Thursday, July 2, 2009

လူတုပ်ကွေး ကပ်ရောဂါ ကာကွယ်သည့် အပိုင်းကိုသာ အထူး ဂရုပြုရန်လို


ဒါက 0nline ကြေးမုံသတင်းစာ ဆိုက်ကပါ။ ကိုယ့်ဖာသာကိုယ်..အစိုးရခေါ်တဲ့ နအဖက ..ကျောမွဲပြည်သူကို ဒါလေးပြောရုံလုံလောက်ပြီလား..
မျက်နှာဖုံး ဖိုးမပြောထားနဲံ စားဖို့တောင်မတတ်နိုင်တဲ့ကလေးတွေ အတွက် ဘာအစီအစဉ်တွေ ရှိပါသ လည်း။ ဆေးရုံတွေ အဆင်သင့်ရှိပါသလား..ဆေးတွေ အဆင်သင့်ရှိပါသလား။ အပြင်မှာဝယ် သောက်ရမဲ့ ဆေးကရော..အစစ်အမှန်ဖြစ်ပါရဲ့လား..
လေက ကူးမဲ့ air borne disease ဖြစ်တာမို့  ပိုပြီးပြန့်နှံရလွယ်ပါတယ်။ မိမိကလေးရဲ့ ကျောင်းပတ်ဝန်းကျင် ကရော..ဘယ်လောက်စိတ်ချသန့် ရှင်းပါ့မလဲ။ ကျောင်းတံခါးဝ လူအများသုံးတဲ့ လက်ကိုင်ဖုကို ဆေးဖြန်းမဲ့သူက ဘယ်သူပါလည်း။ မျက်နှာဖုံးကို ရောဂါဖြစ်သူဘဲ တတ်ရင်ရ တယ်ဆိုတော့ တခြားနေကောင်းတဲ့ကလေးတွေ တတ်စရာမလိုဖူးတဲ့ သူတို့ ဘဲ ဥာဏ်ကြိးရှင် တွေပါ။ ကဲ နေမကောင်းတဲ့ကလေးက မျက်နှာဖုံးတတ်ထားရာက ပူလာတယ်ဆိုပြီး ချွတ်လိုက် ရင်..မျက်နှာ ဖုံးဖယ်ပြီး ချေဆတ် လိုက်ရင်..အပြစ်မဲ့ ဘေးလူတွေ ကူးကုန်မှာပေါ့။ ဒါဆို ခေါင်းစဉ်တတ်ထာတဲ့ ကာကွယ်ရေးအပိုင်းကို အလေးထားဆောင်ရွက်ရမယ်ဆိုတာ ဘာကိုဆိုလိုပါသလည်း။

မြန်မာပြည်မှာ ကျပ်ထုတ်တဲ့ bus ကားတွေ ထဲ ရင်ခွင်အပ်စီးနေရပါတယ်.ဒီ bus ထဲမှာ ကားလက်ရမ်း ကို ခရီးစဉ်တခုထဲ ထောင်ပေါင်းများစွာသောသူတွေ ကိုင်တွယ်နေကြပါတယ်။ ဘယ်သူ ပိုးသတ်ပါမည် လည်း။ မြန်မာတွေ တံတွေးတဗျစ်ဗျစ်..ထွေးချင်ရာထွေး ကွမ်းတံတွေး ထွေးချင်ရာ ထွေးတဲ့အကျင့် ..ပလပ်စတစ်ထဲ mask အဟောင်းထဲ့ လွှင့်ပစ်တယ်ဘဲ ထား..ပညာမတတ်တဲ့ကလေးတွေ ကဒီပလပ်စတစ်ကို ကောက်ကြဦး မယ်..တွေးကြည့်ရင်ဗျာ..
ရင်မောစရာပါဘဲ ဒီမှာဖတ်ကြည့်ပါဗျာ

