Monday, July 13, 2009

ဗမာ့ ရိုးရာဓါတု အစားအသောက်များ

ငရုတ်သီးမှုန့်၊ ငါးပိနှင့် ငါးပိထောင်းများတွင် စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေး တွေ့ရှိ NEJ / ၁၃ ဇူလိုင် ၂၀၀၉
ပြည်တွင်းဈေးကွက်များတွင် ရောင်းချနေသော ငရုတ်သီးမှုန့်၊ စိမ်းစားငါးပိနှင့် ငါးပိထောင်းများတွင် အနီရောင်ဆိုးဆေး (Rodamine B) ပါဝင်သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူများအား အသိပေးကြေညာချက် ထုတ်ပြန်လိုက်သည်။

ဓာတုဆိုးဆေးဖြစ်သည့် (Rodamine B) ကို စားသုံးမိပါက အစာအိမ်အူလမ်းကြောင်း ရောင်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်းတို့အပြင် ရေရှည်တွင် ကင်ဆာရောဂါဖြစ်စေနိုင်ခြင်းတို့ကြောင့် (Rodamine B) ပါဝင်သော အစားအသောက်များကို မစားကြရန် ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

(Rodamine B) ပါဝင်သော စိမ်းစားငါးပိများမှာ ဧရာရှယ်၊ ရွှေပုဇွန်၊ ကောင်းသန့်၊ ပုစွန်သုံးကောင် စသည့် အမှတ်တံဆိပ်ပေါင်း (၂၀) တို့ဖြစ်ပြီး ငရုတ်သီးမှုန့် အမှတ်တံဆိပ်များမှာ ရွှေငြုပ်မြိုင်၊ ရသာမွန်နှင့် မမျိုး အရောင်တင်မှုန့် (၃) မျိုးနှင့် မန္တလေးဈေးချို ပန်းတန်းရုံသစ်၊ ဆိုင်အမှတ် (၃၁) မှ ငရုတ်သီးအကြမ်းမှုန့်ဆိုင်တို့ပါဝင်ကာ ငါးပိထောင်းအမှတ်တံဆိပ်များမှာ ရှယ်၊ မိုးတိမ်လွှာ၊ စုလေးနှင့် လှိုင်ဖြိုး အမှတ်တံဆိပ်တို့ ဖြစ်ကြသည်။

အထက်ပါ အမှတ်တံဆိပ်များဖြင့် ထုတ်လုပ်ရောင်းချသူများသည် အစားအသောက်တွင် သုံးရန်ခွင့်မပြုသည့် ဓာတုဆိုးဆေးများ ကို အသုံးမပြုကြရန်နှင့် မလိုက်နာပါက သက်ဆိုင်ရာမှ အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈ (က) အရ တရားစွဲ အရေးယူမည်ဟု ထုတ်ပြန်ကြေညာထားသည်။

ပြီးခဲ့သည့် ဧပြီလကလည်း ငါးပိနှင့် ငါးပိထောင်းများတွင် အနီရောင်ဆိုးဆေး (Rodamine B) ပါဝင်သည်ကို တွေ့ရှိရသဖြင့် ဆက်လက်သုံးစွဲနေပါက လုပ်ငန်းရှင်များကို အရေးယူမည်ဟု စစ်အစိုးရက ကြေညာခဲ့သည်။

အလားတူ ပြီးခဲ့သည့် မတ်လအတွင်းကလည်း ပြည်သူများစားသုံးသည့် လက်ဖက်အမျိုးအစား တံဆိပ် (၅၀) ကျော်တွင် အ၀ါရောင် ဓာတုဆိုးဆေး (Auramine o) ပါဝင်နေသည့်အတွက် စားသုံးရန်မသင့်ကြောင်း စစ်အစိုးရ သတင်းစာများမှ သတိပေးကြေညာခဲ့သည်။

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်