝင်းစည်သူက ဆက်လက်ပြောသည်။ မြန်မာနိုင်ငံသည် နှာခေါင်းစည်းများကိုတရုတ်
နိုင်ငံမှ အဓိကတင်သွင်းခြင်းဖြစ်သည်။ ဆေးပစ္စည်းကုမ္ပဏီများမှပြည်တွင်း ဝယ်လိုအား မည်မျှရှိသည်ကို ယခုအ
ချိန်တွင် ခန့်မှန်းရန် ခက်ခဲနေကြောင်း ၂၀၀၉ခုနှစ် ဇူလိုင်လ ၃ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင်ဖော်
ပြထားပါသည်။
http://www.khitlunge.org.mm/news/news_detail.aspx?info_id=15016

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်