လူတုပ်ကွေး ကပ်ရောဂါ ကာကွယ်သည့် အပိုင်းကိုသာ အထူး ဂရုပြုရန်လို
2/Jul/2009

ရောဂါကူးစက်မှုမရှိစေရန် အတွက်အဓိကလက်ကိုဆေးရန်နှင့် နှာခေါင်းစည်းတပ်ရန် လိုအပ်ကြောင်း၊ ဖျားနာသူ ကိုင်ထားသည့် ပစ္စည်းများကို မကိုင်ရန်နှင့်ကိုင်မိလျှင်လက်ဆေးရန်၊ အရက်ပြန်နှင့် ပွတ်ရန်လိုကြောင်း၊ လူတုပ်ကွေးပိုးသည် စိုစွတ်သည့်နေရာတွင် အချိန်ကြာကြာနေထိုင်ကြောင်း၊ လူအများသုံးသည့် တံခါးလက် ကိုင်ဘု၊ လှေကားလက်ရန်းတို့ကိုပိုးသတ်ဆေးဖြန်းရန်၊ နှာခေါင်းစည်းMask အားအလယ်မှ လက်နှင့် မကိုင် ဘဲကြိုးမှ ကိုင်တွယ်အသုံးပြုရန် တစ်ခါသုံး နှာခေါင်းစည်းကို တစ်ခါအသုံးပြုပြီးပါက အိတ်ဖြင့် သီးသန့်ထည့်ပြီး လွှင့်ပစ်ရန်၊ ပြန်အသုံးပြုနိုင်သည့် နှာခေါင်းစည်းမျိုး ဆှိုလျှင်လည်း ပိုးသတ်ဆေးပါသည့် ဆေးရည်ဖြင့် လျှော်သုံး ရန် လူများ သည့်နေရာကိုမသွားရန်နှင့် ဆေးရုံဆေးခန်းများကိုသွားပါကလည်းဟိုကိုင်ဒီကိုင် မလုပ်ရန် လိုကြောင်း သိရသည်။
လူတုပ်ကွေးဟုသေချာလျှင် Tamiflu သောက်ဆေးကို ၅ရက်ခန့်သောက်ရမှာဖြစ်ပြီး ၄င်းဆေးမှာ ဘေးထွက်ဆိုးကျိုးရှိသော ကြောင့် မသေချာလျှင်တော့မသောက်ရကြောင်း၊ လူတုပ်ကွေးသည် လူတိုင်းကို ဒုက္ခပေးခြင်း မဟုတ်ဘဲ အသက်ကြီးသူများ၊ အသက်ငယ်သည့် ကလေးများ၊ နှလုံးရောဂါရှိ သူ၊ အသက်ရှု လမ်းကြောင်းရောဂါရှိသူများ၊ ကိုယ်ခံအားမကောင်းသူများ စသည်လူများတွင်သာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ၄င်းရောဂါသည်ကြက်ငှက်တုပ်ကွေးရောဂါလောက် မပြင်းထန်ဘဲ သေသည့်လူနာလည်း နည်းကြောင်းသိရသည်။ ကမ္ဘာ့လူတုပ်ကွေး ကပ် ရောဂါကြိုတင်ကာကွယ်ရန်အတွက် လူထူထပ်ရာ နေရာများ၊ ရုံးများ၊ ဈေးများစာသင် ကျောင်းများအားလုံး ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းထားပြီး Mask တပ်ဆင်မှုကို တော့ စာသင်ခန်းအတွင်းအားလုံး တပ်ဆင်စရာမလိုဘဲနေထိုင်မကောင်းဟု ယူဆရသူသာ တပ်ဆင်ရမှာဖြစ်ကြောင်းသိရသည်။ ကျောင်းသားကျောင်းသူများအား ကမ္ဘာ့ လူတုပ်ကွေးကာကွယ်ရေးအတွက် ဟောပြောပွဲ များ ပြုလုပ်ပေးပြီး ကျောင်းနံရံများတွင် လည်း ကမ္ဘာ့လူတုပ်ကွေး သတိပေးချက်များ ထုတ်ပြန်ထားကာချောင်းဆိုးလျှင် လက်ကိုင်ပဝါတစ်သျှူးစက္ကူများ အသုံးပြုရန်လိုအပ်ကြောင်း လည်းကြေညာ ထားကြောင်း၊ ထို့အပြင်လူအများစုရုံးရာရုပ်ရှင်ရုံများတွင်လိုအပ်လာပါက A(H1 N1) ဆိုင်ရာရှောင်ရန်၊ ဆောင်ရန်များကို သတိပေးစာများချိတ်ဆွဲခြင်း၊ သို့မဟုတ် ပါးစပ်၊ နှာခေါင်းစည်းများပါ စီစဉ်ပေးမည်ဖြစ်
ကြောင်း ဝဇီရာရုပ်ရှင်ရုံမန်နေဂျာ ဦးတင်လှကပြောသည်။ “မိမိတို့ရုံးမှာ အစည်းအရုံးပိုင်ဖြစ်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး မှဖြစ်စေ၊ ရုပ်ရှင်လုပ်ငန်းမှဖြစ်စေ၊ ညွှန်ကြားလာပါက လုပ်ဆောင် သွားမည်ဖြစ် ကြောင်းပြောကြားသည်။ လူတွင်ကူးစက်သောရောဂါတွင်မူ ရောဂါ လက္ခဏာပြပြီး နှစ်ရက်အတွင်း ဆေး ကုသမှု ခံယူပါက အထိရောက်ဆုံးဖြစ်သည်။ ဆေးကုသမှုအပြင် နေအိမ်သို့မဟုတ် ဆေးရုံတွင် အဖျားမတက် အောင်ထိန်းချုပ်ပေးခြင်းနှင့်အရည်မျှခြေကို ထိန်းသိမ်းပေးခြင်း ကိုပြုလုပ်ရန် လိုအပ်သည်။ ၄င်းရောဂါ ကိုကြိုတင်ကာကွယ်ရန်အတွက် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနများက တာမီဖလူသို့မဟုတ် ရီလန်ဇာကို ၄င်းဝေဒနာသည်များအားတိုက်ကျွေးရန် အသုံးပြုသင့်သည်ဟု အကြံပြုထားကြောင်း ၂၀၀၉ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ထုတ် Popular News ဂျာနယ်တွင်ဖော်ပြထားပါသည်။

http://www.mirror.dom.ir/
လူတိုင်းမဖြစ်၊ ဖြစ်တိုင်း မသေဘူး။ ဒါပေမယ့် ကိုယ်ခံစွမ်းအား ကောင်းဖို့လိုတယ်

2/Jul/2009

E-Mail this article Printable Version


အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများတွင် A/H1 N1တုပ်ကွေးပျံ့နှံ့ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှု
နှုန်းမြင့်မား လျက်ရှိနေသော်လည်း မြန်မာနိုင်ငံရှိ A/H1 N1 ပျံ့နှံ့မှုမှာမူ H5N1 (ကြက်ငှက်တုပ်ကွေး) တုန်းကကဲ့သို့ အခြားနိုင်ငံများလို လျင်မြန်စွာပျံ့နှံ့မှုမဖြစ်နိုင်ဘဲ မြန်မာလူမျိုးတို့၏ပင်ကို ကိုယ်ခံစွမ်းအား အရည်အသွေးနှင့် ဆက်စပ်မှုရှိနေကြောင်း ကျန်းမာရေးပညာရှင်များက သုံးသပ်ခဲ့ကြပါသည်။ `အခုဖြစ်ပွားနေတဲ့ A/H1 N1က လူတိုင်းမဖြစ်ပွားနိုင်ဘူး။ ဖြစ်ပွားသူတိုင်းလည်းမသေဆုံးနိုင်ပါဘူး။ မြန်မာလူမျိုးတွေရဲ့ပင်ကိုကိုယ်ခံစွမ်းအားအရည်အသွေး ကလည်း မြင့်မားတဲ့အနေ အထားမှာရှိနေ တယ်။ တော်ရုံတန်ရုံရောဂါပိုးကိုခုခံနိုင်တဲ့ကိုယ်ခံအားကရှိပြီးဖြစ်တယ်။
တခြားနိုင်ငံက လူတွေခံနိုင်ရည်အားနည်းတဲ့ ရေကြောင့်ဖြစ်တဲ့ရောဂါ၊ အစားအသောက် ကဖြစ်တဲ့ ရောဂါပိုးတွေကို မြန်မာလူမျိုးတွေရဲ့ နေထိုင်စားသောက်မှုဓလေ့စရိုက်နဲ့ ရေခံမြေခံအနေအထားအရ ယဉ်ပါးမှုရှိပြီးပြင်းထန်ဆိုးဝါးတဲ့ ထိခိုက်မှုတွေမဖြစ်ခဲ့ဘူး။ ပြီးခဲ့တဲ့နာဂစ်မုန်တိုင်းတုန်းက အခြေအနေမျိုးမှာတောင်ဘယ်လို ရှင်သန်နေထိုင်ခဲ့သလဲ ဆိုတာကြည့်ရင်သိနိုင်တယ်။ အဲဒီလို အခြေအနေဖြစ်ခဲ့ပေမယ့် ဆိုးဆိုးရွားရွားမဖြစ်ခဲ့ဘူး။ကျွန်တော်တို့လူမျိုးတွေက ပင်ကိုကိုယ်ခံ စွမ်းအား ကောင်းကြပါတယ်´ ဟု ဒေါက်တာ သိန်းမြင့် ကပြောကြားခဲ့သည်။ ( အဲဒီဆရာဝန် ကို နိုဗယ်ဆု သာစာရင်းတင်ပေးကြပါဗျို့ ။ တော်လွန်းလို့  )
မြန်မာနိုင်ငံတွင် ပထမဆုံး A/H1 N1ရောဂါဖြစ်ပွားမှုအဖြစ် စင်ကာပူနိုင်ငံမှပြန်လာသော အသက် ၁၃ နှစ်အရွယ်ကျောင်းသူတစ်ဦး တွင် တွေ့ရှိခဲ့သည် ဟု ဇွန်လ ၂၇ရက်နေ့ထုတ်နိုင်ငံပိုင်သတင်းစားများတွင် ဖော်ပြခဲ့ပြီးနောက် ပိုမို အားရုံစိုက်လာသည့် ပြည်သူများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ရန်မလိုဘဲ သတိထားရန်သာလိုအပ်ကြောင်း၊ကြိုတင်ကာကွယ်သည့်အနေဖြင့် လေဆိပ်များ၊ အဲယားကွန်း အခန်းများ၊ စတိုးဆိုင်များ၊ ကုန်တိုက်များ ကဲ့သို့သော လူအများဝင်ရောက်သွားလာမှုများပြားသော နေရာများတွင် Surgical Maskများကိုမဖြစ်မနေတပ်ဆင်သင့်ကြောင်း၊မည်သည့်
တုပ်ကွေး တွင်မဆိုဖြစ်ပွားမှုရှိလျှင် ဆေးကြောင့်ရောဂါ ပျောက်ကင်းသည်ထက်ပင်ကို ကိုယ်ခံ စွမ်းအားကြောင့်ပျောက်ကင်းသည်က ပိုမိုများပြားခြင်းကြောင့် ရှိပြီးသားကိုယ်ခံစွမ်းအားကို ထိန်း သိမ်း ခြင်း နှင့်ကိုယ်ခံစွမ်းအားပိုမိုမြင့်မားလာစေရန် ပြုမူနေထိုင်စားသောက်ခြင်းများကို လုပ်ဆောင်ကြရ မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက လူဦးရေ သိပ်သည်းမှုနည်းတော့ ကူးစက်ဖို့အခွင့်အရေး နည်းမယ်လို့ ယူဆပါတယ်။ ပြည်သူတွေ အနေနဲ့ကြိုတင်ကာကွယ်ပါ၊ အရမ်းကြီး ကြောက်နေဖို့ မလိုပါကြောင်း ၂၀၀၉ခုနှစ်ဇူလိုင်လ၃ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်